Tuesday, March 28, 2017

Articles



Articles
=====
အင်္ဂလိပ်စာမှာ article အသုံးက အရေးကြီးတာမို့ မသိမဖြစ်သိသင့်တာတွေကို စုစည်းရေးသားလိုက်ပါတယ်။ စာရေးတဲ့အခါ Wren & Martin၊ ဆရာဦးသာနိုး၊ Michael Swan တို့ရဲ့စာအုပ်တွေထဲက ကောင်းနိုးရာရာတွေကို ထည့်သွင်းသွားပါမယ်။
Article နဲ့ပတ်သက်လို့ အခြေခံအကျဆုံးနားလည်ရမှာလေး အရင်ကြည့်ကြမယ်။
◊ ဘယ်သူ၊ ဘယ်အရာကို ရည်ညွှန်းမှန်း သိရင် Noun ရဲ့ရှေ့မှာ the ထည့်ရမယ်။

◊ ဘယ်သူ၊ ဘယ်အရာကို ရည်ညွှန်းမှန်း မသိရင်-
• တစ်ခုကိန်းနာမ် (singular noun) တွေရှေ့မှာ a/an ထည့်ရမယ်။
• အများကိန်းနာမ် သို့မဟုတ် ရေတွက်မရတဲ့ နာမ်တွေရှေ့မှာ article မထည့်ဘူး။
ဥပမာဝါကျတွေပါတဲ့ ပုံကိုကြည့်ပါ။
အသေးစိတ်ကြည့်ကြမယ်။
A, An အသုံးပြုပုံ
==========
◊ တစ်ခု၊ တစ်ကောင်၊ တစ်ယောက်ဆိုတဲ့ အဓိပ္ပာယ်နဲ့ a/an သုံးရတယ်။ (လွယ်လွယ်လေးပဲနော်)
ဥပမာ-
a table
a person
an ant
The အသုံးပြုပုံ
=========
ဒီလိုအခြေအနေတွေမှာ the သုံးပါ။
(1) ဘယ်သူ၊ ဘယ်အရာကို ရည်ညွှန်းပြောမှန်းသိရင်။
The car is ready.
Let’s go to the park.
The girl cried.
(2) တစ်ခုကိန်းနာမ် (singular noun) တစ်ခုက အုပ်စုတစ်ခုလုံးကို ရည်ညွှန်းတယ်လို့ အဓိပ္ပာယ်ရရင်။
The cow is a useful animal.
The cat loves comfort.
The rose is the sweetest of all flowers.
(3) အောက်ပါ နာမ်တွေနဲ့ the သုံးပေးရမယ်။
မြစ်  (the Nile)
ပင်လယ် (the Red Sea)
သမုဒ္ဒရာ (the Pacific)
တူးမြောင်း (the Suez Canal)
ကျွန်းစု (the West Indies)
သဲကန္တာရ (the Sahara)
တောင်တန်း (the Himalayas)
(4) တစ်ခုတည်းရှိတဲ့အရာတွေ။
the sun, the sky, the moon, the earth
(5) တူရိယာပစ္စည်းတွေရဲ့ ရှေ့မှာ။
He can play the flute.
တခြားအသေးစိတ်အချက်တွေရှိပါသေးတယ်။ လောလောဆယ် ဒါတွေပဲ အရင်မှတ်ထားပေါ့နော်။
Article မသုံးရသည့်နေရာများ
================
ဒီလိုအခြေအနေတွေမှာ the မသုံးရဘူး။
(1) ယေဘုယျသဘောနဲ့ပြောတဲ့ အရာဝတ္ထုတွေရဲ့ နာမည်နဲ့ဆိုရင်။
Sugar is bad for your health.
Gold is a precious metal.
Honesty is the best policy.
(2) ယေဘုယျပြောတဲ့ အများကိန်း နာမ်တွေနဲ့ဆိုရင်။
Children like chocolate.
Computers are used in many offices.
(3) နာမည်အများစုရဲ့ ရှေ့မှာ။
Aung San, Europe, Mount Everest
(4) နေ့စဉ်နဲ့အမျှ သွားလာကြုံတွေနေကျဖြစ်လေ့ရှိတဲ့ အောက်ပါနေရာတွေ-
school  ကျောင်း (ကျောင်းသားအဖို့)
market  ဈေး (အိမ်ရှင်မတွေအဖို့)
home  အိမ် (အိမ်မှာနေသူအဖို့)
bed  အိပ်ရာ (အိပ်နေကျသူအဖို့)
churh ဘုရားရှိခိုးကျောင်း (ခရစ်ယန်တွေအဖို့)
hospital  ဆေးရုံ (လူနာများအဖို့)
town  မြို့ (ပုံမှန်ကူးလူးသွားသူအဖို့)
prison  အကျဉ်းထောင် (အကျဉ်းသားများအဖို့)
sea  ပင်လယ် (သင်္ဘောသားများအဖို့)
ဒီလောက်ဆိုရင် Article နဲ့ပတ်သက်လို့ သိသင့်သိထိုက်တာ နားလည်လောက်ပါပြီ။ Articles တွေ ထိထိရောက်ရောက် အသုံးချကြစို့နော်။



အင်္ဂလိပ်​စာ အတိုအစများ

No comments:

Post a Comment