Sunday, January 21, 2018

အင်္ဂလိပ်ဘာသာစကားကိုလေ့လာသူတွေအတွက်​ ထိရောက်တဲ့လေ့အထများ

အင်္ဂလိပ်ဘာသာစကားကိုလေ့လာသူတွေအတွက်​ ထိရောက်တဲ့လေ့အထများ

၁။ အင်္ဂလိပ်စာကိုလေ့လာတာဟာ Gym သွားတာနဲ့တူညီပါတယ်။
💪💪💪💪💪💪💪💪💪💪💪💪💪💪💪💪💪
ကိုယ်လိုချင်တဲ့အချိုးအစားရအောင်အချိန်၊ အင်အား၊ ငွေကြေးစိုက်ထုတ်ရတယ်။ လိုအပ်တဲ့ တန်ဆာပလာတွေဝယ်ရတယ်။ စစဆော့တဲ့အချိန်မှာ နာကျင်မှုတွေရှိတယ်။ ဒါပေမယ့် ဒါတွေအားလုံးက ကျန်းမာရေးနဲ့ညီညွှတ်ပြီး နေထိုင်မှုပုံစံသိသိသာသာ ကောင်းမွန်ပြောင်းလဲလာတယ်။
အင်္ဂလိပ်စာလေ့လာတဲ့အခါမှာလည်း ပေးဆပ်ရတာတွေရှိမယ်။ လေ့လာရေးမှာလိုအပ်တဲ့ စာရေးကိရိယာ၊ စာအုပ်စာတမ်းတွေစုဆောင်းဝယ်ယူရတယ်။ ချက်ချင်းပြောင်းလဲတိုးတက်မှု မတွေ့ရပေမယ့် အချိန်ကာလတစ်ခုမှာ အောင်မြင်မှုတစ်ခုကို ရလာပါလိမ့်မယ်။ အခက်အခဲတွေက တကယ့်လက်တွေ့မှာ တိုးတက်ပြောင်းလဲမှုရစေပါတယ်။
💪💪💪💪💪💪💪💪💪💪💪💪💪💪💪💪💪

၂။ ပျော်ရွှင်မှုရှိပါစေ။
😄😃😀😊☺😉😍😘😚😗😙😜😄😃😀😊☺
အင်္ဂလိပ်ဘာသာစကားကို သေသေချာချာစတင်လေ့လာရတာ လွယ်ကူတာတော့မဟုတ်ပါဘူး။ တကယ်တက်ကျွမ်းအောင်လေ့လာမယ့်အချိန်မှာအခက်အခဲတွေများပါတယ်။ ဒါပေမယ့် လက်တွေ့ဘ၀ကိုစဉ်းစားကြည့်ပါ။ မပျော်တဲ့အရာကိုကျွန်တော်တို့ထပ်ခါလုပ်ဆောင်လေ့မရှိပါဘူး။ အင်္ဂလိပ်စာကိုလည်းပျော်ရွှင်ဖွယ်ဖြစ်အောင်လေ့လာပါ။
အမှားတွေလုပ်မိရင်ပေါ့ပေါ့ပါးပါးရယ်ပြီး အမှားပြင်လိုက်ပါ။
ပြောချင်တဲ့အရာတစ်ခုကို ဘယ်လိုပြောရမလဲသိရင် ကိုယ်သိထားတဲ့အနီးစပ်ဆုံးစကားလုံးနဲ့ အစားထိုးဖန်တီးပြောဆိုပါ။
လေ့လာခါနီးမှာ စိတ်ထဲပျော်စရာအကြောင်းတွေတွေးပြီး စကားပြောတဲ့အခါ ရယ်စရာလေးတွေ ရောနှောထည့်ပြောပါ။
လေ့လာမယ့်ပတ်ဝန်းကျင်ကိုလည်း ပျော်ရွှင်ဖွယ်နေရာဖြစ်အောင် ဖန်တီးထားပါ။
😄😃😀😊☺😉😍😘😚😗😙😜😄😃😀😊☺

၃။ ပတ်ဝန်းကျင်မှာ အင်္ဂလိပ်စာကားလုံးလေးတွေ၊ပုဒ်စုလေးတွေ၊စာကြောင်းလေးတွေကို ၀န်းရံခိုင်းပါ။
📌📎📌📎📌📎📌📎📌📎📌📎📎📌
ရောင်စုံ Sticky Notes လေးတွေကစာအုပ်ထဲမှာလှသလို နံရံတွေပေါ်မှာလည်း ထင်ပေါ်ပါတယ်။ Beginners တွေဆို အိမ်မှာရှိတဲ့အခန်းတွေ၊ အခန်းထဲမှာရှိတဲ့ အရာတွေရဲ့အခေါ်အဝေါ်တွေကိုရေးပြီး ကပ်ထားနိုင်သလို လေ့လာတာကြာပြီဖြစ်သူတွေအနေနဲ့လည်း ကိုယ့်စာကြည့်စားပွဲဒါမှမဟုတ် ကိုယ်အနေများတဲ့နေရာတွေမှာ ကိုယ်သဘောကျပြီး လေ့လာခဲ့ရတဲ့ English အသုံးနှုန်းတွေ၊ ၀ါကျတွေ၊ စကားပုံတွေ စတာတွေကိုရေးပြီး ကပ်ထားလို့ရပါတယ်။
ဒီစာရွက်လေးတစ်ခုကိုတွေ့ပြီး အချိန်စကန့်ဝက်ပေးပြီးဖတ်ရုံနဲ့ သင်ဝေါဟာရအသစ်တစ်ခု တိုးလာပါပြီ။
📌📎📌📎📌📎📌📎📌📎📌📎📎📌

၎။ အခြားသူတွေကိုပါ အတူပါဝင်လာပါစေ။
👫👪👬👭👬👪👫👪👬👭👬👪👫👬👭
ကိုယ့်ရဲ့လေ့လာမှုအဆင့်တွေမှာ မိသားစု၊ မိတ်ဆွေတွေကိုပါဝင်ခိုင်းပါ။ ကိုယ်ကသင်တန်း၊ စာလေ့လာတဲ့အဖွဲ့တွေသွားပြီး လေ့လာရတာတွေကို သူတို့ကိုပြောပြပါ။ သူတို့စိတ်ဝင်စားလာရင် သူတို့နဲ့အတူလေ့ကျင့်ပါ။ အင်္ဂလိပ်လိုလက်တွေ့မှာအသုံးပြုကြည့်ပါ။ သင်သာမက သင့်ဝန်းကျင်ကသူတွေပါ တိုးတက်ပြောင်းလဲလာကြပါမယ်။
👫👪👬👭👬👪👫👪👬👭👬👪👫👬👭

၅။ အင်္ဂလိပ်ဘာသာစကားနဲ့အမြဲထိတွေ့မှုရှိပါစေ။
📧📧📧📧📧📧📧📧📧📧📧📧📧📧📧
သင်တန်းတွေကိုအမြဲတက်ဖို့ဆိုလိုခြင်းမဟုတ်ပါဘူး။ အင်္ဂလိပ်လိုရေးထားတဲ့ကြော်ငြာ၊ ဆိုင်းဘုတ်တွေကို ဖတ်ကြည့်ပါ။ ရုပ်ရှင်နဲ့သီချင်းတွေကို စာတန်းထိုးမပါဘဲကြည့်ပါ။ အင်္ဂလိပ်စကားတိုက်ရိုက်ပြောတဲ့အစီစဉ်တွေကြည့်ပါ။ Reader’s Digest, People, Elle စတဲ့ မဂဇင်းကနေအစ အခြားစာအုပ်တွေကိုဖတ်ပါ။
📧📧📧📧📧📧📧📧📧📧📧📧📧📧📧

၆။ ရည်မှန်းချက်ထားပါ။
⛳⛳⛳⛳⛳⛳⛳⛳
အင်္ဂလိပ်ဘာသာစကားကိုလေ့လာဖို့ SMART goal လေးချကြည့်ကြရအောင်။
Specific - အင်္ဂလိပ်ရဲ့ဘယ်အပိုင်းကို၊ ဘယ်လိုလေ့လာချင်တာလဲ တိတိကျကျသိရပါမယ်။
Measurable - ကိုယ့်ရဲ့တိုးတက်မှုကိုစစ်လို့ရတဲ့ Free online website တွေကနေအမြဲစစ်ဆေးနေပါ။
Achievable - အချိန် ၁လပေးပြီးလုံးဝကျွမ်းကျင်ချင်တယ်ဆိုတာထက်၁လအတွင်းဘယ်လောက် ရချင်သလဲဆိုတာဖြစ်သင့်ပါတယ်။
Realistic - လက်တွေ့ဆန်ပါစေ။ ငယ်ငယ်ကတည်းက မြန်မာ့ဝန်းကျင်မှနေထိုင်လာပြီး Native speaker လိုလေသံလိုချင်တယ်ဆိုတာထက် ကိုယ်ပြောလိုက်တဲ့စကားကို တပါးသူက နားလည်သွားတယ်ဆိုတာက လက်တွေ့ကျပါတယ်။
Timely - သတ်မှတ်ထားတဲ့ကာလအတွင်း သတ်မှတ်ထားတဲ့ Levelရအောင် အချိန်ပေးပြီး အချိန်မှန်လေ့လာပါ။
⛳⛳⛳⛳⛳⛳⛳⛳

အခြားထိရောက်မယ့်လေ့လာနည်းလေးတွေကိုလည်း Comment မှာအကြံပေးခဲ့ကြပါ။

ချစ်သော
Saw Ehta Ler
ALC (English & Development)

Photo: Kaung HtetNaing
Art director: Saw EhtaLer
Location: Atlar's LearningCentre

CAUSATIVE VERB အ​ကြောင်းပြကြိယာ ပါ​သော ၀ါကျများ

CAUSATIVE VERB အ​ကြောင်းပြကြိယာ ပါ​သော ၀ါကျများ
📖📖📖📖📖📖📖📖📖📖📖

1💝 S + C.V + O + O.C (V1) + Adv
2💝 S + C.V + O + O.C (V.4) + Adv
3💝 S + C.V + O + O.C (T.V.3)
4💝 S + C.V + O + O.C (Adj)
5💝 S + C.V + O + O.C (Parti)+ Adv

အမှာ။ ။ Obj-​နေရာကို (...ကို )ဟုဘာသာပြန်​။
C.V၏ အနက်​ကို V.1-နှင့်​ ​ပေါင်းပြီးဘာသာပြန်​ပါ။

အထူးကား။ ။ V.1-ကို s, es, ies, vesတို့
လုံးဝမထည့်​ရပါဘူး။

ထို C.Vများကား........
have =....​စေသည်​/ ......ခိုင်းသည်​။
Let =.......​စေသည်​/......ခွင့်​ပြုသည်​။
Make =....​စေသည်​/...​အောင်​လုပ်​သည်​။
help =ကူ....​ပေးသည်​။ တို့ဖြစ်​၏။
(ဤကြိယာကား ဤမျှသာ)

E.g
1💝 S + C.V + O + O.C(V.1) + Adv

1. The teacer has his pupils sit.
၎င်းဆရာသည်​ သူ့တပည့်​များကို ထိုင်​ခိုင်းသည်​။

2. She lets me stay at his hotel.
သူမသည်​ ကျွနု​ပ်​ကို သူ့ဟိုတယ်​မှာ တည်းခိုခွင့်​ပြုသည်​။

3. The pill makes me sleep for hours.
၎င်း ​ဆေးက ကျွန်​​တော့်​ကို နာရီ​ပေါင်းများစွာ
ကြာ​အောင်​ အိပ်​​စေတယ်​။

4. Hla Thu Zar helps her child walk.
လှသူဇာက သူမ၏က​လေးကို လမ်းကူ​လျှောက်
ပေးသည်​။

2💝 S + C.V + O + O.C(V.4) + Adv
Obj-ကို (....ကို )ဟုဘာသာပြန်​။
C.V-၏အနက်​ကို V.4-၏အနက်​နှင့်​​ပေါင်းပြန်​။
Have =.....​နေ​စေသည်​။
Set/start = စ.....​စေသည်​/ထ....​စေသည်​။
get = .....​စေသည်​/ ​.....​အောင်​လုပ်​သည်​။
Leave =....​နေတဲ့အတိုင်းထားရစ်​သည်​။
Keep = ......​နေတဲ့အတိုင်းထားသည်​။
(ဤကြိယာမျိုကား ဤမျှသာ)

E.g

1.Wai La has the audience jumping.
ဝေလသည်​ ပရိသတ်​ကို ခု​န်​စေသည်​။

2. Gun-shots sets birds flying.
သေနတ်​သံက ငှက်​များကို ထပျံ​စေသည်​။

3. My wife left me sleeping.
ကျွန်​​တော့်​ ဇနီးက ကျွန်​​တော့်​ကို အိပ်​​နေတဲ့အတိုင်း
ထားရစ်​ခဲ့သည်​။

4. My girlfriend keeps windows opening.
ကျွန်​​တော့်​ချစ်​သူသည်​ ပြူတင်း​ပေါက်​ကို ဖွင့်​တဲ့
အတိုင်းထားသည်​။

3💝 S + C.V + O + O.C (T.V.3) +Adv
Obj-ကို (....ကို)ဟုဘာသာပြန်​။
C.V၏အနက်​ကို T.V3နဲ့​ပေါင်းပြန်​။
Have =....ခံရသည်​(ကံအနက်​)။
Have = .....ခိုင်းသည်​(ကတ္တားအနက်​)။
get = .....ခိုင်းသည်​/......​စေသည်​။
Leave =.....ထားတဲ့အတိုင်း ထားရစ်​သည်​။
Keep =......ထားတဲ့အတိုင်း ထားသည်​။
(ဤကြိယာမျိုးကာ ဤမျှသာ)

1. Nann Thu Zar has her car stolen.
နန်းသူဇာသည်​ သူ့ကား အခိုးခံရသည်​။

2. May Thet has her car painted.
မေသက်​သည်​ သူ့ကားကို ​ဆေးသုတ်​ခိုင်းသည်​။

3. I get my hair cut.
ကျွန်​​တော်​သည်​ ကျွန်​​တော်ဆံပင်​ကို ဖြတ်​ခိုင်း
(ညှပ်​ခိုင်း)ခဲ့သည်​။

4. She leaves the door unlocked.
သူမသည်​ တံခါးကို ​သော့ဖွင့်​တဲ့အတိုင်း ထားရစ်
သည်​။

5. She keeps her eyes closed.
သူမသည်​ သူမ၏မျက်​စိကို မှိတ်​တဲ့အတိုင်းထား
သည်​။

1💝 S + C.V + O + O.C(Adj)+ Adv
အထက်​နဲ့တူ၏။ C.V၏အနက်​နှင့်​ Adjကို
ပေါင်းပြီးဘာသာပြန်​။
(Have)/set/get/make =...​စေသည်​/....​အောသ်​လုပ်​သည်​။
Turn =...သွား​စေသည်​။
drive =...​အောင်​လုပ်​သည်​။
Leave = .....တဲ့အတိုင်း ထားရစ်​သည်​။
Keep = ....တဲ့အတိုင်းထားသည်​။

1. My love-letter has her rejoiced.
ကျွန့်​​တော်​ရည်းစားစာက သူမကို ၀မ်း​မြောက်
စေသည်​။

2. The kidnappers set the hostages free.
ပြန်​​ပေးသမားများသည်​ ဓားစာခံများကို
လွတ်​လပ်​​စေခဲ့သည်​။(လွှတ်​ခဲ့သည်​)

3. The factories get the environment poluted.
ယင်းစက်​ရုံများက ပတ်​၀န်းကျင်​ကို ညစ်​ညမ်း​စေ
သည်​။

4.The sun makes us warm.
နေသည်​ ကျွနု​ပ်​တို့ကို ​နွေး​စေသည်​။

စသည်​​ပေါ့...​နော်​။

5💝 S + C.V + O + O.C(parti )+ Adv
အထက်​ကနဲ့တူ၏။
C.Vကို particleနဲ့​ပေါင်းပြီးဘာသာပြန်​။
Let =.....ခွင့်​ပြုသည်​/ .....​စေသည်​။
Keep = .......ထားသည်​။
(ဤကြိယာကား ဤမျှသာ )

1. The holes let air in.
ယင်းအ​ပေါက်​များသည်​ ​လေကို အတွင်းသို့
ခွင့်​ပြုသည်​။ (အထဲသို့​ ၀င်​​စေသည်​)

2. The thief keeps his hands up.
ယင်းသူခိုးသည်​ သူ၏လက်​များကို အ​ပေါ်
မှာထားသည်​။ (လက်​​မြှောက်​ထားသည်​)

လားအ​မေး၊ အငြင်း၊ အငြင်း​မေးမျာကို
Do -များကိုသုံး၍ ထုံးစံအတိုင်းလုပ်​ပါ။

See first သို့မဟုတ် followလုပ်ထားလေ့လာချင်ရင်

       Ven Nanujjota (ATP)

Typical Mistakes: မှားလေ့ရှိသော အမှားများ

💥 Typical Mistakes: မှားလေ့ရှိသော အမှားများ

opened = (ဆိုင်) ဖွင့်သည်

⚠️ အသုံးနှုန်း အမှား = Is the museum "opened" today? ⚠️

✅ English စာမှာ "open" ရဲ့ past participle (Verb three) က "တယောက်ယောက်က ဖွင့်လိုက်တယ်" ဆိုတဲ့ action ကိုပဲ အဓိပ္ပါယ် ရပါတယ်။
ဥပမာ
1) A new theatre was opened in my town today.

✅ တကယ်လို့ (ဆိုင် သို့မဟုတ် နေရာတစ်ခု) က မပိတ်ဘူးလို့ ဆိုလိုချင်တာ ဆိုရင်တော့ Verb to be + open:

1) Is the museum open today?
2) Our shop is open today.
ဆိုပြီး သုံးရပါမယ်။

Oakkar Thin

Like and As အသုံးကွာဟချက်များ လေ့လာစို့

Like and As အသုံးကွာဟချက်များ လေ့လာစို့
^^^^^^^^^^^^^^^^^^^^^^^^^
သကဲသို့လို့ဘာသာပြန်ပါတယ်။
like and as က ဘာတွေကွာလဲ?

Like and as က တော်တော်ကို ရှုတ်ထွေးပါတယ်။
့part of speech (ဝစင်္ဂ)  ကိုသာသေချာလေ့လာပါ။
As ကို preposition / conjunction နှစ်ခုလုံးသုံးပါတယ်။

>>အောက်ပါစာကြောင်းများကတော့ preposition (ဝီဘတ)်အနေနဲ့သုံးခြင်းဖြစ်ပါတယ်။
*I worked as a taxi driver.
*He was nominated (ရွှေးချယ်ခံရသည်)as a chairman  of the company.
*He used the carpet (ကောဇော)as a decoration (အလှစင်သည်။)in his office.
*The wind can be used as a source (အရင်းအမြစ်)of energy.

:အောက်ပါစာကြောင်းများကတော့ conjunction
(သမန္ဓ)အနေနဲ့သုံးခြင်းဖြစ်ပါတယ်။
ဘာနဲ့ကြည့်လဲဆိုတော့ as နောက်မှာ subj and verb
ပါပါတယ်။
ဆိုလိုတာက sentence ပါပါတယ် ။

*She behaved exactly as her mother told her.
သူမအမေပြောထားတဲ့အတိုင်း တိတိကျကျ ပြုမူသည်။
When in Rome do as the Romans do.
ရောမရောက်မှ တော့ ရောမသားလိုပြုကျင့်ပါ။ဒီလိုလည်း
ရေးလို့ရပါတယ်။
When in Rome do as the Romans.
ဒီ as က preposition ပါ။

Like ကို preposition / conjunction နှစ်ခုလုံးသုံးပါတယ်။
>>အောက်ပါစာကြောင်းများကတော့ preposition (ဝီဘတ)်အနေနဲ့သုံးခြင်းဖြစ်ပါတယ်။
*He has been working like a dog.
*I am like my mother. I hate waiting.
*He looks like his father.

>>အောက်ပါစာကြောင်းများကတော့ conjunction
(သမန္ဓ)အနေနဲ့သုံးခြင်းဖြစ်ပါတယ်။
as, or as if  အဓီပ္ပါယ်ရောက်ပါတယ်။

*They look like they have been having fun.
က  They look as if they have been having fun.
အဓိပ္ပါယ်တူတူပါဘဲ။

>>>သေချာမှတ်ပေးပါ။
"Preposition" နောက်မှာ noun or noun စု ရှီမယ်။
"Conjunction" နောက်မှာ subj and verb (sentence )
လိုက်ပါတယ်။

Monday, January 15, 2018

🗣နေ့စဉ်သုံးလျပ်တစ်ပြက်အင်္ဂလိပ်ဝါကျတိုများ(၁၄၅)

🗣🗣နေ့စဉ်သုံးလျပ်တစ်ပြက်အင်္ဂလိပ်ဝါကျတိုများ(၁၄၅)🗣🗣
   *******************************************************
Is there anyone at home? = အိမ်ထဲမှာ တစ်ယောက်ယောက် ရှိသလားခင်ဗျာ။
Is there anyone you're interested in? = မင်း စိတ်ဝင်စားတဲ့လူ ရှိလား။
Is there anymore of this? = ဒီဟာ ကျန်သေးလားဟေ့။
Is there anything else I can show you? = တစ်ခြား ဘာများကြည့်ချင်ပါသေးသလဲခင်ဗျာ...ကျွန်တော်ပြနိုင်ပါတယ်။
Is there anything,I can do for you? = ခင်ဗျားကို တစ်ခုခု ကူညီနိုင်တာများ ရှိမလား။
Is there anything you'd like to explain? = ခင်ဗျားအနေနဲ့ ကျွန်တော့်ကို ရှင်းပြပေးစေချင်တာများ ရှိမလား။
Is there much crime? = အဲ့ဒီမှာ ပြစ်မှု များပါသလား။
Is this a social visit? = ဒါဟာ လူမှုရေး အလည်အပတ်ခရီးလား။
Is this a social visit or is it business? = အလည်ခရီးနဲ့လာတာလား ဒါမှမဟုတ် စီးပွားရေးကိစ္စလား။
Is this day and age, plain girls are as plentiful as mushroom. = ဒီခေတ်ဒီအခါကြီးမှာ ရုပ်ဆိုးဆိုး မိန်းမတွေ ပေါသလား မမေးနဲ့။
Is this correct? = ဒါ မှန်သလား။
Is this expression often used? = ဒီ အသုံးအနှုန်းမျိုး သုံးလေ့ရှိသလား။
Is this phone yours? = ဒီဖုန်းက ခင်ဗျားဟာလား။
Is this place vacant? = ဒီနေရာ လူလွတ် သလားဗျ။
Is this really for me? = ဒါက တကယ်ကျွန်တော့်အတွက်လား ဗျ။
Is this seat taken? = ဒီခုံမှာ လူရှိသလား ခင်ဗျာ။
Is this table engaged? = ဒီ စားပွဲအားသလား ခင်ဗျာ။
Is this taxi taken? = ဒီတက္ကစီက ငှားထားပြီးသားလား ခင်ဗျာ။
Is this the first time you have driven a car? = ဒါဟာ ခင်ဗျားရဲ့ ပထမဆုံးအကြိမ် ကားမောင်းဖူးတာလား။
Is this the sort of design you were thinking of? = ခင်ဗျား စဉ်းစားထားတဲ့ ဒီဇိုင်းမျိုးက ဒီလိုမျိုးလား။
Is this train bound for Melaka? = ဒီရထားက မလက္ကာကို ရောက်မလား/ ဦးတည်ပြီး သွားမလားခင်ဗျ။
Is this train to KL Sentral? = ဒီရထားက ကေလယ်စင်ထရယ်ကို သွားတဲ့ရထားလား ခင်ဗျာ။
Is this wrong? = ဒါက မှားသလား ဗျ။
Is this your book? = ဒါ ခင်ဗျား စာအုပ်လား။
Is this your first time in Yangon? = ဒါက ခင်ဗျား ရန်ကုန်ကို ပထမဆုံး အကြိမ်လား။
Is this your first visit to Myanmar? = ဒါ ခင်ဗျားအနေနဲ့ မြန်မာပြည်ကို ပထမဆုံးအလည်ရောက်တာလား။
Is today okay? = ဒီကနေ့ အဆင်ပြေရဲ့လား။
Is your brother married? = မင်းအကိုက အိမ်ထောင်ကျပြီးပြီလား။
Is your business paying? = လုပ်ငန်း အကျိုးအမြတ်ရော ရှိသလား။
Is your coffee hot enough? = ခင်ဗျား ကော်ဖီက အနေတော် ပူပါရဲ့လား။
Is your company on Pyay road? = မင်း ကုမ္ပဏီက ပြည်လမ်းမှာလား။
Is your girlfriend acting up? = မင်းကောင်မလေးက ကဂျီကဂျောင်လုပ်နေလို့လား။
Is your English getting better? = မင်း အင်္ဂလိပ်စာ တိုးတက်ရဲ့လား။
Is your father at home? = နင့်အဖေက အိမ်မှာလား။
Is your house very far from here? = မင်း အိမ်က ဒီကနေ တော်တော်ဝေးသလား။
Is your mother coming with us? = မင်းအမေရော ငါတို့နဲ့ အတူ သွားမှာလား။
Is your passport in order? = မင်း နိုင်ငံကူးလက်မှတ်က လမ်းမှန်ကမ်းမှန် ဖြစ်ရဲ့လား။
Is your printer working? = မင်း စာကူးစက် အလုပ်လုပ်နေလား။ ကောင်းလား။
Is your school very far from here? = ခင်ဗျားကျောင်းက ဒီကနေ တော်တော်ဝေးသလား။
Is your sister married? = မင်း ညီမက အိမ်ထောင်နဲ့လား။
Is your watch correct? = မင်းနာရီ အချိန်မှန်သလား။
Is your watch expensive? = မင်းနာရီက ဈေးသိပ်ကြီးသလား။
Is your watch fast? = မင်းနာရီ မြန်သလား။
Is 5 : 00 PM all right? = ညနေ ငါးနာရီဆို ဘယ်လိုလဲ ဖြစ်မလား။
Islands rely on reeds, just as reeds rely on islands. = ကိုင်းကျွှန်းကို မှီသလို ကျွန်းက ကိုင်းကိုမှီခိုရတာပါပဲ။
It all come down to money in the end. = နောက်ဆုံး အနှစ်ချုပ်လိုက်တော့ အဖြေက ငွေပါပဲကွာ။
It all depends a lot on your doing. = အားလုံးဟာ မင်းရဲ့လုပ်ရပ်ပေါ်မူတည်နေတယ်လေ။
It all happened many moons ago. = အဲ့ဒါက ဟိုး..ရှေးပဝေသဏီကဖြစ်ခဲ့တာကြီးပါ။
It amounts to the same thing! = ရလာဒ်ကတော့ အတူတူပါပဲ။

@@ပညာရှာဆဲမို့အမှားပါကပြုပြင်ပေးကြပါခင်ဗျာ။
@@အားလုံးကိုအစဉ်လေးစားချစ်ခင်လျက်...ဦးမျိုး(ခေတ္တ-မလေးရှား)

🗣နေ့စဉ်သုံးအင်္ဂလိပ်ဝါကျတိုများ(၁၃၄)

🗣နေ့စဉ်သုံးအင်္ဂလိပ်ဝါကျတိုများ(၁၃၄)🗣
########################
I don't stand on your tongue. = ကျွန်တော် သည်းမခံနိုင်တော့ဘူး။
I don't stay away the person who I don't want to meet. = ငါ မတွေ့ချင်တဲ့လူကို ငါက ခပ်ခွါခွါ မနေပါဘူး။
I don't strive as you do. = မင်းလုပ်သလိုမျိုး ကိုယ် မကြိုးပမ်းပါဘူး။
I don't take care. = ငါ ဂရုမစိုက်ပါဘူး။
I don't take care whatever you say. = မင်းဘာပြောပြောငါ ဂရုမစိုက်ပါဘူး။
I don't take care whatever you think. = မင်း ဘာပဲ ထင်ထင် ငါ ဂရုမစိုက်ဘူး။
I don't take care whoever they are. = သူတို့ ဘယ်သူတွေဖြစ်ဖြစ် ငါ ဂရုမစိုက်ပါဘူး။
I don't take care whoever you are. = မင်း ဘယ်သူဖြစ်နေနေ ငါဂရုမစိုက်ပါဘူး။
I don't take sides with either party. = ကိုယ်က ဘယ်ပါတီဘက်မှ မလိုက်တတ်ပါဘူး။
I don't talk big. = ကိုယ် ကြွားမပြောပါဘူးကွာ။
I don't teach English because I have been working. = ကျွန်တော်က အလုပ်လုပ်နေတဲ့အတွက်ကြောင့်မို့ ကျွန်တော် အင်္ဂလိပ်စာ မသင်ပြပေးနိုင်ပါဘူး။
I don't tease her. = ကိုယ် သူမကို မ စ ပါဘူး။
I don't think about it. = ငါ ဒါကို မစဉ်းစားဘူး။
I don't think for one minute that he'll do. = သူ ဒါကို လုပ်လိမ့်မယ်လို့ ငါ နည်းနည်းမှ မထင်ဘူး။
I don't think he is a good man. = သူဟာ လူကောင်းတစ်ယောက်လို့ ငါမထင်ဘူး။
I don't think he is a thief. = သူဟာ သူခိုးတစ်ယောက်လို့ ငါမထင်ပါဘူး။
I don't think he is on the square. = သူ ရိုးသားတယ်လို့ ငါ မထင်ပါဘူး။
I don't think he will ever amount to anything. = သူ ဘာကောင်မှ ဖြစ်လာမှာ မဟုတ်ပါဘူးကွာ။
I don't think he will pass the interview. = သူ အင်တာဗျူး အောင်မယ်လို့ ငါမထင်ပါဘူး။
I don't think his idea will work. = သူ့စိတ်ကူးက အလုပ်ဖြစ်လိမ့်မယ်လို့ ကျွန်တော်မထင်ဘူး။
I don't think I can come to visit your house. = ငါ မင်းအိမ်ကို လာနိုင်မယ် မထင်ဘူးကွာ။
I don't think I can cook this Malaysian food. = ငါ မလေးရှား အစားအစာချက်နိုင်တယ်လို့ မထင်ဘူး။
I don't think I can do it alone. = ငါ တစ်ယောက်ထဲ လုပ်နိုင်မယ် မထင်ဘူး။
I don't think I can help you. = ငါ မင်းကို ကူညီနိုင်မယ် မထင်ဘူးကွာ။
I don't think I can move it by myself. = ဒါကို ငါတစ်ယောက်ထဲ ရွှေ့နိုင်မှာ မဟုတ်ဘူး။
I don't think I want to go anymore. = ငါ ထပ်ပြီး မသွားချင်တော့ဘူးရယ်။
I don't think I will go. = ငါတော့ သွားလိမ့်မယ် လို့ ငါမထင်ပါဘူးကွာ။
I don't think I will pass the exam. = ငါ စာမေးပွဲ အောင်လိမ့်မယ်လို့ ငါမထင်ဘူး။
I don't think kids should be spanked at all. = ကျွန်တော်တော့ ကလေးတွေကို လုံးဝ မရိုက်သင့်ဘူးလို့ ထင်မိတယ်။
I don't think she can do it alone. = သူမ အဲ့ဒါကို တစ်ယောက်ထဲ လုပ်နိုင်တယ်လို့ ငါမထင်ဘူး။
I don't think she has a good job. = သူမမှာ အလုပ်ကောင်းတစ်ခုရှိတယ်လို့ ငါ မထင်ဘူး။
I don't think she's telling the truth. = သူမ အမှန်ပြောနေတယ်လို့ ကျွန်တော် မထင်ပါဘူး။
I don't think so. = ကျွန်တော်တော့ မထင်ဘူး။
I don't think that's what he meant at all. = သူ ဆိုလိုတာ အဲ့လိုမဟုတ်ဘူးလို့ ထင်ပါတယ်။ အဲ့လိုဆိုလိုတယ်လို့ ကျွန်တော်မထင်ဘူး။
I don't think the characters are very true to life. = ဒီဇာတ်ကောင်တွေဟာ တကယ့်ဘဝနဲ့ နီးစပ်တယ်လို့ကို ငါမထင်ပါဘူး။
I don't think they can do anything. = သူတို့ အားလုံးဘာမဆိုလုပ်နိုင်တယ်လို့ဖြင့် ငါမထင်ပါဘူး။
I don't think they can do it. = သူတို့ ဒါကို လုပ်နိုင်တယ်လို့ ငါမထင်ပါဘူး။
I don't think they can do themselves. = သူတို့ဘာသာ သူတို့ လုပ်နိုင်တယ်လို့ ငါတော့ မထင်ပါဘူး။
I don't think they can play football very well. = သူတို့ ဘောလုံးကောင်းကောင်း ကန်နိုင်ကြတယ်လို့ ငါမထင်ပါဘူး။
I don't think they come here today. = သူတို့ ဒီနေ့ ဒီကို လာမယ်လို့ ငါမထင်ဘူး။
I don't think they know it. = သူတို့ အဲ့ဒါကို သိတယ်လို့ ငါမထင်ဘူး။
I don't think they need me. = သူတို့က ငါ့ဆီက အကူအညီလိုတယ်လို့ ငါ မထင်ဘူး။
I don't think they will go abroad. = သူတို့ နိုင်ငံခြား သွားလိမ့်မယ်လို့ ငါ မထင်မိဘူး။
I don't think this is reliable. = ဒါ သိပ်စိတ်မချရသေးဘူးလို့ ထင်တယ်။ ယုံကြည်စိတ်ချရတယ်လို့ ငါမထင်ဘူး။
I don't think we've been introduced. = ကျွန်မတို့ချင်း မိတ်မဆက်ကြသေးဘူးလို့ ကျွန်မထင်တယ်။ မိတ်ဆက်ပြီးသား ဖြစ်မယ်လို့ ငါမထင်ဘူး။
I don't think we've met. = ကျွန်တော်တို့ မတွေ့ဘူးကြသေးဘူးနော်။ တို့ မတွေဖူးကြဘူးလို့ ကိုယ်ထင်တယ်။
I don't think you're human. = ငါကတော့ မင်းကို လူလို့ကို မထင်ဘူး။
I don't think you're met him before. = သူကို အရင်က တွေ့ဖူးတယ်လို့ ကျွန်တော် မထင်ပါဘူး။
I don't think you're playing straight with me. = မင်းဟာ ငါနဲ့ဆက်ဆံရာမှာ မှန်မှန်ကန်ကန်ရှိလိမ့်မယ်လို့ ငါ မထင်ပါဘူး။
I don't think you can do that. = မင်း အဲ့ဒါကိုလုပ်နိုင်တယ်လို့ ငါမထင်ပါဘူး။
I don't think you can edit my article. = ငါ့ဆောင်းပါးကို မင်းတည်းဖြတ်နိုင်လိမ့်မယ်လို့ ငါမထင်ဘူး။
I don't think you can meet me. = မင်းငါ့ကိုတွေ့နိုင်လိမ့်မယ်လို့ ငါမထင်ဘူး။

@@အင်္ဂလိပ်စကားပြောကြွယ်ဝကြပါစေ။
@@အားလုံးကိုလေးစားလျက်...ဦးမျိုး(ဖိုးသာထူး)

Wednesday, January 10, 2018

Online သင်​တန်း (ဒုတိယ)​နေ့မှတ်​တမ်း

Online သင်​တန်း (ဒုတိယ)​နေ့ မှတ်​တမ်း

Lesson 2 (Week 1 - Introduction)

Deadline: (၂၄)နာရီးအတွင်း​ဖြေရမည်
::::::::::::::::::::::::::::::::::::::::::::::::

Good evening, ladies and gentlemen!

အိုကေ...ကျနော်တို့  နိုင်ငံခြားသားတစ်ယောက်ကိုစတင်တွေ့တာနဲ့ မေးသင့်တဲ့အရေးကြီးဆုံး၊ အသုံးအများဆုံးမေးခွန်းလေးတွေ လေ့လာရအောင်ပါ။

၁။ What is your name? (What's your name?)

မိတ်ဆွေရဲ့နာမည်ကဘယ်သူလဲ။ ဒါဆိုရင် သူ့နာမည်ကိုပြောပြမှာပါ။ သေသေချာချာမကြားရင် ပြန်မေးပါ။ I'm sorry. Can you repeat? အားနာပါတယ်။ ပြန်ပြောနိုင်မလားလို့ မေးရပါတယ်။

၂။ Where are you from?
ခင်ဗျားဘယ်ကလဲ။ ဒါဆိုရင် သူ့ရဲ့နိုင်ငံကိုပြောပြမှာဖြစ်ပါတယ်။ ဒီ့ထက်ပိုအသေးစိတ်မေးချင်ရင်တော့
Where are you from originally? From which city? လို့မေးလို့ရပါတယ်။

၃။ How long have you been here?
ခင်ဗျားဒီရောက်တာကြာပြီလား။ သူက four weeks, three months, one and half year တစ်နှစ်ခွဲစသည်ဖြင့်ပြန်ဖြေမှာဖြစ်ပါတယ်။

၎။ Is it your first time here?
ဒါပထမဆုံးရောက်ဖူးတာလား။ ဆိုရင် သူက Yes ဒါမှမဟုတ် No ဆိုပြီးဖြေပေးမှာဖြစ်ပါတယ်။
ပြီးရင် Welcome to Myanmar! လို့ပြောလိုက်ရင် သူက Thank you. လို့ပြန်ပြောပါလိမ့်မယ်။

ကဲဒီမေးခွန်း (၄) ကြောင်းထဲကို Comment မှာ ပထမ Lesson လိုပဲ စာအုပ်ပေါ်ရေး ရှင်းရှင်းလင်းလင်းပုံရိုက်ပြီး တင်ကြရအောင်ပါ။ ဒါမှမဟုတ်လဲ Screenshot တင်ကြရအောင်ပါ။ 

Grammar Points!
၁။ မေးခွန်းလေးတွေဖြစ်တဲ့အတွက် ၀ါကျအဆုံးမှာ Question Mark ? လေးတွေမကျန်ရပါ။ ကျန်ရင် မုန့်ဝယ်ကျွေးရမှာဖြစ်ပါတယ်။ ;)

၂။ နံပါတ် ၁၊ ၂ နှင့် ၃ တို့ကို Wh Questions များဟုခေါ်ပြီး နံပါတ် ၄ ကိုတော့ Yes/No Questions ဟုခေါ်ပါတယ်။
Yes ဒါမှမဟုတ် No တစ်ခုခုဖြေပေးရသောကြောင့်ဖြစ်ပါတယ်။ Yes/No Questions အမျိုးအစားများကို နောက်ပိုင်းပိုမိုလေ့လာသွားကြမှဖြစ်ပါတယ်။

မှတ်ချက်။ ။ သင်တန်းမှတင်သော ပို့စ်များအားလုံးကို Like မလုပ်ရပါ။ မေးချင်တာမြန်မာလိုမေးနိုင်ပါတယ်။

OK, let's finish this today!!!!!

Religious_words (ဘာသာရေးစကားလုံးများ)

#Religious_words  (ဘာသာရေးစကားလုံးများ)

Buddha               =ဗုဒ္ဓမြတ်စွာဘုရား။

Buddhism          =ဗုဒ္ဓဘာသာ။ဗုဒ္ဓဝါဒ။

Buddhist             =ဗုဒ္ဓဘာသာကိုးကွယ်သူ။

Buddha Image   =ဗုဒ္ဓရုပ်ပွားတော်

Buddhist scriptures   =ပိဋကတ်တော်များ။

Buddhist monk  =ဗုဒ္ဓဘာသာဘုန်းတော် ကြီး။

Bodhisatta          =ဘုရားလောင်း။

Abbot=ကျောင်းထိုင်ဆရာတော်။ကျောင်းထိုင်ဘုန်းကြီး။

Monk                  =ဘုန်းကြီး။ရဟန်း။

Novice                =ကိုရင်။

Nun                     =မယ်သီလရှင်။

Hermit                =ရသေ့။

Ordination Hall  =သိမ်။

Monastery          =ဘုန်းကြီးကျောင်း။

Pagoda                =ဘုရား။

Stairway             =စောင်းတန်း။

Rest house         =ဇရပ်။

Ordination         =ရဟန်းပြု ခြင်း

meditation         =ကမဌာန်းအားထုတ်သည်။
                                တရားထိုင်သည်။

Merit                   =ကုသိုလ်။ကောင်းမှုကုသိုလ်။

Demerit              = မကောင်းမှု အကုသိုလ်

Fate                     =ကံကြမ္မာ။ကံ။

Anger                  =ဒေါသ။

Charity                =ဒါန။

Hatred                 =ဒေါသ။

Conceit                =မာန။

Arrogance           =မာန။

Pride                     =မာန။

Nirvana               =နိဗ္ဗာန်။

Greed                   =လောဘ။

Hell                       =ငရဲ။

Preach                  =တရားဟောသည်။

Compassion        =ဂရုဏာ။

Loving-kidness   =မေတ္တာ။

Attachment          =သံယောဇဉ်။

Physical action    = ကာယကံ

Verbal action         = ဝစီကံ

Mental action        = မနောကံ

Impermanence    = အနိစ္စ

Suffering               = ဒုက္ခ

Non-self                = အနတ္တ

Donor                     = အလှူ ရှင်

Donation box       = အလှူ ခံပုံး

#Credit_Thanks_to_Indacara

Online သင်​တန်းပထမ​နေ့မှတ်​တမ်း

Online သင်​တန်းပထမ​နေ့မှတမ်း
Lesson 1 (Week 1-Introduction)
========================= 10-1-2018

Ven.Indâcariya: Hello. My name's Ven.Indâcariya. It's nice to meet you! I live in Mandalay, now.

Ohn Saw: Hi. I’m Ohn Saw. Nice to meet you, too! I live in Seoul, now.

အရှင်​ဣန္ဒာစရိယ: မင်္ဂလာပါ။ ကျနော့်နာမည် (အရှင်​ဣန္ဒာစရိယ)
ပါ။ တွေ့ရတာဝမ်းသာပါတယ်။ ကျနော်အခု (မန္တ​လေး )မှာနေပါတယ်။

အွန်ဆော: မင်္ဂလာပါရှင်။ ကျမကတော့ (အွန်ဆော) ဖြစ်ပါတယ်။ ကျမလည်းတွေ့ရတာဝမ်းသာပါတယ်။ ခုဆိုးလ်မှာနေပါတယ်။

ပွဲဦးထွက် Lesson အနေနဲ့ အားလုံးလွယ်လွယ်ကူကူ ယခုလိုစတင်မိတ်ဆက်ကြရအောင်ပါ။

မိမိနာမည်အရင်းနဲ့ ကိုယ်စိတ်ဝင်စားတဲ့ နာမည်ကျော်တစ်ယောက်ယောက်ယောက်ရဲ့ နာမည်သုံးပြီး နှစ်ဦးမိတ်ဆက်ကြပုံလေးကိုလေ့လာကြရအောင်ပါ။

မိမိယခုလက်ရှိနေထိုင်နေတဲ့မြို့နာမည် (ဇာတိမဟုတ်ပါဘူး၊ နိုင်ငံခြားမှာဆိုရင် ကိုယ်နေနေတဲ့မြို့နာမည်) နဲ့ နာမည်ကျော်အတွက်မြို့တစ်ခုခုကိုသုံးပြီး ကျနော်ရေးထားသလိုအထက်ပါအတိုင်း Conversation စကားပြောအခြေအနေပုံစံရေးပေးရမှာဖြစ်ပါတယ်။

မှတ်​ချက်​။ ။
မိမိရဲ့ဗလာစာအုပ်ထဲမှာ အထက်ပါအတိုင်းရေးပြီး ဓါတ်ပုံရိုက်ကာ Photo Comment အနေနဲ့ဒီပို့စ်အောက်မှာတင်ပေးရမှာဖြစ်ပါတယ်။ ပုံကိုထင်ထင်ရှားရှားမြင်ရအောင် သေသေချာချာအလင်းအမှောင်အနည်းငယ်ရှိစေကာ ရိုက်ဖို့လိုအပ်ပါတယ်။ ဒါမှမဟုတ်လဲ ကိုယ့်ရဲ့ Note App မှာရေးပြီး Screenshot ရိုက်တင်လို့ရပါတယ်။
ဒီဖြေနည်း(၂)မျိုးထဲက ကိုယ်နဲ့အဆင်ပြေရာနဲ့ဖြေနိုင်ပါတယ်။ ရိုးရိုး Comment ရေးပြီးမဖြေရပါဘူး။

အထက်မှာ ​ရေးခဲ့သလို အင်္ဂလိပ်လိုစုစုပေါင်း (၈)ကြောင်းပါဝင်တဲ့ စာပိုဒ်(၂)ပိုဒ်ပဲရေးရမှာဖြစ်ပါတယ်။
မြန်မာလိုရေးစရာမလိုပါဘူး။ အခြားအချက်အလက်များလုံးဝ (လုံးဝ) မရေးရပါ။ နာမည်နဲ့ မြို့နာမည်တွေပဲပြောင်းရေးရမှာဖြစ်ပါတယ်။
တစ်ချို့အချက်လေးတွေကိုတော့ နည်းနည်းပါးပါးကွဲပြားရေးလို့ရပါတယ်။

ဥပမာ- Hello နေရာမှာ Hi. ပြီးတော့ It's my pleasure to meet you. လို့ရေးလည်းရပါတယ်။
ပြီးတော့ အွန်ဆောကဒုတိယမြောက်ပြောတဲ့သူဆိုတော့ too ဆိုတာလေးထည့်ပေးရမှာဖြစ်ပါတယ်။ တကယ်လို့ လူကြီးလူကောင်းနဲ့တွေ့ဆုံရာမှာပြောမယ်ဆိုရင်တော့ It’s nice to meet you. အစား How do you do? ဆိုတာကိုသုံးမှာဖြစ်ပါတယ်။

Grammar Points!

၁။ လူနာမည်ရေးရာတွင် ပထမဆုံးစာလုံးကို စာလုံးကြီး (Capital Letter) ကိုသုံးရမှာဖြစ်ပါတယ်။

၂။ နိုင်ငံနာမည်များ၊ မြို့နာမည်များ၊ လမ်းနာမည်များစသည်ဖြင့် နာမည်အများစုကိုရေးရာတွင်လည်းအလားတူ Capital Letter ကိုသုံးရမှာဖြစ်ပါတယ်။

၃။ ၀ါကျအစ စကားလုံးရဲ့ ပထမဆုံးစာလုံးကိုလည်း Capital Letter ဖြင့်ရေးရမှာဖြစ်ပါတယ်။

၎။ စာလုံးပေါင်း Spelling လေးတွေကိုလည်းမှန်ကန်စွာရေးရမှာဖြစ်ပါတယ်။

၅။ name's ဆိုတာက name is ကိုအတိုချုံ့ရေးထားတာဖြစ်ပြီး It's ဆိုတာကတော့ It is ကိုအတိုချုံ့ရေးထားတာဖြစ်ပါတယ်။
စကားပြောမယ်ဆိုရင် အဲ့လိုအတိုချုံ့ပြီးပြောလေ့ရှိသောကြောင့် အတိုချုံ့ရေးထားတာဖြစ်ပါတယ်။
စကားပြောမဟုတ်ဘဲ အခြား Essay များ၊ အလုပ်လျှောက်ထားခြင်း Letter များရေးမယ်ဆိုရင်တော့ အတိုချုံ့ရေးလေ့မရှိပါဘူး။

၆။ စာသင်တန်းမှာ စာလေ့လာခြင်းဖြစ်တဲ့အတွက် စာကြောင်းတွေကိုအပြည့်အစုံရေးပေးရပါမယ်။ အခြားခေတ်ပေါ် ရုံးသုံးမဟုတ်သော မြန်မာအင်္ဂလိပ်အရောစာများနှင့် Free Style အတိုချုံ့ရေးသားခြင်းများကိုမပြုလုပ်ရပါ။
ဥပမာ - You ကို u ဟုရေးသားခြင်း၊ Yangon ကို Ygn ဟုရေးခြင်း၊ for ကို 4 ဟုရေးသားခြင်း၊ Tway ya tar wann tar par tal... စသည်တို့ဖြစ်ပါတယ်။

၇။ စာကြောင်းအဆုံးမှာ ဖူးစတော့ (Full Stop) လေးတွေနဲ့ အခြား အံ့သြတာ၊ ထူးခြားစေတာကိုပြသတဲ့ ! အမှတ်အသားလေးတွေကိုလည်းမေ့လို့မရပါဘူး။

၈။ စုစုပေါင်းစာကြောင်း(၈)ကြောင်းလုံးကို Present Tense (Verb 1) ကိုပဲသုံးရမှာဖြစ်ပါတယ်။

Tips!
သူငယ်ချင်းတွေဖြေထားတာတွေကိုသွားကြည့်ပါက အသစ်အဆန်းလေးနဲ့ သူတို့ဘယ်ကနေလေ့လာနေတာလဲ၊ ကိုယ်နဲ့မြို့ချင်းတူလားဆိုတာလေးတွေကို တွေ့ရှိရမှာဖြစ်ပါတယ်။
ဒါကြောင့် သွားကြည့်ပြီး တကယ်လို့မေးချင်တာပြောချင်တာတစ်ခုခုရှိခဲ့ရင် သူငယ်ချင်းဖြေထားတဲ့အခြေအောက်မှာ မြန်မာလို Reply ပေးမေးခဲ့နိုင်ပါတယ်။ ကိုယ့်ကိုလာမေးရင်လည်း ပြန်ဖြေပေးရမှာဖြစ်ပါတယ်။ မှားမှာကို ဂရုစိုက်စရာမလိုပါဘူး...

Important!
အရေးကြီးတာကတော့ အပေါ်ဆုံးခေါင်းစဉ်မှာဖော်ပြထားတဲ့အတိုင်း ယခု Lesson ကိုပြီးဆီးအောင်လုပ်ရမဲ့နောက်ဆုံးရက် Deadline က January (11) ရက်နေ့ဖြစ်ပါတယ်။

(၁၁) ရက်နေ့ ည(၁၂)နောက်ဆုံးထားပြီး ကိုယ်အဆင်ပြေရာအချိန်၊ ကိုယ်အဆင်ပြေရာနေ့မှာဖြေနိုင်ပါတယ်။ ဆရာမမှအဖြေများကိုစစ်ဆေးပေးပြီး မေးခွန်းများကိုဖြေပေးမှာဖြစ်ပါတယ်။ (၁၁) ရက်နေ့နောက်ပိုင်းမှလေ့လာနိုင်သော်လည်း သတ်မှတ်ထားသောနောက်ဆုံးရက်ကျော်လွန်သောကြောင့် အဖြေများလာရောက်တင်ထားပါက ဆရာ၊ဆရာမများမှစစ်ဆေးပေးမည်မဟုတ်ဘဲ ကျောင်းသားတို့၏အပါတ်စဉ်လေ့ကျင့်ခန်းပြုလုပ်မှုကိုစစ်ဆေးပေးသောဇယား Students Weekly Work Check Table တွင်လည်းထည့်သွင်းမည်မဟုတ်ပါ။
ဒါကြောင့် ကိုယ်ကပြီးအောင်မလုပ်ထားနိုင်ဘူးဆိုရင် ခွင့်တိုင်ထားခဲ့ဖို့လိုအပ်ပါတယ်။
ဒီပို့စ်အောက်မှာပဲ (၁၁) ရက်နေ့အထိ ဘာကြောင့်မလုပ်နိုင်သေးဘူးဆိုတာနဲ့ ဘယ်နေ့မှပြန်လုပ်ဖြစ်မယ်ဆိုတာကို Comment ပေးခွင့်တိုင်ပေးခဲ့နိုင်ပါတယ်။ ဒါဆိုရင်တော့ ခွင့်တိုင်ထားတဲ့အတွက် နောက်ကျတဲ့အဖြေများကိုလက်ခံစစ်ဆေးပေးသွားမှာဖြစ်ပါတယ်။ 

OK! Let's finish the first lesson!!!!! Fighting!

မှတ်ချက်။ ။သင်တန်းစည်းမျဉ်းအရ နတ်မောက်စင်တာမှ ပိုစ့်များအားလုံးကိုမည်သူမျှ Like သုံးခွင့်မပြုတာကိုထပ်မံတင်ပြအပ်ပါတယ်။

ဆရာ၊ဆရာမများမှသင်ခန်းစာများစစ်ဆေးရာတွင်အသုံးပြုရန်လိုအပ်သောကြောင့်ဖြစ်ပါတယ်။ Comment များကိုတော့ Like ပေးနိုင်ပါတယ်။ ကိုယ့်ရဲ့အဖြေပုံမှာစာကြောင်းတွေကို ရှင်းရှင်းလင်းလင်းမြင်ရဖို့လိုအပ်ပါတယ်။ ဒါမှမဟုတ်လည်း အကူအညီလိုရင် Comment ပေးမေးခဲ့နိုင်ပါတယ်။ ကျနော်တို့စီမံတာဝန်ခံမှ ကူညီပေးမှာဖြစ်ပါတယ်။ မေးလိုရာမေးမြန်းနိုင်ပါတယ်။