Saturday, April 29, 2017

This နှင့် That ကို Adjective နှင့် တွဲသုံးသည်ကို

ငယ်ငယ်တုန်းက သင်ဖူးကြပါတယ် ၊
This - ဒီအရာ
That - ထိုအရာ
အဲ့သည့်နောက် This bag - ဒီအိတ် That bag - ထိုအိတ် သုံးလာနိုင်ကြသည် ။

ယခု ထို This နှင့် That ကို Adjective နှင့် တွဲသုံးသည်ကို ပြောပြချင်ပါတယ် ။ မြင်လည်း မြင်ဖူးကြမှာပါ ။

This Adjective " ဒီလောက် Adjective"
That Adjective "အဲ့လောက် adjective"  ဘာသာပြန်နိင်ပါသည် ။
သို့သော် "That Adjective" ကို အငြင်း စကားနှင့်တွဲ၍ အများအားဖြင့် သုံးကြပါသည် ။
ထို့်အပြင် this နှင့် that ကိုလည်း singular noun များနှင့် တွဲသုံးကြသည် ။

Example for THIS Adjective

Why do you love me this much?
မင်း ဘာလို့ ငါ့ကို ဒီလောက်တောင် ချစ်တာလဲ။

(Much ကို အငြင်းစကားနှင့် တွဲသုံး များသော်လည်း  ဤနေရာတွင်လည်း သုံးနိုင်သည်)

Ohhh is it this cute?
အို့. . . ဒါ ဒီလောက်တောင် ချစ်ဖို့ ကောင်းတာလား။

I wanna go this far ( As he looked at a map)
ငါ ဒီလောက် ဝေးဝေး သွားချင်တယ် (မြေပုံကြည့်နေစဉ်)

Examples for THAT Adjective

I never knew he is that bad.
သူ အဲ့လောက်ဆိုးမယ်လို့ ငါ ဘယ်တော့ကမှ မသိခဲ့ဘူး

It is not that expensive.
ဒါ အဲ့လောက် ဈေးမကြီးပါဘူး

No,  I am not that outstanding.
မဟုတ်ဖူး ၊ ငါ အဲ့လောက်ကြီး မထူးချွန်ပါဘူး ။

You can touch it. It is not that hot.
မင်း ကိုင်လို့ရပါတယ် ၊ အဲ့ဒါ အဲ့လောက်မပူဘူး

Everything is fine.  Not that tough.
အားလုံး အဆင်ပြေပါတယ် ၊ အဲ့လောက် မကြပ်တည်းပါဘူး
#pikaSHARING

Get- အသုံး

Get- အသုံး
▄▄▄▄▄
Get a job အလုပ်ရသည်
Get a shock ဓာတ်လိုက်ခံရသည်
Get angry စိတ်တိုလာသည်
Get divorced ကွဲရှင်းပြတ်စဲသည်
Get drunk အရက်မူးသည်
Get frightened ကြောက်သည်
Get home အိမ်ပြန်ရောက်သည်
Get lost လမ်းပျောက်သည်
Get married အိမ်ထောင်ပြုသည်
Get nowhere ဘယ်မှ မရောက်
Get permission ခွင့်ရသည်
Get pregnant ကိုယ်ဝန်ရသည်
Get ready အဆင်သင့်ဖြစ်သည်
Get started စတင်သည်
Get the impression အထင်ကြီးခံရသည်
Get the message မက်ဆေ့ဂ်ျစာရသည်
Get the sack အလုပ်ဖြုတ်ခံရသည်
Get upset စိတ်ထိခိုက်သည်
Get wet စိုရွဲသည်
Get worried စိုးရိမ်သည်

#shweaeimsidictoonary

နေ့စဉ် သုံးနေတဲ့ " Have " ဆိုတဲ့ စကားလုံး လေးကို ပိုမိုကျယ်ပြန့် လွယ်ကူစွာ အသုံးချကြည့်ရအောင် ( ၁ )

နေ့စဉ် သုံးနေတဲ့ " Have "  ဆိုတဲ့ စကားလုံး လေးကို ပိုမိုကျယ်ပြန့် လွယ်ကူစွာ အသုံးချကြည့်ရအောင်  ( ၁ )

မင်္ဂလာပါဗျာ ...
Active English သင်တန်းက တင်ဆက်တဲ့
ဒီ သင်ခန်းစာကတော့
Have ကို သာမန် အသုံး မျိုး သာမကဘဲ ပိုပြီး
လွယ်လွယ်ကူကူ တွင်တွင်ကျယ်ကျယ် သုံးနိုင်စေဖို့ ရည်ရွယ်ပါတယ် ...

ဥပမာ စာကြောင်းလေးတွေကို နမူနာယူပြီး
ပေးထားတဲ့ စကားလုံးတွေ နဲ့ အစားထိုးလေ့ကျင့်နိုင်ပါတယ် ...
( လွယ်လွန်းတဲ့ စကားလုံးတွေကိုတော့ ဘာသာ မပြန်ပေးပဲ ထားလိုက်ပါတယ် ....
ဒါမှ English Language ကို လေ့လာတဲ့ နေရာမှာ
ပိုမိုမှန်ကန် မြန်ဆန်စေတဲ့ အလေ့အထကောင်း တစ်ခု မွေးမြူပြီး ဖြစ်စေမှာပါ )

1. Have နဲ့ အစားအသောက် တွေနဲ့ တွဲလိုက်ရင် စားသည် ၊ သောက်သည် ဆိုတဲ့ အဓိပ္ပါယ်မျိုး ပေါ့...
Have a drink / tea,coffee / something to drink
Have a sandwich / an ice-cream /some cheese / bread / something to eat
*** I always have coffee and bread for breakfast.
-ကျွန်တော် မနက်စာကို ကော်ဖီ နဲ့ ပေါင်မုန့် စားတယ်ဗျ ။

2. Have ကို သုံးပြီး မနက်စာ ၊ နေ့လည် စာ ၊ ည စာ စားတာကို လည်း ပြောလို့ ရပါသဗျာ...
Have breakfast /lunch /dinner / a meal /
*** What do you have for lunch ?
-နေ့လည်စာ ခင်ဗျား ဘာစားသလဲဗျ  ။

3. Have ကို တွေ့ဆုံပွဲတွေ ၊ ပြိုင်ပွဲတွေ မှာ လည်း သုံးလို့ ရသဗျာ...
Have a meeting / a competition / a game / a party
*** Do you want to have a game of football ?
- မင်း ဘောလုံးပွဲမှာ ကစား ဝင်ကစားချင်လား ။
*** We must have a meeting to talk about this problem.
- ဒီ ပြသနာ အကြောင်းပြောဖို့ ငါတို့ အစည်းအဝေး လုပ်ရမယ် ။

4. အိမ်စာ ၊ သင်ခန်းစာ ၊ ချိန်းဆိုမှူ တွေမှာလည်း သုံးပါသဗျာ ...
Have a lesson / homework / an exam / an appointment (with the lawyer, etc... )
*** I have an exam tomorrow, so I have to study tonight.
- မ နက်ဖြန် စာမေးပွဲ ဖြေစရာ ရှိလို့ ဒီညတော့ ကျွန်တော် စာ လုပ်ရမယ် ။
*** I have an appointment with the lawyer at 5 P.M.
- ညနေ ၅ နာရီမှာ ရှေ့နေနဲ့ ချိန်းထားတာ ရှိတယ်ဗျ ။

5. ရေကူးတာ ၊ ရေချိုးတာ တွေ နဲ့ လည်း သုံးပါတယ်ဗျာ...
Have a shower / a bath / a swim / a sauna
*** The hotel has a swimming pool, so we can have a swim every day.
- ဒီ ဟိုတယ်မှာ ရေကူးကန်ရှိတော့ ငါတို့ နေ့တိုင်း ရေကူးနိုင်တာပေါ့ ။
*** Why don't you have a sauna ?
- ရေနွေးငွေ့ နဲ့ ဘာလို့ ချွေးမထုတ်သလဲဗျ ။

>>>>>>>>>>>>>>>>>>>>>>>

လေ့လာ တာလေးပြီးရင်တော့ အောက်က လေ့ကျင့်ခန်းလေးတွေ
ကွက်လပ်ဖြည့်ပြီး ဖြေဆို လေ့ကျင့်နိုင်ပါတယ်ဗျာ :)

1. We can have ......... before the film, or we can eat after it.
2. I am going to the cafeteria to have a ...... Do you want to come?
3. David's having a ....... on Saturday. Are you going ?
4. Do you want to have a ..... ? The bathroom's just here.

................................
Resource : Cambridge University Press

" Have "နဲ့ ပတ်သတ်လို့ ကျန်တဲ့ အသုံး အနှုန်းလေးတွေကို လည်း
နည်းနည်း ချင်း တင်သွားပေးပါမယ်ဗျာ ...
အားပေးကြပါဦး ... :)

" English ဘာသာစကား က တွန်းဖွင့်ပေးလိုက်တဲ့ တံခါးကနေ
အောင်မြင်မှူဆီ ရဲရဲရင့်ရင့် လျှောက်လှမ်းသွားနိုင်ပါစေဗျာ .... "

လေးစားလျှက်
ကိုဇင်ဇေ
www.facebook.com/activelearningmyanmar

အပိုင်း(၃) ဝါကျ ရေးနည်းအကျဉ်း

အပိုင်း(၃)

ဝါကျ ရေးနည်းအကျဉ်း

နောက်ဆှုံးကိုကြည့်  ကြိယာရှိ
ကာလနဲ့ညှိ(Tense)
ကတ္တားကို ကြည့် ကိန်းနဲံ့ညှိ(Number)
ဝါကျပုံစံအစဉ်သိ (Patten)
ကတ္တားပြီးတော့  ကြိယာ စဉ်တွဲစရေးပါ။

Am is are အသုံး ကဗျာ

ပစ္စုပ္ပန်မှာ  ဖြစ်နေတာ
ပစ္စပ္ပာန်မှာ  တစ်နေရာရာမှာ ရှိနေတာ
Present  simple tense      am is are
တစ်ခုကိန်းဆို   is   နဲ့တွဲ
အများကိန်းဆို  are   နဲ့ပဲ
အေအမ်မ်  am က I  နဲ့ မခွဲ
I  am      you are

အငြင်းဝါကျ  ပြုလိုက
am  is  are  နောက်  not ထည့်ရ ။

လားမေးခွန်း ပြုချင်လို့ 
am  is  are ကို ရှေ့ သို့ ပို့ 

လဲမေးခွန်း   လုပ်ရင်ကွဲ့
လား မေးခွန်း ပုံစံရဲ့
Wh-,How ကို ရှေ့ဆုံးထည့်။
ပြုလုပ်သူ ကတ္တားမေးရင်တော့
ကတ္တားနေရာ Wh-Howကို ထည့်လိုက်ပေါ့ ။

မေးခွန်းဝါကျ ဆိုရင်ကွယ်
ကွက်ရှင်မတ် ? နဲ့ ဆုံးရမယ်။

Patten

(1) ကတ္တား+ဖြစ် ကြိယာ+ဖြည့်စွက်ပုဒ်+ နေရာ+အချိန်
    Sub+be(am is are)+complement+  p + t…(ဖြစ်)
(2)ကတ္တား+ရှိကြိယာ+နေရာ+အချိန်
    Sub+be(am is are)+ p+t (တစ်နေရာရာမှာရှိ)
(3)There+ရှိကြိယာ+ရေတွက်/ပမာဏ နာမ်+နေရာ+အချိန်
   There+be(am is are)+ရေတွက်/ပမာဏ N+p+t
    (တစ်နေရာရာမှာရှိ)
(4) ကတ္တား+ရှိ ဖြစ်ကြိယာ+သောဆုံးတဲ့နာမဝိသေသန+---
    Sub+be(am is are)+ adj(သော)+-----
     ( သောကိုသည်လုပ်  verb to be ရှေ့ကထုတ်)

ဥပမာ
    ဖြစ်သည်ပုံစံ
    ၁။သူတို့က ကျောင်းသားတွေ ဖြစ်ကြသည်။
    နောက်ဆုံးကိုကြည့်  ကြိယာရှိ        ဖြစ် ကြိယာ
    ကာလနှင့် ညှိ     present simple   am  is  are
    ကတ္တားကိုကြည့် ကိန်းနှင့်ညှိ   သူတို့ They အများ are နဲ့တွဲ
    ဝါကျ ပုံစံအစဉ်သိ  S be C
    ကတ္တားပြီးတော့ ကြိယာ စဉ်တွဲစရေးပါ  They  are
    They  are  students.
    ၂။သူတို့  ကျောင်းသားတွေ မဟုတ်ကြဘူး။
    ၃။သူတို့ က  ကျောင်းသားတွေလား။
    ၄။သူတို့ က( ဘာတွေလဲ။) ဘာလုပ်သလဲ။
    ၅။ဘယ်သူတွေက  ကျောင်းသားတွေလဲ။
    ၆။ သူတိုက ဘယ်သူတွေလဲ။

    ရှိသည်ပုံစံ (တစ်နေရာရာမှာရှိ)
    နေရာပြပုဒ် ဖွဲ့စည်းခြင်း (မူလတန်းအဆင့်)
    in အထဲတွင် on အပေါ်တွင် under အောက်မှာ
    in front of ရှေ့ မှာ near အနီးမှာ here ဒီမှာ there ဟိုမှာ
    စသည်တို့ ကို   ကျက်ခိုင်းပါသည်။

အိမ်မှာ at home
ကားမှတ်တိုင်မှာ at the bus stop
တက္ကသိုလ်မှာ at the university
စားပွဲပေါ်မှာ on the/a table
သစ်ပင်အောက်မှာ under the/a  tree
မီးဖိုချောင်ထဲမှာ in the kitchen
ငါ့ သေတ္တာထဲမှာ in my box
ဤအခန်းထဲမှာ in this room
မြန်မာပြည်မှာ  in Myanmar
မန္တလေးမှာ  in Mandalay
ငါတို့ ကျောင်းမှာ in our shool
တို့ မိသားစုမှာ in our family
တို့ မြို့မှာ in our city/town
တစ်နှစ်မှာ in a year
တစ်လမှာ in a month
တစ်ပါတ်မှာ in a week
တစ်နာရီမှာ in an hour
တစ်ရက်မှာin a day
ကမ္ဘာတစ်ဝှမ်းလုံးမှာ all over the world
(prepositon အသုံး သီခြားကဗျာများဖြင့် ဖော်ပြပေးပါမည်။အခြား
  ရေးထားသည်များလည်း ရှိပါသည်။ကလေးများအတွက် ရေးတတ်ယုံ
  မျှသာ ရည်ရွယ်ပါသည်။)

Patten 2

၁။ခု မင့်အမေ  မီးဖိုချောင်ထဲမှာ ရှိသည်။
နောက်ဆုံးကိုကြည့်  ကြိယာရှိ     ရှိ ကြိယာ
ကာလနဲ့ညှိ                     present  simple  am is are
ကတ္တားကိုကြည့်  ကိန်းနဲ့ညှိ    မင့်အမေ Your mother
                               တစ်ယောက်တည်း တစ်ခုကိန်း is နဲ့တွဲ
ဝါကျပုံစံ အစဉ်သိ              S be p t
ကတ္တားပြီးတော့ ကြိယာ ယှဉ်တွဲစရေးပါ   Your mother is -
Your mother  is in  the kitchen now.
၂။ ခု  မင့်အမေ မီးဖိုးချောင်းထဲမှာ မရှိဘူး။
၃။ခု မင်းအမေ မီးဖိုးချောင်ထဲမှာ ရှိသလား။
၎။ခု မင့် အမေ ဘယ်နေရာမှာ ရှိသလဲ။
၅။ ခု မီးဖိုးချောင်ထဲမှာ ရှိတာ ဘယ်သူလဲ။

Patten3
တစ်နေရာရာဝယ်  တစ်နှစ်သုံးငါး အရေအတွက် ရှိရင်ကွယ်
တစ်နေရာရာဝယ်  အနည်းအများအချို့ ပမာဏ ရှိရင်ကွယ်
There be ပုံစံ  အသုံးပြုမယ်

၁။ ခု စားပွဲပေါ်မှာ စာအုပ်တစ်အုပ်ရှိတယ်။
၂။ ခု စားပွဲပေါ်မှာ စာအုပ်တစ်အုပ်မှ မရှိဘူး။(no book)
၃။ ခု စားပွဲပေါ်မှာ စာအုပ်တစ်အုပ်  မရှိဘူးလား။
၎။ ခု စားပွဲပေါ်မှာ ဘာစာအုပ်မှ မရှိဘူးလား။(any book)
၅။ခု  စားအုပ် ဘယ်လောက်များများ ရှိသလဲ။
(ရေတွက်၍မရသောနာမ်ကို အနည်းအများ ပမာဏ ဖြင့် ဖော်ပြ၍
  ဤပုံစံဖြင့်  ရေးသော် verb သည် singular verb is)

Patten 4
လက်ရှိပစ္စုပ္ပန်မှာ ပျော်တာ ပျင်းတာ အရပ်ရှည်တာ
Present simple tense      am is are
သောနာမဝိ    နောက်က      လာ
ဖြစ်တည်ခြင်းရဲ့သဘောပါ
အငြင်း အမေး ပုံစံများ သေချာ မှတ်လို့ ထား
(သောကို သည်လုပ် verb to  ရှေ့ ကထုတ်)

၁။ကိုကိုသည် အရပ် အလွန် ရှည်သည်။
၂။ကိုကိုသည် အရပ် အလွန် မရှည်ပါ။
၃။ကိုကိုသည် အရပ် အလွန်ရှည်သလား။
၎။ဘယ်သူသည် အလွန် အရပ်ရှည်သလဲ။
၅။ ကိုကို အရပ် ဘယ်လောက်ရှည်သလဲ။(How tall)

(verb to be နဲ့တွဲသော Adj ပုံစံ too - to
  so - that   as'-as  enough to အစရှိသော
  ဝါကျများ ရေးပုံ ချန်ထားခဲ့ပါသည်။အလျင်းသင့်လျှင် ဖော်ပြ
  ပေးပါမည်။)

အထက်ပါ patten လေးမျိး နဲ့ am is are အသုံး ကလေးတွေ
ကျေညက်ရင် ကလေးတွေ Essay အချို့ နည်းနည်းပါးပါး ရေးနိုင်ပါလိမ်မယ်။

My favourate  season

မြန်မာနိုင်ငံတွင် ရာသီဥတု သုံးမျိုး ရှိပါသည်။ ၄င်းတိုမှာ နွေရာသီ
မိုးရာသီ နှင့် ဆောင်းရာသီတို့  ဖြစ်ပါသည်။နွေရာသီသည် မတ်လမှ
ဇွန်လအထိ ဖြစ်ပါသည်။မိုးရာသီသည် ဇူလိုင်လမှ အောက်တိုဘာလ
အထိ ဖြစ်ပါသည်။ဆောင်းရာသီသည် နိုဝင်ဘာလမှ ဖေဖော်ဝါရီလ
အထိ ဖြစ်ပါသည်။၎င်တိုအနက် ကျနော် အနှစ်သက်ဆုံးသော ရာသီ
မှာ မိုးရာသီ ဖြစ်ပါသည်။နွေ ရာသီ မှာ ပူ၍ ခြောက်သွေ့ပါသည်။
မိုးရာသီမှာ ပူ၍ စွတ်စိုပါသည်။ ဆောင်းရာသီမှာ အေး၍ စွတ်စိုပါသည်။

Our school

ကျနော်တို့ ကျောင်းသည် မကွေးမြို့ အမှတ်၁ အခြေခံပညာအထက်
တန်းကျောင်း ဖြစ်ပါသည်။၎င်းသည် မကွေး တက္ကသိုလ်အနီးတွင် ရှိ
ပါသည်။ကျနော်တို့ ကျောင်းမှာ ဆရာ ဆရာမ ၁၀၀ ကျော် ရှိပါသည်။
ကျနော်တို့ ကျောင်းမှာ ကျောင်းသူ ကျောင်းသား လေးထောင်ခန့်  ရှိပါ
သည်။ဆရာ ဆရာမများသည် အလွန်ကြင်နာ စိတ်ရှည်၍ သဘော
ကောင်းကြပါသည်။သူတို့ သည် စာသင်အလွန်ကောင်းပါသည်။ကျနော်တို့ ကျောင်းမှာ ရုံးခန်းတစ်ခန်း  ကျောင်းစာကြည်တိုက်တစ်ခု
ခန်းမဆောင်တစ်ခု  နှင့် စာသင်ဆောင်များစွာ ရှိကြပါသည်။ကျောင်းသူ
ကျောင်းသားများသည်လည်း အလွန်လိမ္မာ ယဉ်ကျေးကြပါသည်။

Our country

ကျနော်တို့ တိုင်းပြည်သည် ပြည်ထောင်စု မြန်မာနိုင်ငံ ဖြစ်ပါသည်။၎င်း
သည် အရှေ့တောင် အာရှတွင် ရှိပါသည်။၎င်း၏ လူဦးရေမှာ သန်း
၆၀ ခန့် ရှိ ပါသည်။၎င်း၏ ဧရိယာမှာ စတုရန်းမိုင်ပေါင်း နှစ်သိန်း ခြောက် သောင်းကျော် ရှိပါသည်။ကျနော်တို့ တိုင်းပြည်၏ မြို့တော်မှာ
နေပြည်တော် ဖြစ်ပါသည်။ကူးသန်းရောင်းဝယ်ရေး မြို့မှာ ရန်ကုန် ဖြစ်
ပါသည်။ကျနော်တို့ တိုင်းပြည်တွင် အဓိက မြစ်ကြီးလေးစင်း ရှိပါသည်။
၎င်းတို့ မှာ ဧရာဝတီမြစ် ချင်းတွင်းမြစ် စစ်တောင်းမြစ်နှင့် သံလွင်မြစ်တို့ 
ဖြစ်ပါသည်။ဧရာဝတီမြစ်သည် မြန်မာပြည်သူတို့ ၏ အသက်သွေး ဖြစ်ပါ
သည်။ကျနော်တို့ တိုင်းပြည်တွင် သမိုင်းဝင်သောနေရာများစွာနှင့် ကျော်
ကြားသော ဘုရားစေတီများစွာ ရှိပါသည်။၎င်းတို့ အနက် ရွှေတိဂုံ
ဆူးလေး ကျိုက်ထီးရိုး ရွှေစာရံ မဟာမြတ်မုနိ အာနန္ဓာ မြသလွန်
တို့ သည် မြန်မာပြည်တွင် အကျော်ကြားဆုံးသော ဘုရားစေတီများ ဖြစ်
ပါသည်။ကျွန်တော်တိုင်းပြည်တွင် ရှည်လျားဖြူဖွေးလှပသော ပင်လယ်
ကမ်းခြေစခန်းများနှင် တောင်ပေါ် အပမ်းဖြေစခန်းများလည်း ရှိပါသည်။
၎င်းတိုမှာ ငပလီ ချောင်းသာ မောင်းမကန် စက်စဲ အင်းလေး နှင့်
ပြင်ဦးလွင် တို့ ဖြစ်ပါသည်။ ကျနော်သည် မြန်မာနိုင်ငံသားတစ်ဦး ဖြစ်ရတာကို အလွန်ဂုဏ်ယူပါသည်။

ရည်ရွယ်ချက်  ကလေးငယ်များ အင်္ဂလိပ်စာအရည်အသွေး   
                တိုးတက်လာစေရန်သာ        

အမှားကိုမြင်  အမှန်ပြင်ပါ
လိုလျှင်ဖြည့်တွေး  အကြံပေး။

အားလုံးကိုလေးစားလျှက် မေတ္တာဖြင့်

Hope ရဲ့ အသုံး မှတ်ပါဦး

Hope ရဲ့ အသုံး မှတ်ပါဦး
……………..
1. တစ်စုံတစ်ခုဟာ မှန်တယ် ၊ ဖြစ်လာလိမ့်မယ် ဆိုလျှင် သုံးနိုင်သလို မှန်စေချင်တယ် ဖြစ်လာစေချင်တယ် ဆိုလျှင်လည်း သုံးနိုင်ပါတယ် (If you hope that something is true or will happen, you want it to be true or to happen.)
.
We hope (that) you are well.
ခင်ဗျားနေကောင်းကျန်းမာ တာကို ကျနော်တို့ မျှော်လင့်ပါတယ်
(သူနေကောင်းတယ် ..ဆိုတဲ့အချက်ကို ဖြစ်လာစေချင်တာပဲ မဟုတ်လား)
…………………………………………….
2. 'I hope'
…………..
တစ်စုံတစ်ယောက်အတွက် သာယာတဲ့အချိန်ကာလတစ်ခု ပိုင်ဆိုင်စေဖို့ ကျနော်တို့ရဲ့ ဆန္ဒကိုဖေါ်ပြချင်တဲ့အခါ မကြာခဏသုံးပါတယ် ၊  hope ရဲ့နောက်မှာ future form ဖြစ်စေ present simple ဖြစ်စေ တစ်ခုမဟုတ်တစ်ခု သုံးနိုင်ပါတယ်  (We often use I hope to express a wish that someone will have a pleasant time.
After hope we can use either the future form or the present simple.)
(ပုံစံ နှစ်မျိုးတွေ့တဲ့အခါ ဘယ်ဟာက အမှန်လဲ စဉ်းစားနေရမှာစိုးလို့ သိစေချင်တာ)
.
I hope you'll enjoy your stay in Myanmar. (future)
မြန်မာနိုင်ငံမှာနေထိုင်လည်ပတ်ရတဲ့အတွက် ခင်ဗျားပျော်ရွှင်ကျေနပ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်
.
I hope you get well soon. (present)
ခင်ဗျား မကြာခင် ပြန်လည်ကျန်းမာလာဖို့ ကျနော် ဆန္ဒပြုပါတယ်
….
(2.b) တစ်ယောက်ယောက်က မလုပ်ချင်တဲ့ကိစ္စတစ်ခုခုကို လုပ်အောင် သတိပေးချင်တဲ့အခါမှာလည်း သုံးနိုင်ပါတယ် (If you say to someone that you hope they are going to do something, you are usually asking or reminding them to do something that they may not want to do.)
.
I hope you're going to clean up this mess.
ဒီအရှုပ်ထုပ်ကြီးကို ခင်ဗျား ရှင်းတော့မယ်လို့ ကျနော်မျှော်လင့်မိပါတယ်
(ရှင်းပေးစေချင်တာ)
……………………………………
3. 'I hope so'
……………….
တစ်စုံတစ်ယောက်ရဲ့ ဆန္ဒကို ကျနော်တို့ကလည်း ထပ်တူပါပဲလို့ သံယောင်လိုက်ပြီး ပြောချင်တဲ့အခါ I hope so. ကိုသုံးနိုင်ပါတယ် (If someone says that something is true or will happen, or asks you whether something is true or will happen, you can express your wish that it is true or will happen by saying I hope so.)
.
'I will see you in the Monastery.' – 'I hope so.'
ခင်ဗျားနဲ့ ဘုန်းကြီးကျောင်းမှာ တွေ့မယ်နော် - ကျနော်လည်း အဲလိုပဲ ဆန္ဒရှိပါတယ်
.
'You'll be home at six?' – 'I hope so.'
အိမ်ကို ခြောက်နာရီမှာ ရောက်အောက်ပြန်ခဲ့ပါ .. ကျနော်လည်း အဲလိုပဲ စိတ်ကူးထားပါတယ်
..
Be Careful! (သတိထားပါ)
Don't say (ဒီလိုမပြောပါနဲ့) … 'I hope it'.
………………
4. 'I hope not'
……………
ငြင်းဆိုဖို့အတွက် I hope not. ကိုသုံးပါ ။ (Similarly, you can express your wish that something is not true or will not happen by saying I hope not.)
.
'You haven't lost the ticket, have you?'
ခင်ဗျားရဲ့ လက်မှတ် ပျောက်မသွားဘူးနော် ပျောက်သွားပြီလား
'I hope not.'
အဲလို မဖြစ်ဘူးလို့ မျှော်လင့်တာပဲ
.....
Be Careful! သတိထားပါ
Don't say  (ဒီလိုမပြောပါနဲ့) ….'I don't hope so'.

မေတ္တာဖြင့် <3

Pharasal Verb"Get"ရဲ့ အသုံး

Pharasal Verb"Get"ရဲ့ အသုံး
Get about-၊ရုပ်​ပိုင်းဆိုင်​ရာအားဖြင့်​ သွတ်​လက်​သည်​။ဥပမာ-
I can't  get about so much since I hurt my hip.
ငါ့ရဲ့ တင်​ပါး နာကတည်းက သိပ်​မသွတ်​လက်​နိုင်​ဘူး။
Get across-ဖြတ်​သန်းသည်​။ဖြတ်​ကူးသည်​။ဥပမာ-
In the heavy rain,the ship can't get across the river.
Get ahead-​အလုပ်​တစ်​ခုခုမှာ ​အောင်​မြင်​သည်​။
It's difficult for women to get ahead in politics.
နိုင်​ငံ​ရေးနယ်​ပယ်​မှာ​တော့ မိန်းက​လေး ​တွေ​အောင်​မြင်​ဖို့ခက်​ခဲတယ်​။
Get along US(UK get on)-ဆက်​ဆံ​ရေး ​ကောင်းသည်​။အဆင်​​ပြေသည်​။
I don't get along with my sister's husband.
ငါ ညီမရဲ့ ​ယောက်ျားနဲ့ ငါ ဆက်​ဆံ​ရေးသိပ်​မ​ကောင်းဘူး။
How are you getting on at school?
ကျောင်းမှာ အဆင်​​ပြေလား။
Get around US(UK round) -ပြဿနာ​​ဖြေရှင်းနည်းကို ရှာတယ်​။
Our lawyer has found a way of getting around the adoption laws.
ငါတို့​ရှေ့​နေက ​မွေးစားတဲ့ ဥပ​ဒေ​ဖြေရှင်းနည်းကို ရှာ​တွေ့ပြီ။
Get around  to-ရည်​မှန်း ထားတဲ့ အရာ အတွက်​ အချိန်​ကြာကြီးယူပြီးလုပ်​ရတယ်​။
Finally,I got around to calling her yesterday.
မ​နေ့က သူကို ​ခေါ်ဖို့ အတွက်​ အချိန်​ကြာကြီးယူပြီး​နောက်​ဆုံး​တော့ ​​ခေါ်နိုင်ခဲ့​တယ်​။
Get at sb-တစ်​စုံတစ်​​ယောက်​ ကို ​ဝေဖန်ရှုတ်​ချသည်​။
They are getting at him for making some mistakes.
တချို့အမှားလုပ်​မိတဲ့ အတွက်​ သူကို ​ဝေဖန်​ရှုတ်​ချကြသည်​။
Get away -ထွက်​​ပြေးသည်​။
I got away from crowds so as to see the President.
သမ္မတကြီး ကို ​တွေ့ဖို့ လူအုပ်​ကြားထဲက​နေထွက်​​ပြေးတယ်​။
Get away with sth-ဆိုးဝါးတဲ့ အရာလုပ်​မိပြီး အပြစ်​​ပေးခံရခြင်းက​နေ လွတ်​သွားတယ်​။
He shouldn't treat you like that,don't let him get away with it.
မင်းကို အဲလို မဆက်​ဆံသင့်​ဘူး။သူကို ​တော့ ဒီတိုင်းမလွတ်​​စေနဲ့။
အဆက်​အများကြီးရှိ​သေးတယ်​..........
                                လင်း​စေသူ(T.M.S),UDNR

because of အသုံး အကြောင်းလေး

မုန်း၍ မဟူ - Not out of hate
----------------------------------

KELLY CLARKSON ရဲ့ because of you ကို နားထောင်ပြီး because of  အသုံး အကြောင်းလေး ရေးချင်စိတ်က ပေါက်လာတယ်။ သီချင်းလေး နားထောင်ပြီး ရေးတော့ အရသာရှိတာ ပေါ့ဗျာ။

Because of you
I never stray too far from the sidewalk
Because of you
I learned to play on the safe side so I don't get hurt
Because of you
I find it hard to trust not only me, but everyone around me
Because of you
I am afraid

because of (prep) as a result of .ကြောင့်.

because of ဟာ  Prepositional Phrase ဖြစ်ပါတယ်။

Preposition ရဲ့ နောက်မှာ .. Noun  လိုက်တာမို့ ..  Pronoun/ V-ing ( Gerund )  ကြိယာနာမ် ၊ Noun Clause  စသည့်  Noun ရဲ့ အဆက် အနွယ်တွေ အကုန် လိုက်လို့ရပါတယ်။

The train was delayed because of bad weather.
Because of bad weather. ဆိုးရွားတဲ့ ရာသီဥတုကြောင့် ၊

-

I'm happy because of you.
မင်းကြောင့် ကိုယ်ပျော်ရွှင်ရပါတယ်။

He had to retire because of ill health.
သူ့ကျန်းမာရေးကြောင့် သူအလုပ်မှ အနားယူခဲ့ရတယ်။

We were late because of the rain.
မိုးကြောင့် ငါတို့ နောက်ကြခဲ့တာ။ ( မိုးရွာလို့ )

လေ့ကျင့်ခန်း because of နှင့် ရေးပေးပါ။
-------------
1။ I stayed at home. I am sick .
I stayed at home because of my sickness.

2. The boys want to make friends with her. She is beautiful.
   beautiful ရဲ့ Noun ပုံစံက  Beauty ဆိုတော့ .. Her beauty

  because of her beauty.

3. Some children cannot go to school. They are poor.

poor ရဲ့ Noun ပုံစံက Poverty 

4.He made many mistakes.He was careless.

5. They stopped playing football.It was dark.
---------------------------------------------------------

because of နဲ့တူတာက .....owing to၊ due to .thanks to , out of, as a result of ,by virtue of ,what with,by right of ,on account of sth စသည့်ဖြင့် အများကြီး သုံးလို့ရပါတယ်။ အသေးစိတ် ကွဲပြားချက်ကတော့ ရှိပါတယ်။ ဒါတွေကို နောင်မှ လေ့လာကြတာပေါ့။

အပေါ်မှာ ဆိုခဲ့ပြီးသည့် အတိုင်း because of က preposition ဖြစ်ပါတယ်။ because ကတော့ Conjunction ပါ။
preposition နောက်မှာ Noun ( နာမ်) လိုက်တာ အားလုံးသိတဲ့ အချက်ဖြစ်ပါတယ်။ Noun လိုက်လို့ရ တော့ Noun phrase/ Noun Clause ပုံစံတစ်ချို့ လည်းလိုက်တယ် .

she was sad because of what I had said yesterday,

Because of what I had said yesterday.  မနေ့က ငါပြောလိုက်သော စကားကြောင့်

Because of who You are, I give You glory
Because of who You are, I give You praise
Because of who You are, I will lift my voice and say
Lord I worship You, because of who You are
Lord I worship You, because of who You are.
ဆိုတဲ့ ... Gospel song  ( ခရစ်ယာန် ဓမ္မသီချင်း ) တစ်ပုဒ်ရှိတယ်။

........
Baby I love you less and less because of what you have done to me
မင်းကိုယ့်အပေါ် ပြုမူဆက်ဆံမှုတွေကြောင့် မင်းအပါ် ကိုယ့်အချစ်တွေ လျော့လျော့ လာပြီ။

သူနဲ့တူတဲ့ အခြား စကားလုံးက  ... out of ကို ဒီမှာ လေ့လာမယ်။ သူ့မှာ အသုံးအများကြီးရှိတယ် ။ အဲ့ဒီအထဲက because of နဲ့တူတာပဲ လေ့လာမယ်။

Out of.. (prep ) because of

Out of love = ချစ်လို့
out of hate= မုန်းလို့
Not out of love = ချစ်လို့မဟုတ်ဘူး
Not out of hate = မုန်းလို့မဟုတ်ဘူး။ ဒါကို ပုံမှာပြထားတဲ့ ဂျာနယ်ကျော်မမလေးရဲ့ မုန်း၍မဟူ ဆိုသော နာမည်ကြီး ၀တ္တုကို ဒီနာမည်ဖြင့် လှလှလေး ဘာသာပြန်ထားပါတယ်။

She's married to John not of out of love but out of money .

သူက John ကို လက်ထပ်တာ ချစ်လို့ မဟုတ်ဘူး ၊ ငွေမျက်နှာကြောင့် ။

They obeyed him out of fear rather than respect.

လေးစားလို့ မဟုတ်ဘဲ ကြောက်လို့ သူပြောတာ ကို နာခံတာ။

Out of curiosity, why did you take that job ?

သိချင်လို့ပါ ..ဘာလို့ အဲ့အလုပ်ကို လက်ခံတာလဲ။  

လေ့လာရန် အပိုဝါကျများ
---------------------------

Because of the rain, the tennis match was stopped.
There were so many people in the shop because of the sale.
Three schools have been forced to close because of structural faults in their roofs.
We spent three hours waiting in the rain because of you!
Classes have been cancelled today because of a staff meeting.
Our departure was delayed because of bad weather.
She felt she had been discriminated against because of her age.
Many shops are doing badly because of the economic situation.
He's been dropped from the team because of injury.

We didn't publish the details, out of consideration for the victim's family.
She decided to call her ex-boyfriend out of curiosity.
He only went to see her out of duty.
Just out of interest, how old is your wife?
She finished with him and, out of revenge, he told her husband about their affair.

Must ၏ Past ပုံစံများ

You must have had a broken heart .
Westlife အဖွဲ့ရဲ့ သီချင်းစာသားလေးပါ။ ဒါကို နားလည်ဖို့ အောက်က စာတွေ ဖတ်ကြည့် ရအောင်။

Must ၏   Past ပုံစံများ
-------------------------
Must ရဲ့ Past ပုံစံကိုသာ ရေးတာ ဖြစ်လို့   Must နဲ့ Have to အသုံး ကွာခြားချက် တွေကို ဒီမှာ မရေးတော့ပါဘူး။ ရှာဖွေတော့ ဖတ်ထား စေချင် ပါတယ်။

Must ( အပိုင်း (၁)
==============
(1) Must ကို မဖြစ်မနေ လုပ်ရမယ်လို့ ကိုယ့်စိတ်ထဲမှာ ထင်တဲ့ အခါသုံးပါတယ်။ ဒီနေရာမှာ Have to နဲ့ တွဲပြီး မလေ့လာသေးတော့ ကိုယ့်စိတ်ထဲမှာ ဆိုတဲ့စကားက အရေးကြီးတယ်။

ကမ္ဘာကျော် သဒ္ဒါစာအုပ်တွေထဲမှာ ပြောထားတာလေးတွေ ဖတ်ကြည့်ပါ ။

We use must to say that something is necessary.
( Grammar Time Book 3)
We use must when you think it is necessary to do something;
( Essential Grammar in Use by Raymond Murphy )

We must do our homework.
ငါတို့ အိမ်စာ လုပ်ရမယ်။
The windows are very dirty. I must clean them.
ပြတင်းပေါက်တွေ ညစ်ပတ်နေတာပဲ ။ သန့်ရှင်းရေး လုပ်ဦးမှ။
We must go to the bank today. We haven't got any money.
ပိုက်ဆံ မရှိတော့ဘူး။ ဘဏ်သွားမှ ဖြစ်မယ်။
You must always remember to bring everything you need for the class.
You must listen carefully when your teacher or a classmate is speaking.

Mary is a very interesting person. You must meet her.
My hands are very dirty. I must clean them.
You must learn to drive .It will be very useful.
---------------- ---------------- --------------

(2) must ကို စိတ်ထဲမှာ တော်တော်လေး သေချာတယ်လို့ ယူဆတယ်၊ ဖြစ်နိုင်ခြေ အရမ်းများတယ် ထင်တဲ့နေရာမှာတွေမှာ သုံးတယ်။

We can use must to say that you believe something is certain;( English Grammar in Use by Raymond Murphy )
used for saying that you think something is probably true because nothing else seems possible (Macmillan English Dictionary)

ဥပမာ.သူငယ်ချင်းတစ်ယောက်က ခင်ဗျားကိုပြောတယ် ဆိုပါစို့ရယ်... ငါ့မှာသူငယ်ချင်း တစ်ယောက် ရှိတယ်၊ မင်းသမီးဖြစ်ချင်လို့တဲ့။ အဲ့ဒီအခါမှာ သင်ကပြောမယ်.. She must be beautiful. or She must be a beautiful girl. ဒီနေရာမှာ ဘာလို့ Must ကိုသုံးလိုက်တာလည်း ဆိုတော့ အပေါ်က နံပါတ် (၁) လို မဖြစ်မနေ လုပ်ရမယ့် ကိစ္စမဟုတ်ဘူး။ မြန်မာပြည်မှာ မင်းသမီးဆိုတာ ချောမှ ဖြစ်နိုင်တယ်လို့ ထင်ကြတော သင်စိတ်ထဲမှာ ချောတာဖြစ်နိုင်တယ်လို့ ရာခိုင်နှုန်း တော်တော်များများ ယူဆတဲ့အတွက် Must ကိုသုံးလိုက်တယ်။ သူကိုလည်း မမြင်ဖူးဘူးလေ။ မြင်ဖူးလို့ ချောရင်တော့ .She is beautiful. She is a beautiful girl.လို့ ၁၀၀% သေသေချာချာ ပြောနိုင်တယ်။

အခုက  95 % လောက် သေချာတဲ့ သဘောပေါ့။

သူက BMW ကားအကောင်းစားကြီးထဲက ထွက်လာတယ် ဆိုပါစို့.. လူကလည်း အလန်းလွန် ၊ အလွန်လန်း ၊ အကောင်းစားအ၀တ်အစားနဲ့ စိတ်ထဲကနေ ..He must be a rich man. ဒါပေမဲ့ He is a rich man.လို့ပြောရအောင်သူကို မသိဘူး၊ ငှားထားတာလည်း ဖြစ်နိုင်တာပဲ.စိတ်ထဲကတော့ အခြေအနေကိုကြည့်ပြီး၉၅% လောက်တော့ သေချာတယ်လို့ တွက်ဆလိုက်တယ်။ .. He must be a rich man.လို့။ ဘီလ်ဂိတ်တို့၊ မြန်မာပြည်က KBZ ပိုင်ရှင် ဦးအောင်ကိုဝင်းတို့လို လူတွေ ဆိုရင်တော့ He is a rich man. လို့ သုံးလိုက်မှာပဲ။ ၁၀၀% သေချာ သိနေတာကို။

You must be tired after your long journey.
Sue always travels business class, so she must be short of money.
Congratulations on passing your exam. You must be very pleased.
You're going on holiday next week. You must be looking forward to it.

ဒီလောက်ဆိုရင် Must ရဲ့ အသုံးနှစ်ခုကို ကွဲကွဲပြားပြား သဘောပေါက်လောက်ပါပြီ။
ခရီးသွားတာ ဆိုမှတော့ ပင်ပန်းနေတာ ဖြစ်ရမယ်လို့ ၉၅ % လောက်သေချာမှုကို ပြောတာ။ မဖြစ်မနေ ပင်ပန်းပေးရမယ်လို့ ပြောတာမဟုတ်ဘူး။ ပင်ပန်းချင်ရင် ပင်ပန်းမယ် ၊ မပင်ပန်းချင်ရင် မပင်ပန်းဘူးပေါ..မဖြစ်မနေ ပင်ပန်းပေးရမယ် မဟုတ်ဘူး။ ဖြစ်နိုင်ခြေကို ခန့်မှန်းတွက်ဆတာ။
Business class နှင့် အမြဲခရီးသွားမှတော့ ပိုက်ဆံ ပြတ်နေနိုင်ဖို့ အခွင့်အလမ်းက သိပ်များနေပြီလေ။ ဒါပေမဲ့ မဖြစ်မနေ ပြတ်ရမယ်တော့ မဟုတ်ပါဘူး။ ဖြစ်နိုင်ချေ တော်တော်များများကြီးကို ပြောလိုက်တာ။

ကိုစပ်စုစိန်ပေါ့ ။ သူက ဟိုစပ်စပ် ဒီစပ်စပ်ရှိတယ် ဆိုပါစို့ ။ Facebook မှာ အကြောင်းအရာ အသစ် တစ်ခု ဆို သူက သိပြီးသား။ သူငယ်ချင်းက ကိုယ့််ကို အကြောင်းအရာ အသစ် တစ်ခုမေးတယ်ဆိုရင် ကိုယ်စိတ်ထဲမှာ သေချာတာက ကိုစပ်စုစိန် သိမယ်ပေါ့ ။ သူကိုမေး သူသိတယ်။ ၁၀၀ % သူသိနေရမယ်လို့ တော့ မပြော နိုင်ဘူးလေ ။ သူက ကိုယ်မှ မဟုတ်တာ။ ဒီတော့ . ကောက်ချက်ချတယ်..

He must know about it.

သူ ဒီအကြောင်းကို သိနိုင်တယ်။

He probably knows about it.

ဝါကျ အခြေအနေ အပေါ်မူတည်ပြီး အဓိပ္ပါယ် ယူရမှာပါပဲ။  ဒီမှာက သူ သိကို သိရမယ် ဆိုတာမျိုး မဟုတ်တော့ဘူး။

(3) Must not / mustn't
================

(A) We use must not/ mustn't to tell someone not to do something:
သူများကို မလုပ်ဖို့ပြောတာ ၊ တားမြစ်တာ.

Be quiet !
You must not talk in the library.
စာကြည့်တိုက်ထဲမှာ စကားမပြောရ ပါဘူး။
You mustn't touch the pictures.
ဒီပန်းချီကားတွေကို မထိရဘူး။
You mustn't eat or drink in the classroom.
စာသင်ခန်းထဲမှာ စားသောက်လို့ မရဘူး။

(B) It's necessary not to do it, it is the wrong thing to do.
အဟုတ်ဝါကျက မဖြစ်မနေလုပ်ရမယ် ဆိုတော့၊ မဟုတ်ဝါကျက သူ့ဆန့်ကျင်ဘက်ပေါ့။
We mustn't be late.  .

ငါတို့ နောက်ကျလို့ မဖြစ်ဘူး။

ကျွန်တော်တို့ကို တားမြစ်တာ မဟုတ်ဘူး။
ဒီလို နောက်ကျရင် မကောင်းဘူး။ ဒါကို မလုပ်မိဖို့ မဖြစ်မနေလိုအပ်တာ။
You mustn't be late. ဆို သူများကို တားမြစ်တာ။ မတူဘူး ။
ဒီနေရာမှာ အသုံးပြုသော  Person က အရေးကြီးတယ်။

First Person . လား
Second Person လား
Third Person လား ဆိုတာကိုမူတည်ပြီး အဓိပ္ပါယ် ပြောင်းသွား တတ်ပါတယ်။

I mustn't forget to phone Julia.

ဒီနှစ်ခုက အသေးစိတ် မခွဲလည်း အဆင်ပြေပါတယ်။ သုံးတတ်ဖို့က အဓိကပါ။

အနှစ်ပြန်ချုပ်မယ်..

၁။ မဖြစ်မနေလိုအပ် ..
၂။ ၉၅ % သေချာမှု လို့ မှတ်ထားရင် အဆင်ပြေမယ်။

အငြင်းဆို၇င်
၃။ တားမြစ်
၎။ မလုပ်ဖို့လိုအပ်. 

ဒီလို ခွဲခြားထားမှ  Must ရဲ့ Past Tense တွေကို ရှင်းလို့ရမှာ ဖြစ်ပါတယ်။

Must .. (အပိုင်း - ၂ )
===============

Must မှာ Past Tense ရှိသလားဆိုတော့ မရှိဘူးလို့ ဖြေထားတာ ကိုလည်း တွေ့ရတယ်။ သူပြောတာလည်း မှန်တယ် ။ဘာဖြစ်လို့လည်းဆိုတော့

There is no past tense, but had to is used for saying that something was necessary in the past:. လို့ Macmillan Dictionary နဲ့ သဒ္ဒါစာအုပ် တစ်ချို့မှာ ဆိုထားတယ်။ တစ်ချို့စာအုပ်တွေကြတော့ အသုံးဘက်ကို ဦးစားပေးတော့ Past Tense of Must = had to လို့ပြကြတယ်။ ကျွန်တော့် ယူဆချက်တော့ must က အကူကြိယာဖြစ်တဲ့အတွက် သူအတွက် Past ရဲ့ရုပ်မရှိပေမဲ့ Had to လို့သုံးတာကို Must ရဲ့ Past tense လို့ ဆိုလိုက်တာ ပိုလွယ်လိမ့်မယ်။ ကျွန်တော်တို့က သုံးတတ်ဖို့ကို ပိုဦးစားပေး ချင်တယ်။

We had to show our passports

ဒီအထိက ဘာပြသနာမှ မရှိပါဘူး။ အပိုင်း (၁) မှာ ဆွေးနွေးခဲ့တဲ့ Must ရဲ့အသုံး နံပါတ် ၁ မဖြစ်မနေလုပ်ရမယ်၊ ဖြစ်ရမယ် ၊ရှိရမယ်ဆိုတဲ့ Must ရဲ့ Past Tense က Had to လို့မှတ်တတ်ရမယ်။

We had to go to the bank yesterday.

အခု ဘဏ်ကို မဖြစ်မနေသွားရမယ်ဆိုရင် I must .. အတိတ်က ပိုကဆံမရှိလို့မဖြစ်မနေ သွားခဲ့ရတော့ Had to ..

I had to walk home last night last night. There were no buses.
မနေ့က မဖြစ်မနေ လမ်းလျှောက်ခဲ့ရတော့ Had to ..အခုဆိုရင် တော့ must ..
I had to leave early.
We had to have a permit to enter the park.
ဒီအချက်က လူတိုင်း နီးပါး သိလို့ သိပ်မပြောတော့ပါဘူး။

Past Tense of Must  = Had to ( ဘယ်နေရာမှာလဲ .. မဖြစ်မနေ လုပ်ဖို့ လိုတဲ့ နေရာမှာ လို့ အကြမ်း မှတ်နိုင် ပါတယ်။ )

နံပါတ် (၂ ) အသုံး ၉၅% သေခြာမှုလို့ပဲဆိုရအောင် အဲ့လို Certain ; ဖြစ်တာရဲ့ Past tense ပုံစံက Had to မရတော့ဘူး။ ဒါမို့ Past tense of must = had to ဆိုတာ basic အဆင့်မှာ သိသင့်တဲ့အရာ။ ပြဿနာက အဲ့ဒီမှာ ကျောင်းသားတွေက ရပ်နေတာပဲ။ ဆက်မသွားဘူး။ ဒီတော့ past tense of must = had to လို ပဲလူသိများတယ်။

Must Have + V3 လည်း သိဖို့ရမယ်။

ပုဂံကိုသွားလည်တယ်....မြို့၊ ဘုရားတွေကို ကြည့်ပြီး ဒီမှာ လူတွေအများကြီး aနခဲ့တာဖြစ်မယ်လို့ ခန့်မှန်းကြည့်တယ်။ သမိုင်းစာအုပ်လည်း မဖတ်ဖူးတော့ ဆိုပါစို့။ အခြေအနေတစ်ရပ် အပေါ်မူတည်ပြီး အတိတ်က ဖြစ်ခဲ့တာရဲ့ ဖြစ်နိုင်ခြေကို ခန့်မှန်းလိုက်တာ။

Many people lived in Bagan. (100% သေခြာ) သမိုင်းဖတ်ဖူးသူ အဲ့လိုပြောတယ်ဆို။ ကိုယ်က လူများစွာ နေခဲ့တာ ဖြစ်မယ်လို့ ခန့်မှန်းမယ်။ အဲ့ဒီခန့်မှန်းမှု့ကလည်း အခြေအနေအရပ်ရပ်ပေါ် ကြည့်ပြီး တော်တော်သေချာ တဲ့အခါ Many people must have lived in Bagan. လို့ ပြောလိုက်နိုင်တယ်။ ဒီတော့ Must ရဲ့ သေခြာမှု့တစ်ခုရဲ့ အတိတ်က

Must have + V3.

ဒီလောက်နာမည်ကြီးတဲ့ ဂတုံးအကြောင်းသိလား။ ( မနှစ်က နာမည်ကြီးသွားတဲ့ ပြည်က ကတုံး )

မင်းကြားဖူးခဲ့ပြီးလောက်ပြီပေါ့။ You must have heard about it.

နောက်ဥပမာတစ်ခု ထပ်ပေးမယ်။

အဖွားဓါတ်ပုံကို ပြတယ်။ အခုထိ အရွယ်က တင်ပြီးလှနေတယ်။ ငယ်ငယ်ကဆိုတော်တော် ချောခဲ့မှာနော်...အခုလှနေတာကို ကြည့်ပြီး သေချာမှု့ကိုပြောမယ်။

She must have been beautiful.

အရင်ကတည်းက သိတဲ့လူကတော့ She was beautiful when she was young. လို ၁၀၀% ပြောလို့ရတာပေါ့။

ရုပ်ရှင် သိပ်ကြိုက်တဲ့ သူငယ်ချင်းရှိတယ်။ ဘယ်အချိန်ခေါ်ခေါ်မငြင်းဘူး။ ခေါ်တိုင်းလိုက်ပဲ။ တစ်ရက်ကခေါ်တယ် ။မလိုက်ဘူးတဲ့ ။အဲ့တော့ မင်းကြည့်ပြီးပြီး ဖြစ်ရမယ်။ လို့ သူအကြောင်းသိလို့ ရာခိုင်နူန်းတော်တော်များများ ခန့်မှန်းနိုင်တယ်။ ဒီတော့
You must have watched that film./ movie.

They must have gone out.
You must have dropped it somewhere.

- ပိုရှင်းအောင် ခွဲကြည့်ရအောင်.. Verb to be  ဆိုရင်  ဖြစ်တာ ၊ တစ်နေရာရာမှာ ရှိတာ ၊ ရောက်နေတာ .

ဒါက ကိုယ်က သိပြီးသား အချက် ။
He is a doctor. 
He is handsome.
He is in the class.

ဒါက အချက်အလက် ၊ အခြေအနေပေါ် ကောက်ချက်ဆွဲ ၊ ၉၅ % လောက် သေချာတာမျိုး
He must be a doctor.
He must be handsome.
He must be in the class.

အဲ့ဒီလို  ၉၅ % ရဲ့ အတိတ် .

He must have been a doctor.
He must have been handsome.
He must have been in the class.

- Verb to do  နဲ့ ဆိုရင် ..  ထားပါတော့  Know  ကို သုံးကြည်မယ်.

He knows about this.
He must know about this.
He must have known about this.

- Verb to have  ဆိုရင်

He has
He must have
He must have had .

- The grass is wet.  မြက်စိုနေတယ်။  ( ၁၀၀ % သိပြီးသား အချက် )

It must have rained last night.   မနေ့ညက မိုးရွာ ခဲ့တာ ဖြစ်မှာပဲ ။

ဒီတော့ ... Must ကော  Have + V3  ပါနေပေမယ့် သူက  Past Tense အဆင့်ပါ။  ဘာနဲ့ ညီမျှလဲဆိုတော့

It probably rained last night.  သဘောပါပဲ။

It rained last night. ဆိုရင်  ကိုယ်က 100 % သိပြီးသား အချက်ပါ။

- Tony's lights are out.
  Tony ရဲ့ အခန်းမီးတွေ ပိတ်ထားတယ်။

He must have gone to sleep.
သူ အိပ်ပျော် သွားခဲ့ပြီ ဖြစ်မှာပဲ။

အခုဟာက  အတိတ်က အခြေအနေ တစ်ရပ်ကို ကောက်ချက်ဆွဲ ပြီးပြောတာမျိုး။

He probably went to sleep.

- Jane did well on the exam.

He must have studied hard.

  He probably studied hard.

- Sandra failed the test.

She must not have studied hard.
  She probably did not study.

သူမ စာမကျက်ခဲ့လို့ ဖြစ်မှာပဲ။

- သူမစာကျက်လား မကျက်လား ကိုယ် မသိပေမယ့် ၊ စာမေးပွဲ ကျတယ်ဆိုတော့  အတိတ်မှာ  စာမကျက်ခဲ့တာ ဖြစ်မယ် ဆိုပြီး  ထင်သော ၊ သိပြီးသော အချက်မှ ဆွဲယူ ရရှိသည့်  ( Conclusion ) နိဂုံးဝါကျ ပုံစံပါ။

 

နံပါတ် (၃ )

တားမြစ်တယ်..ရဲ့ Past ပုံစံ က ... was/ were not allowed

You must not go there .
မင်းအဲ့ကို မသွားရဘူး။
I was not allowed to go there.
ကျွန်တော့်ကို သွားခွင့် မပေးခဲ့ဘူး။

You must not paint the wall.
You were not allowed to paint the wall.

စသည့်ဖြင့်......

-  အနှစ်ချုပ်  -

  (1)   necessary.  ရဲ့ အဓိပ္ပါယ်နဲ့ ဆိုရင် Past Tense က  Had to
  (2)  95 %  သေချာတာမျိုး ( certain ) ဆိုရင်  Must have + V3 ( Past Participle )
   (3)  တားမြစ်တာ တာဆိုရင် ..   was/ were not + allowed .

Must အပိုင်း (၃)
===========

နောက်တစ်ခု သိထားရမှာက reported speech must ကနေ Had to ပြောင်းမှာလား မပြောင်းရဘူးလားဆိုတာပဲ။

Quirk (A Comprehensive Grammar of the English Language, Longman, 1985) ဆိုတဲ့ နာမည်ကြီး သဒ္ဒါစာအုပ်ကြီးနှင့် Collins COBUILD မှ စာများကို လေ့လာမိစေရန် တင်ပေးလိုက်ပါသည်။

(A) He told them again that they had to learn to love each other.

However, the alternative way to express this kind of sentence keeps the modal must in its present form:

(B)He told them again that they must learn to love each other.

In fact, Quirk (A Comprehensive Grammar of the English Language, Longman, 1985) states:
In its obligational sense... the past of must may be replaced (italics added) by had to in indirect speech:

His parents told him that he must/had to be in by ten that night.

So, this reliable reference tells us that both must and had to are properly used in this kind of sentence. In addition, we see authentic examples of both in current use in the Collins COBUILD .
Of the first 40 examples in each of the following searches, we found:

1) the reporting verb “said,” appears with “had to” in the dependent clause following it 25 times, as in these examples:

The survey said actors, models and musicians had to…

…Nick Partridge said that more had to be done to reach people…

2) the reporting verb “said” appears with the “must” of obligation following it 11 times, as in these examples:

Lord Mackay’s letter said that judges must act and must be allowed to continue…

We said that these two assumptions must be tested before any of the…

3) the reporting verb “told” appears with “had to” in the dependent clauses following it 30 times, as in these examples:

…teleconference panelists told callers that they had to help improve the…

…damage the blood vessel walls, and told her that she had to limit her intake…

4) the reporting verb “told” appears with the “must” of obligation following it 19 times, as in these examples:

…at Arlington Cemetery. There he told Americans that they must…

The letter told Morgan that he must clear all his…

Had to appears almost twice as frequently as must in these dependent clauses following the reporting verbs said and told. This suggests that had to is indeed more common than must in the dependent clause, as in the example question. However, must seems to be retained in more often when it represents a strong moral, ethical, or legal obligation, more than it is for an “every day” one.