Saturday, November 25, 2017
အင်္ဂလိပ်ဘာသာစကားကိုသင်ယူဖို့စိတ်ဝင်စားရင် ဒါတွေကိုအရင်သိထားသင့်ပါတယ် ★
★ အင်္ဂလိပ်ဘာသာစကားကိုသင်ယူဖို့စိတ်ဝင်စားရင် ဒါတွေကိုအရင်သိထားသင့်ပါတယ် ★
# ဒီဘာသာစကားကို အစကနေစပြီး လေ့လာမယ်ဆိုရင် ဘာတွေလိုအပ်တယ် ဘယ်အနေအထားဆိုရင် ဘယ်လောက်ကြာမယ် ဆိုတာတွေကိုသိထားတော့မှ အချိန်နဲ့ငွေကို အကျိုးရှိရှိအသုံးချနိုင်မှာပါ #
အခြေခံလုံးဝမရှိပဲ အစကနေ စရမယ့်သူတွေကိုဥပမာထားပြီးပြောပါမယ်..
ပထမဦးဆုံး ဒီဘာသာစကားကို သင်ယူလို့ရနိုင်မယ့် ပုံစံနှစ်မျိုးခွဲထုတ်လိုက်ပါမယ်...
1. Child Learning Based Method (Grammar မလို) ကလေးတွေစကားတတ်လာတဲ့ပုံစံကို အခြေပြုပြီး သင်တဲ့သင်ကြားရေး Pimsleur English လိုမျိုး
2. Grammar Based Method
Grammar ကို အခြေပြုပြီးတော့ အဆင့်ဆင့်တက်သွားတဲ့သင်ကြားရေး
❆ Child Learning Based Method
Grammar မလိုတဲ့သင်ကြားရေးပုံစံက တစ်ကယ်တော့ တော်တော်လေး အစွမ်းထက်ပါတယ်.. ဒါပေမယ့် လူနည်းစုအတွက်ပဲဖြစ်နေတာကတော့ ဝမ်းနည်းစရာပါ.. သူက Learner ရွေးပါတယ်.. ကလေးတွေရဲ့ပုံစံကိုအခြေပြုတယ်ဆိုပေမယ့် လူကြီးသင်လို့ရအောင် Modify လုပ်ထားလို့ ကျွန်တော်တို့လိုပညာရေးအခြေခံနိမ့်တဲ့နိုင်ငံတွေအတွက်တော့ ထိရောက်မှုမရှိလှပါဘူး.. အဲဒါကြောင့်ပဲလားမပြောတတ်ဘူး လက်ရှိကမ္ဘာ့အကောင်းဆုံးလို့သတ်မှတ်ထားတဲ့ Pimsleur က မြန်မာပြည်အတွက် မထုတ်ပေးထားပါဘူး သူက conversation တွေကို သက်ဆိုင်ရာဘာသာနဲ့ တွဲပြီးနားထောင်ရတာပါ.. ဥပမာ မင်းဘယ်သွားမလို့လဲဆိုရင် အင်္ဂလိပ်လိုတစ်ခေါက် Spanish လိုတစ်ခေါက်ကြားရပါမယ် ပြီးရင် မင်း ဆိုပြီး တစ်လုံးတည်းကိုပဲ ဘာသာစကားနှစ်မျိုးလုံးနဲ့ထပ်ပြောပါတယ် ပြီးရင် နောက်တစ်လုံး ဒါမှမဟုတ် နောက်ထပ်စကားစုတစ်စု အဲလိုပုံစံမျိုးနဲ့ စကားလုံး စကားစုတွေကိုနားထောင်ရတာပါ.. နားထောင်ရင်းနဲ့ သဘောပေါက်သွားပြီး ပြောတတ်လာတာမျိုးပါ..
❆ Grammar Based Method
ဒီနည်းကတော့ အကျယ်ပြန့်ဆုံးသုံးနေတဲ့နည်းပါ.. style အမျိုးမျိုးနဲ့သင်ကြပါတယ် ဒီနိုင်ငံအတွက်လည်း အင်မတန်မှကိုက်ညီပါတယ်.. ကျွန်တော်တို့ Center မှာလည်း ဒီနည်းနဲ့ပဲသင်တာပါ အဲဒီတော့ အဲဒါကိုပဲအဓိကထားပြီးပြောပါမယ်..
ဒီနည်းမှာပြောမယ့် အချိန်နဲ့ Level က စာကြည့်ချိန်အနည်းဆုံး တစ်ရက်ကို နာရီဝက် (ထိထိရောက်ရောက်ကြည့်ချိန်) ရှိတယ်.. စိတ်ပါလက်ပါရှိတယ်.. သာမန်ထက်မလျော့တဲ့ဉာဏ်ရည်ရှိတယ် ဆိုတဲ့လူတွေအတွက်ဦးတည်တာပါ..
Level 1
°°°°°°°
ဒီ level ကတော့ သင်တဲ့လူ/Center ပေါ်မူတည်ပြီး အတိုး အလျှော့နဲ့ ပုံစံကွဲပြားမှုရှိနိုင်ပါတယ် အရေးအကြီးဆုံးအပိုင်းလည်းဖြစ်ပါတယ်
အခြေခံကို အစကနေသင်ရတဲ့အတွက် မှတ်စရာလည်းများသလို ပျင်းစရာလည်းကောင်းပါတယ် ဘာတွေကိုအဓိကထားသင်လဲဆိုရင် Grammar နဲ့ Writing ကိုအဓိကထားသင်တာပါ.. ဒီ level မှာ သိထားသင့်တဲ့အချက်တွေကတော့
1. Basic Phrases (အခြေခံစကားစုများ)
2. 12 tenses or Most Used Tenses
3. Words (စကားလုံး အနည်းဆုံး 700)
4. Adjective Clause and Time Clause
5. Passive Voice
6. Imperative
ဒါတွေသိဖို့အတွက် မနားတမ်းလုပ်မယ်ဆိုရင် အချိန်သုံးလဆိုတာ လုံလောက်ပါတယ်.. အရမ်းကြီးတော့လည်း မနှံ့စပ်နိုင်ပါဘူး အထိုက်အလျှောက်ကတော့ ရေးတတ် ဖတ်တတ် ပြောတတ်ပါမယ် Retold Stories တွေကို Starter Level ကနေ Elementary Level အထိဖတ်နိုင်ပါမယ် ဒါတောင်ကြိုးစားတဲ့သူတွေအတွက်ပဲဒီရလဒ်ထွက်မှာပါ.. အချိန်သိပ်မပေးနိုင်တဲ့သူတွေအတွက်ကတော့ Level 1 ကိုပဲ နှစ်ပိုင်းခွဲပြီး ခြောက်လလောက်လေ့လာသင့်ပါတယ်
Level 2
°°°°°°°
ဒီ Level ကတော့ basic အပိုင်းမှာချန်ခဲ့တဲ့ Grammar အချက်တွေနဲ့ တစ်ချို့ခြွင်းချက်တွေကိုထပ်ဖြည့်ရတာပါ Listening နဲ့ Speaking ကိုထည့်လို့ရပါပြီ ဒါပေမယ့် ရိုးရှင်းတဲ့ Conversation တွေကတော့ အသင့်တော်ဆုံးပါ သိထားရမယ့်အချက်တွေကတော့
1. Review of All Tenses
2. Noun Clause
3. Conditional Clauses
4. Words (အနည်းဆုံး 700 ထပ်ဖြည့်ရပါမယ်)
5. Modal Verbs (Part 1)
6. Gerunds and Infinitives (Part 1)
ဒီ Level မှာ ဒီဘာသာစကားတစ်ခုလုံးရဲ့ သင်စရာရှိတဲ့အချက်တွေကို 70% လောက် သင်ယူပြီးသားဖြစ်နေမှာပါ
ဒါတွေသိဖို့အတွက်လည်း ဆက်တိုက်ကြိုးစားမယ်ဆိုရင် သုံးလက လုံလောက်ပါတယ်.. အလုပ်လုပ်ရင်းသင်မယ်ဆိုရင်တော့ Level တစ်ခုစီကို ခြောက်လ လောက်တော့ သင်ရပါလိမ့်မယ် (လူတိုင်းကိုမဆိုလိုပါ)
ဒီ Level သင်ပြီးရင်တော့ Self-Study (ဆရာလွတ်လေ့လာခြင်း) ကောင်းကောင်းလုပ်နိုင်ပါပြီ.. သင်တန်းလည်းရွေးစရာမလိုတော့ပါဘူး အခြေခံရှိတဲ့သူတွေအတွက် သင်တန်းတိုင်းက ကောင်းပြီးသားပါ ဒီ Level ပြီးသွားရင် အရေး အဖတ် အပြောလည်း အတော်အသင့် အဆင်ပြေပါပြီ.. အလုပ်ခွင်မှာလည်း အခက်အခဲသိပ်မရှိနိုင်တော့ပါဘူး.. စကားတွေပြောတတ်နေပြီဆိုတိုင်း ပြောသမျှ အကုန်လုံးတော့ သူတို့လူမျိုးပြောနေကျပုံစံမပေါက်နိုင်ပါဘူး.. ဗမာလိုအတွေးကို အင်္ဂလိပ်ရဲ့ Grammar ပုံစံခွက်ထဲကိုထည့်ပြီး တွေးတွေးပြီးပြောနေတာမျိုးပါ ဒါပေမယ့် ပြောသမျှကတော့ နှစ်ခါပြန်မေးစရာမလိုတော့သလောက် ရှင်းနေပါလိမ့်မယ်.. စာဖတ်တာတို့ movie တွေကြည့်တာတို့ listening practice လုပ်တာတို့များလာရင်တော့ ကိုယ်က Grammar နဲ့စီပြီးပြောတဲ့စကားတွေကို သူတို့ပြောနေကျပုံစံနဲ့ တဖြည်းဖြည်းချင်း ဖလှယ်နိုင်ပါလိမ့်မယ်..
အင်္ဂလိပ်စကားကို ဗမာစကားလိုပြောတတ်နိုင်ဖို့အတွက်ကတော့ အကြမ်းအားဖြင့် ခြောက်နှစ်နဲ့ အထက်တော့လိုပါလိမ့်မယ်.. အဲဒါကြောင့် စကားပြောသုံးလအပြတ်တို့ ခြောက်လအပြတ်တို့ဆိုတဲ့သင်တန်းတွေတက်မယ်ဆိုရင် ကိုယ်ကထင်တာက တတွတ်တွတ်နဲ့ပြောနိုင်မယ်ပေါ့.. တစ်ကယ်က အထစ်အထစ်လောက်ပဲရမှာပါ ဒါတောင်သင်တန်းမှာသွားထိုင်နေရုံနဲ့တော့မရပါဘူး သင်တန်းဖွင့်ထားတဲ့ ဘယ်ဆရာ ဆရာမမှ ခြောက်လနဲ့စကားပြောတတ်လာတာမဟုတ်ပါဘူး.. ရှိခဲ့ရင်တော့ ပါရမီရှင်နဲ့ လူလိမ် တစ်ခုခုပဲ..
self-study အနေနဲ့မလေ့လာချင်လည်း သင်တန်းရွေးစရာမလိုတော့ပါဘူး.. ဘယ်သင်တန်းတက်တက်
အခက်အခဲမရှိနိုင်တော့ပါဘူး..သင်တန်းကောင်းကောင်းဘယ်မှာရှိလဲ ဆိုတာလည်းမေးစရာမလိုတော့ပါဘူး.. အခြေခံရှိထားတဲ့သူတွေအတွက်သင်တန်းအားလုံးကောင်းပါတယ်...
✌ စကားလုံးတွေကရော ဘယ်ဟာတွေကျက်ရမှာလဲ??
ပညာရပ်ဆိုင်ရာစကားလုံးတွေပါပေါင်းလိုက်ရင် အင်္ဂလိပ်စကားလုံးတွေက 7 သိန်းကနေ 10 သိန်း ဝန်းကျင်ရှိနေပါတယ်..
Pocket dictionary တွေမှာဆိုရင်တောင် 20,000 to 30,000 ဝန်းကျင်ရှိပါတယ် ဒါတွေကိုအကုန်လုံးကျက်စရာ သိစရာမလိုပါဘူး.. Oxford တက္ကသိုလ်ကနေ အသုံးအများဆုံးစကားလုံးတွေကို နှစ်ပေါင်းများစွာလေ့လာပြီး အထပ်ထပ်စီစစ်ထားပြီးသားရှိပါတယ် Keywords လို့နာမည်ပေးထားပါတယ်.. အားလုံးပေါင်း 3000 ပါ.. Oxford dictionary တွေကိုကြည့်မယ်ဆိုရင် တစ်ချို့စကားလုံးတွေရဲ့ဘေးမှာ Key (သော့တံ) ပုံစံလေးပေးထားတာတွေ့ရမှာပါ ဒါဟာအသုံးများတဲ့ Keyword ကြီးပါလို့ပြောပေးထားတာပါ.. အဲဒါမျိုးတွေကတော့ အကုန်သိထားသင့်ပါတယ် .. Eng to Eng dictionary တွေမှာ အဲဒီစကားလုံးတွေထဲကပဲသုံးပြီး ရှင်းပြထားတာပါ.. အခြား self-study အတွက်ထုတ်ထားတဲ့စာအုပ်တွေမှာလည်း ဒီစကားလုံးတွေပဲသုံးပြီးရှင်းထားလို့ အခက်အခဲမရှိဖတ်နိုင်ပါတယ်..
# Grammar သိမှ ဖတ်တတ်မယ်.. ဖတ်တတ်မှရေးတတ်မယ်.. ရေးတတ်မှပြောတတ်မယ်.. writing ဆိုတာ စကားတွေကို ဖြေးဖြေးမှန်မှန်နဲ့ အသံတိတ် ပြောနေတာပါ.. အရေးအဖတ်ရတော့မှ အဲဒီအတွေ့အကြုံတွေနဲ့ ကြားလိုက်တဲ့စကားတွေကိုပုံဖော်တတ်မယ်.. ဥပမာ .. He's .. လို့ပြောတာကြားလိုက်ရင် He is ဖြစ်ချင်ဖြစ်မယ် He was လည်းဖြစ်နိုင်တယ် He has လည်းဖြစ်ကောင်းဖြစ်မယ်.. အဓိပ္ပါယ်ချင်းကလည်းမတူ.. အဲဒီတော့ Grammar အခြေခံမရှိပဲ ဘယ်လိုနားလည်နိုင်ပါ့မလဲ.. ကြားတာတွေကိုနားလည်လာရင် ပြောဖို့ကတော့မပူနဲ့ဗျာ လူတိုင်းဒီလိုပဲအကြားနဲ့စကားစသင်တာတာ..#
Level 3 (Pre- Intermediate)
°°°°°°°°°°°°°°°°°°°°°°°°°°°
ဒီ level ကစပြီး လေ့ကျင့်တဲ့အပိုင်းများလာပါတယ်... အရင် level တွေကချန်ခဲ့တဲ့ချွင်းချက်တွေကိုလည်း ထည့်သင်ရပါပြီ..
Keywords တွေကိုလည်း 700 လောက်ထပ်ဖြည့်ရပါပြီ..
ဒီအဆင့်ကို လွတ်လွတ်ကျွတ်ကျွတ်အောင်မြင်သွားရင်တော့ အပြောအဆိုရဲတင်းမှန်ကန်လာပါပြီ.. Assistant Teacher တစ်ယောက်လုပ်ချင်ရင်တောင် ရဲရဲတင်းတင်းလုပ်နိုင်ပါပြီ
Level 4 (Intermediate)
°°°°°°°°°°°°°°°°°°°°°°
ဒီ Level ကတော့ လိုအပ်နေတဲ့အပေါက်လေးတွေလိုက်ဖြည့်ရသလိုပါပဲ.. သင်စရာနည်းသွားပါပြီ.. နည်းသွားသလောက်လည်း တစ်ခုဆိုတစ်ခု နက်နဲပြီး ဦးနှောက်ခြောက်ချင်စရာကောင်းပါတယ်.. *(စီးပွားရေးအရ လွယ်လွယ်သတ်မှတ်ကြတဲ့ သူလည်း Inter ကိုယ်လည်း Inter မျိုးမဟုတ်ပါဘူး.. နိုင်ငံတကာသတ်မှတ်ချက်နဲ့ကိုက်ညီမယ့် Intermediate level ပါ)*
ဒီ level မှာ ချွင်းချက်တွေဖြည့်ရတဲ့အပြင် အသုံးနည်းတဲ့ဟာတွေလည်းသင်ရပါတယ်.. Keywords 800 ဝန်းကျင်လောက်လည်ထပ်ဖြည့်ရပါတယ်..
ဒီအဆင့်ကိုအောင်မြင်သွားရင်တော့ အင်္ဂလိပ်လို ရန်ဖြစ်လို့ရပါပြီ အတင်းကောင်းကောင်းတုပ်နိုင်ပါပြီ..Native Speakers တွေသင်ပေးနေတဲ့ နိုင်ငံတကာအဆင့်မီ Business သင်တန်းများကိုလည်းတက်နိုင်ပါပြီ.. (business ဆိုင်ရာစကားလုံးတွေတော့ထပ်ဖြည့်ရအုံးမှာပါ).. ဝါသနာပါပါက Retold Stories တွေလို ပုံပြင်စာအုပ်တွေပါ လက်တည့်စမ်းရေးသားနိုင်ပါတယ်..
ဒီ level ကတော့ သင်တန်းကာလအရ သုံးလသတ်မှတ်ထားပေမယ့် အောင်လက်မှတ်ရဖို့ခဲယဉ်းပါတယ်.. လက်ပမ်းကျလာတဲ့ level တစ်ခုလည်းဖြစ်ပါတယ်..
အခုပြောထားတဲ့ Level တွေက ကျွန်တော်တို့ Center မှာသတ်မှတ်ထားတဲ့ Level တွေပါ.. အခြားနေရာများနဲ့ကွဲလွဲနိုင်ပါတယ်..
သင်တန်းမတက်ဖြစ်လို့ ကိုယ်တိုင်လေ့လာချင်ရင်လည်း စနစ်ကျမယ်ဆိုရင် အချိန်က အရမ်းကြီးတော့ မကွာပါဘူး.. အဲလိုလုပ်ချင်တဲ့သူတွေအနေနဲ့ ဘယ်ကနေ ဘယ်လိုစလုပ်ရမှန်းမသိရင် မေးလို့ရပါတယ်.. message ကနေပဲမေးပေးပါ
# Upper Level သင်တန်းတွေက ကျွန်တော်တို့ center မှာတော့ မရှိပါဘူး.. ကျွန်တော်ကိုယ်တိုင်လည်း လေ့လာနေဆဲပါ.. အဲဒီတော့ အဲဒါနဲ့ပက်သက်ပြီး အသေးစိတ်မရှင်းပြတတ်ပါဘူး #
•••••••••••••••••••••••••••••••••••••••••••••••••••••
★ Glory Language Center
with Revolutionary Teaching Methods ★
Tuesday, November 14, 2017
`` An Easy Way to Learn English [ 10 ]´´
`` An Easy Way to Learn English [ 10 ]´´
       👑   VERB  ( Part- G )  👑
``Active´´ မှ ``passive´´ သို့ ​ပြောင်းနည်း
       Active Voice နဲ့ ​ရေးထားသမျှ ၀ါကျ​တွေရဲ့ အစဉ်​က (ကတ္တား + ကြိယာ +ကံ) ဖြစ်​ပါတယ်​။ ဒီအစဉ်​ထဲမှာ တခါတ​လေ ကြိယာဝိ​သေန ပါချင်​လည်းပါမယ်။ ပါရင်​လဲ မထူးခြားပါဘူး။
      အဲဒီအစဉ်​ကို Passive Voice နဲ့ပြန်​​ရေးရင်​ အစဉ်​က ...  (ကံ + ကြိယာ (passive) + by + ကတ္တား)။ ပုံစံဖြစ်​ပါတယ်​။
ဥပမာ...
            ``Active´´ ၀ါကျဆိုရင်​...
သူသည်      စာအုပ်​တအုပ်​ကို    ၀ယ်​ခဲ့သည်​။
(ကတ္တား)           (ကံ)               (ကြိယာ)
   He             bought               a book.
    ဒီဝါကျကို ``Passive Voice´´ ​ပြောင်းရင်
  A book     was bought        (by him).
      ဒီ​နေရာမှာ Active Voice က ကတ္တား ``He´´ ဟာ Passive Voice ကျ​တော့ ``Him´´ ဖြစ်​သွားပါတယ်​။ ဘာ​ကြောင့်​ လဲဆိုရင်​ by ဆိုတဲ့ ၀ိဘတ်​ (preposition) ​နောက်​​ ​ရောက်​သွားလို့ပါပဲ။
      ဥပ​ဒေသက...
      ကဲ... ဆက်​​လေ့လာကြည့်​ရ​အောင်။
1. (I) feed U Hla daily.
    U Hla is fed by (me) daily.
2. (She) is singing a song.
    A song is being sung by (her).
3. (We) clean the school compound.
    The school compound is cleaned by (us).
4. (They) made U Hla their headman.
    U Hla was made their headman by (them).
       နာမ်​စားကို ပြန်​မထည့်​လည်း ရပါတယ်​။
      Active Voice ၀ါကျပါ ကတ္တားကို Passive Voice မှာ ​နောက်ထပ်ြ​​ပန်​မထည့်​ ရတာမျိုး​တွေလဲ ရှိပါတယ်​။ဘာ​တွေလဲ...
1. (People) read newspapers all over the world. (A)
    (Newspapers) are read all over the world. (P)
2. (The public) welcomed the leader. (A)
     (The leader) was welcomed. (P)
3. (The audience) liked the play very much. (A)
    (The play) was liked very much. (P)
4. Everybody loves Bogyoke Aung San. (A)
    (Bogyoke Aung San) is loved.(P)
5. (Every one) knows Mg Hla. (A)
    (Mg Hla) is known. (P)
6. (One) should keep promise. (A)
    (Promise) should be kept.  (P)
     အချုပ်​က​တော့ စိတ်​၀င်​စားဖွယ်​မဟုတ်​တဲ့ ကတ္တားမျိုး၊ အများသိထားပြီးဖြစ်​နိုင်​တဲ့ ကတ္တားမျိုး​တွေကို Passive Voice မှာ ပြန်​ထည့်​​လေ့မရှိပါဘူး။
    ဥပမာ...
     There was a loud explosion. All the windows were shattered.
     (အစိတ်​စိတ်​အမွှာမွှာ ကွဲကုန်​တာ ကျယ်​​လောင်​တဲ့ ​ပေါက်​ကွဲမှု​ကြောင့်​ဆိုတာ သိထားပြီးသား)
     This wine has been diluted.
     (​ရောသူကို သိတ်​မ၀င်​စား၊ ​ရောထားတာကိုသိတယ်​)
     📠 ၀ါကျအမျိုးမျိုးကို Passive သို့​ပြောင်းနည်း 📠
၁။ ရိုးရိုးဝါကျ (Statement)
၂။ အ​မေးဝါကျ (Interrogative)
၃။ ​တောင်းပန်​၀ါကျ (Request)
၎။ အမိန့်​​ပေးဝါကျ (Order or Command)
၁။ ရိုးရိုးဝါကျ (Active Voice) အစဉ်​က
(ကတ္တား + ကြိယာ + ကံ + ကြိယာဝိ​သေသန)
     ဒီဝါကျကို Passive ​ပြောင်းတဲ့အခါ...
(ကံ + ကြိယာ Passive + ကြိယာဝိ​သေသန + by + ကတ္တား)
ဥပမာ...
1. The students (copy) notes neatly.(A)
     Notes (are copied) neatly by the students. (P)
2. A hunter (shot) small animals. (A)
    Small animals were shot by a hunter. (P)
3. Mother (is preparing) dinner in the kitchen. (A)
    Dinner (is being prepared) in the kitchen by mother.
4. He (has drawn) a map just now. (A)
    A map (has been drawn) just now. (P)
၂။ အ​မေးဝါကျ (Active Voice) အစဉ်​က...
(အကူကြိယာ + ကတ္တား + အဓိကကြိယာ + ကံ + ကြိယာဝိ​သေသန)
     ဒီဝါကျကို Passive ​ပြောင်းတဲ့အခါ...
(အကူကြိယာ+ကံ+အဓိကကြိယာ(Passive)+ ကြိယာဝိ​သေန + by + ကတ္တား)
ဥပမာ...
1. (Do) the students (copy) notes neatly? (A)
     (Are) notes (copied) neatly by the students? (P)
2. (Did) a hunter (shoot) small animals? (A)
     (Were) small animals (shot) by a hunter? (P)
3. (Is) mother (preparing) dinner in the kitchen? (A)
     (Is) dinner (being prepared) in the kitchen by mother. (P)
4. (Will) the children (fly) kites soon? (A)
    (Will) kites (be flown) soon by the children? (P)
5. (Has) he (drawn) a map just now? (A)
     (Has) a map (been drawn) just now? (P)
     မှတ်​ရန်​...
     အငှါးအကူကြိယာ Do- Does- Did တလုံးလုံးနဲ့ အ​မေးပြုလုပ်​ထားတိုင်း ၊ Passive Voice ​ပြောင်းတဲ့အခါ သင့်​​တော်​ရာ Verb to be တလုံး သုံးရမြဲဖြစ်​ပါတယ်​။ ဘာ​ကြောင့်​လည်းဆို​တော့ အငှါးအကူကြိယာ
Do- Does - Did ကိုသုံးထားပြီ ဆိုကတည်း က မူရင်းကြိယာဟာ အကူကြိယာမပါတဲ့ Simple Present ​သော်​လည်​​ကောင်း၊ Simple Past ​သော်​လည်​​ကောင်း ဖြစ်​လို့​ပေါ့။  Simple past နဲ့ Simple Present တို့ရဲ့ Passive Voice ကို​ရေးတဲ့အခါ Verb to be ပဲပါတယ်​မဟုတ်​လား။
     ပိုရှင်း​အောင်​ နမူနာထပ်​​ပေးပါမယ်​။
1. (Does) your brother (play) football every evening? (A)
   (Is) football (played) every evening by your brother? (P)
2. (Do) farmers (grow) paddy? (A)
     (Is) paddy (grown) by farmers? (P)
3. (Did) Mu Mu (like) cakes? (A)
    (Were) cakes (liked) by Mu Mu? (P)
၃။ ​တောင်းပန်​၀ါကျ (Active Voice) အစဉ်​က.....
    (Please + ကြိယာ + ကံ)
   ဒီအစဉ်​ကို (Passive Voice) ​ပြောင်းရင်​..
   You are requested နဲ့စရပါတယ်​။
    Active ကြိယာ​ရှေ့မှာ to ထည့်​​ပေးပါ။
    Please ကိုဖြုတ်​။ ဒါပါပဲ။
ဥပမာ...
1. Please shut the door. (A)
    (You are requested to) shut the door. (P)
2. Sit down, please. (A)
   (You are requested to) sit down. (P)
3. Please clean the compound. (A)
    (You are requested to) clean the compound. (P)
4. Please do not beat. (A)
    (You are reqursted not to) beat. (P)
5. Please show me your book. (A)
    (You are requested to) show me your book. (P)
၎။ အမိန့်​​ပေးဝါကျ (Active Voice) အစဉ်​က...
  (ကြိယာ + ကံ + ကြိယာဝိ​သေ)
    ဒီအစဉ်​ကို (Passive Voice) ​ပြောင်းရင်
    (Let + ကံ + be + Ed/ En)
1. (Copy) the notes. (A)
     (Let) the notes (be copied). (P)
2. (Shut) the door. (A)
     (Let) the door (be shut). (P)
3. (Beat) the dog. (A)
     (Let) the dog (be beaten). (P)
4. (Bring) your books. (A)
      (Let) your books (be brought). (P)
5. (Don't make) a noise. (A)
     (Let) a noise (be not made). (P)
6. (Don't look at) the book. (A)
     (Let) the book (be not looked at). (P)
      အ​ခြေခံမျှသာ​ဖော်​ပြ​ပေးထားပါတယ်​....
                    ( ဆက်​ရန်​ )
အင်္ဂလိပ်​စာကို လွယ်​ကူစွာ တတ်​​မြောက်​ နိုင်​ပါ​စေ...
                   ဆရာ ဦးမျိုးမင်း​အောင်
Monday, November 6, 2017
သတိပြုသင့်သော အထိမ်းအမှတ်နေ့များ
သတိပြုသင့်သော အထိမ်းအမှတ်နေ့များ
---------------------------------------------------
မူရင်းရေးသားသူအား ကျေးဇူးအထူးတင်ပါသည်
၁။ January = 4 ရက်
(လွပ်လပ်ရေးနေ့)
၂။ January = 24 ရက်
(အမေများနေ့)
၃။ February = 4 ရက်
(ကမ္ဘာ့ကင်ဆာရောဂါ ကာကွယ်ထိန်းသိမ်းရေးနေ့)
၎။ February = 6 ရက်
(အနာကြီးရောဂါ ကင်းဝေးရေး အထိန်းအမှတ်နေ့)
၅။ February = 12 ရက်
(ပြည်ထောင်စုနေ့)
၆။ February = 13 ရက်
(ဗိုလ်ချုပ်မွေးနေ့)
၇။ February = 14 ရက်
(ချစ်သူများနေ့)
၈။ February = 20 ရက်
(ကမ္ဘာ့လူမှုတရားမျှတရေးနေ့)
၉။ February = 21 ရက်
(အပြည်ပြည်ဆိုင်ရာ မိခင် ဘာသာစကားနေ့)
၁၀။ March = 1 ရက်
(သုည ခွဲခြားဆက်ဆံမှုနေ့)
၁၁။ March = 2 ရက်
(တောင်သူလယ်သမားနေ့)
၁၂။ March = 3 ရက်
(ကမ္ဘာ့တောရိုင်းတိရစ္ဆာန်နေ့)
၁၃။ March = 8 ရက်
(အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့)
၁၄။ March = 21 ရက်
(လူမျိုးရေးခွဲခြားဆက်ဆံမှုများပပျောက်ရေးနိုင်ငံတကာနေ့)
၁၅။ March = 22 ရက်
(ကမ္ဘာ့သယံဇာတနေ့)
၁၆။ March = 23 ရက်
(ကမ္ဘာ့မိုးလေဝသနေ့)
၁၇။ March = 24 ရက်
(ကမ္ဘာ့တီဘီရောဂါနေ့)
၁၈။ March = 27 ရက်
(တပ်မတော်နေ့)
၁၉။ April = 6 ရက်
(ဖွံ့ဖြိုးရေးနှင့်ငြိမ်းချမ်းရေးများအတွက် အားကစား အပြည်ပြည်ဆိုင်ရာနေ့)
၂၀။ April = 7 ရက်
(ကမ္ဘာ့ကျန်းမာရေးနေ့)
၂၁။ April = 12 ရက်
(အာကာသပျံသန်းမှု အပြည်ပြည်ဆိုင်ရာနေ့)
၂၂။ April = 22 ရက်
(အပြည်ပြည်ဆိုင်ရာမိခင်ကမ္ဘာမြေနေ့)
၂၃။ April = 23 ရက်
(ကမ္ဘာ့စာအုပ်နှင့်မူပိုင်ခွင့်နေ့)
၂၄။ April = 25 ရက်
(ကမ္ဘာ့ငှက်ဖျားရောဂါနေ့)
၂၅။ April = 28 ရက်
(လုပ်ငန်းခွင်မှာဘေးကင်းလုံခြုံရေးနှင့်ကျန်းမာရေးများအတွက်ကမ္ဘာ့နေ့)
၂၆။ April = 30 ရက်
(နိုင်ငံတကာဂျက်ဇ်ဂီတနေ့)
၂၇။ May = 1 ရက်
(ကမ္ဘာ့အလုပ်သမားများနေ့)
၂၈။ May = 3 ရက်
(ကမ္ဘာ့စာနယ်ဇင်းလတ်လပ်ခွင့်နေ့)
၂၉။ May = 8 ရက်
(ကမ္ဘာ့ကြက်ခြေနီနေ့)
၃၀။ May = 15 ရက်
(ကမ္ဘာ့မိသားစုနေ့)
၃၁။ May = 17 ရက်
(ကမ္ဘာ့ဆက်သွယ်ရေးနှင့်သတင်းအချက်အလက် Society နေ့)
၃၂။ May = 31 ရက်
(ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့)
၃၃။ June = 5 ရက်
(ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိန်းရေးနေ့)
၃၄။ June = 14 ရက်
(ကမ္ဘာ့သွေးအလှုရှင်နေ့)
၃၅။ June = 17 ရက်
(သဲကန္တာရနှင့်မိုးခေါင်တိုက်ဖျက်ရေးကမ္ဘာ့ဖလားနေ့)
၃၆။ June = 20 ရက်
(ကမ္တာ့ဒုက္ခသည်နေ့)
၃၇။ June = 23 ရက်
(ကုလသမဂ္ဂပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများနေ့)
၃၈။ June = 26 ရက်
(အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး ရောင်းဝယ်တိုက်ဖျတ်ရေးနေ့)
၃၉။ July = 2 ရက်
(သမဝါယမအပြည်ပြည်ဆိုင်ရာနေ့)
၄၀။ July = 3 ရက်
(မြန်မာ အမျိုးသမီးများနေ့)
၄၁။ July = 7 ရက်
(ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့)
၄၂။ July = 11 ရက်
(ကမ္ဘာ့လူဦးရေနေ့)
၄၃။ July = 19 ရက်
(အာဇာနည်နေ့)
၄၄။ July = 30 ရက်
(ချစ်ကြည်ရေးအပြည်ပြည်ဆိုင်ရာနေ့)
၄၅။ August = 12 ရက်
(အပြည်ပြည်ဆိုင်ရာလူငယ်များနေ့)
၄၆။ August = 19 ရက်
(ကမ္ဘာ့လူသားချင်းစာနာမှုနေ့)
၄၇။ August = 29 ရက်
(နျူကလီးယားစမ်းသပ်မှုဆန့်ကျင်အပြည်ပြည်ဆိုင်ရာနေ့)
၄၈။ September = 8 ရက်
(နိုင်ငံတကာစာတတ်မြောက်ရေးနေ့)
၄၉။ September = 15 ရက်
(ဒီမိုကရေစီိံအပြည်ပြည်ဆိုင်ရာနေ့)
၅၀။ September = 21 ရက်
(နိုင်ငံတကာမွေးမြူရေးနေ့)
၅၁။ September = 27 ရက်
(ကမ္ဘာ့ခရီးသွားလာရေးနေ့)
၅၁။ September = 29 ရက်
(ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့)
၅၂။ October = 1 ရက်
(ကမ္ဘာ့သက်ကြီးရွယ်အိုများနေ့)
၅၃။ October = 2 ရက်
(အကြမ်းမဖက်အပြည်ပြည်ဆိုင်ရာနေ့)
၅၄။ October = 5 ရက်
(ကမ္ဘာ့ဆရာများနေ့)
၅၅။ October = 9 ရက်
(ကမ္ဘာ့စာပို့တိုက်နေ့)
၅၆။ October = 10 ရက်
(ကမ္ဘာ့စိတ်ကျန်းမာရေးနေ့)
၅၇။ October = 13 ရက်
(သဘာဝဘေးလျော့ပါးရေးနိုင်ငံတကာနေ့)
၅၈။ October = 16 ရက်
(ကမ္ဘာ့စားနပ်ရိက္ခာနေ့)
၅၉။ October = 24 ရက်
(ကမ္ဘာ့ကုလသမဂ္ဂနေ့)
၆၀။ November = 14 ရက်
(ကမ္ဘာ့ဆီးချိုရောဂါ Day ကို)
၆၁။ November = 21 ရက်
(ကမ္ဘာ့ဖလားရုပ်မြင်သံကြားနေ့)
၆၂။ December = 1 ရက်
(ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့)
၆၃။ December = 3 ရက်
(အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့)
၆၄။ December = 5 ရက်
(ကမ္ဘာ့လုပ်အားပေးများနေ့)
၆၅။ December = 6 ရက်
(အမျိုးသားနေ့)
၆၆။ December = 9 ရက်
(နိုင်ငံတကာအဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့)
၆၇။ December = 10 ရက်
(လူ့အခွင့်အရေးနေ့)
၆၈။ December = 14 ရက်
(ကမ္ဘာ့သွေးလှုရှင်များနေ့)
၆၉။ December = 25 ရက်
(ခရစ္စမတ်နေ့)
၇၀။ December = 31 ရက်
(Happy New Year Day)
မူရင်း​ရေးသူအား
ခရက်​ဒစ်​ ​ပေးပါသည်​။
ခေါင်းဆောင်တာနှင့် စာဖတ်တာဘယ်လို ပတ်သတ်လဲ
ခေါင်းဆောင်တာနှင့် စာဖတ်တာဘယ်လို ပတ်သတ်လဲ
***************************************
Today a reader, tomorrow a leader
ဒီနေ့ စာဖတ်သူ၊ နက်ဖန် ခေါင်းဆောင်သူ။
Not all readers are leaders but all leaders are readers.
စာဖတ်သူတိုင်းဟာ ခေါင်းဆောင်တွေ မဟုတ်ကြပေမဲ့..
ခေါင်းဆောင်တိုင်းဟာ စာဖတ် အားသန်ကြသူတွေပါ။
စာဖတ်တဲ့သူ နည်းလာတာဟာ- ခေါင်းဆောင်ကောင်းတွေ နည်းလာမယ့် အဓိပ္ပါယ်ကို ဖေါ်ညွှန်းသလို ဖြစ်နေတော့ ကြောက်မခန်းလိလိပါ။
စာမဖတ်ပဲ မိုးပေါ်ကျ ခေါင်းဆောင်ဖြစ်ခဲ့ရင်တောင် မျက်ကန်း ခေါင်းဆောင်၊ မျက်ကန်း မျိုးချစ်ပဲ ဖြစ်ပေလိမ့်မည်။
စာဖတ်တဲ့သူဟာ၊ ခေါင်းဆောင်ကောင်း ဖြစ်လာနိုင်တယ်။ မှန်ပါတယ်။ ဘယ်လိုစာအုပ်မျိုးတွေကို ရွေးဖတ်သလဲ ဆိုတာလဲ  အရေးကြီးပါတယ်။
စာဖတ်ပြီး၊ အသိပညာတွေ စုစည်းကြတဲ့၊ ထင်ရှားတဲ့ ခေါင်းဆောင်တွေ ကမ္ဘာပေါ်မှာ သာဓက အများကြီးပါ။
စာဖတ်တာနဲ့ ခေါင်းဆောင်တာ ဘယ်လိုပတ်သက်သလဲ?
၁။ လူမှုဆက်ဆံရေးတွင် ပိုအားသာတယ်၊
သုတေသနအရ စာဖတ်နေတဲ့အချိန်မှာ ဦးနှောက်က ဇာတ်ကောင်တွေနဲ့ စကားပြောကြကြောင်း တွေ့ရတယ်။
စာအုပ်ကို ရက်အတော်ကြာကြာ၊ ပြန်မကြည့်မိတာတောင်မှ၊ ဦးနှောက်က ဇာတ်ကောင်တွေရဲ့ လုပ်ပုံကိုင်ပုံတွေ၊ အတွေ့အကြုံတွေကို ပြန်ပြောင်း သတိရနေတတ်တယ်။ စာအုပ်တွေ (ဝတ္ထုတွေ)ထဲက၊ ဇာတ်ကောင်တွေ အများကြီးနဲ့ ဆက်ဆံနေရတော့၊
ခံစားမှု အရည်အသွေး (emotional intelligence) ထက်မြက်လာပြီး၊ လူတွေနဲ့ ဆက်ဆံနိုင်စွမ်း ပိုရှိလာတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံတဲ့အခါမှာ၊ ဒီလိုလူမှုဆက်ဆံရေး အရည်အသွေး ကောင်းမွန်တာဟာ၊ ခေါင်းဆောင်တစ်ယောက်အတွက်၊ အရေးကြီးတယ်။
၂။ ဝေါဟာရ ပိုကြွယ်ဝတယ်၊
စာဖတ်တဲ့သူဟာ၊ ခံစားချက်တွေကိုလည်း ပီပီပြင်ပြင်ရရှိပြီး သုံးနှုန်းတတ်လာတယ်။
စာဖတ်လေ- ဝေါဟာရတွေ ကြွယ်လေ။
သူရဲ့ဆန္ဒတွေ၊ အတွေးတွေကို ပိုပြီးဖော်ပြနိုင်စွမ်းရှိတယ်။ ကိုယ်ဖြစ်ချင်တာတွေ ပီပီပြင်ပြင် ပြောနိုင်တယ်။ ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို ဆွဲခေါ်သွားနိုင်တယ်။
၃။ အမြင်မကျဉ်းဘူး၊ ဘက်စုံကြည့်တတ်တယ်၊
လောကကြီးကို၊ ကိုယ်ကြည့်ချင်တဲ့ တစ်ဒေါင့်တစ်နေရာကနေ မကြည့်ဘဲ၊ ဘက်ပေါင်းစုံက ကြည့်တတ်တယ်။
စာဖတ်တော့၊ စာအုပ်တွေထဲက၊ နေရာမျိုးစုံကို ရောက်ရတယ်။
လူပေါင်းစုံနဲ့ စကားပြောရတယ်။ ဇာတ်လမ်း၊ ဇာတ်ကွက်အမျိုးမျိုးထဲမှာ၊ ဝင်ပါရတယ်။
ဘက်စုံဒေါင့်စုံက မြင်တွေ့နေရတော့၊ အမြင်မကျဉ်းဘူး။
လောကကြီးဟာ၊ ဖြစ်နိုင်တာတွေ၊ စိန်ခေါ်မှုတွေ အများကြီးပဲဆိုတာ သဘောပေါက်လာတယ်။
၎။ အပေါင်းအသင်းဆန့်တယ်၊
ဝေါဟာရတွေအမျိုးမျိုး ရွေးချယ်ပြီး သုံးနှုန်းနိုင်စွမ်းရှိတဲ့သူတွေနဲ့ ဆက်သွယ်ရ၊ ဆက်ဆံရတာကို လူတွေက၊ သဘောကျကြတယ်။
စကားပြောကြည့်တဲ့အခါ၊ လူတွေကိုပိုပြီး ဂရုစိုက်တတ်ကြောင်း၊ ဗဟုသုတ ကြွယ်ဝကြောင်း တွေ့လာရတယ်။
လူတွေက သူတို့နဲ့ သဘောချင်း တိုက်ဆိုင်တဲ့သူတွေနဲ့၊ ပြောဆိုရ ဆက်ဆံရတာကို သဘောကျကြတော့၊ ဒီကနေတစ်ဆင့် ကိုယ်ဖြစ်ချင်တာ၊ ပြောချင်တာတွေကို ဆွဲခေါ်သွားနိုင်တယ်။
၅။ သောကနည်းတယ်၊
စာဖတ်တာဟာ၊ သောကတွေ၊ စိတ်ဖိစီးမှုတွေကို လျော့ကျစေတယ်။ လမ်းလျှောက်တာ၊ သီချင်းနားထောင်တာ၊ လက်ဖက်ရည်တစ်ခွက် သောက်တာမျိုးတွေနဲ့ နှိုင်းယှဉ်ကြည့်ရင်၊ မိနစ်အနည်းငယ် အတွင်းမှာ နှလုံးခုန်နှုန်း နှေးသွားပြီး၊ စိတ်ဖိစီးမှုတွေ လျော့သွားစေနိုင်တယ်။
သောကနည်းပြီး၊ အေးအေးဆေးဆေးရှိတော့၊ အကောင်းမြင်တတ်တယ်။ အာရုံစိုက်နိုင်တယ်။
၆။ အတွေးအခေါ်ကောင်းတယ်၊
စာဖတ်တဲ့သူတွေဟာ၊ ပိုပြီးအတွေးအခေါ် ကောင်းတဲ့သူတွေ ဖြစ်တယ်။ စာဖတ်တော့၊
ဆင်ခြင်တုံတရား ပိုမြင့်လာတယ်။
ပြဿနာတွေကို ပိုပြီးဖြေရှင်းနိုင်တယ်။
ကိုယ်နဲ့သဘောချင်း မတိုက်ဆိုင်တဲ့ စာတစ်ခုခုကို ဖတ်မိတဲ့အခါ၊ ကိုယ့်ရဲ့စဉ်းစားတွေးခေါ်မှုနဲ့ ဖန်တီးနိုင်စွမ်းကို၊ ကောင်းကောင်းကြီး အထောက်အကူပြုတယ်။
၇။ အတိတ်ကိုပြန်ပြောင်း သတိရစေတယ်၊
တစ်ခါတစ်ရံ၊ စာဖတ်တာဟာ၊ မှန်ကြည့်ရတာနဲ့ တူတယ်။ ကိုယ်ဘယ်လိုလူလဲဆိုတာ၊ ပေါ်လွင်စေတယ်။
တချို့စာအုပ်တွေကို ဖတ်လိုက်တော့၊ ဟိုတုန်းက၊ ကိုယ်သိထားတာတွေကို ပြန်ပြောင်းသတိရစေတယ်။
ကိုယ့်အတွေးတွေကို ပြန်ပြီးစစ်ထုတ်လိုက်သလို ဖြစ်သွားတယ်။
အာရုံတွေ ပိုကောင်းလာတယ်။
အရေးကြီးတဲ့၊ သဘောတရားတွေကို ပြန်နွှေးပေးသလို ဖြစ်စေတယ်။
၈။ ခွန်အားဖြစ်စေ၊ ရည်ရွယ်ချက် ထင်ရှားစေ၊
စာဖတ်တော့ ပိုပြီးခွန်အားတွေ ပြည့်လာစေတယ်။ အကောင်းမြင်တတ်လာတယ်။
ကိုယ့်ကိုယ်ကို ပိုပြီး ယုံကြည်မှုရှိတယ်။
အောင်မြင်မှု ရစေနိုင်တဲ့ နည်းလမ်းအသွယ်သွယ် ရှာဖွေတတ်တယ်။ ထက်မြက်တက်ကြွတဲ့ စိတ်ဓါတ်ကို ဖြစ်စေတယ်။
၉။ အာရုံကောင်းကောင်းစိုက်နိုင်တယ်၊
အမြဲတမ်း စာဖတ်နေတဲ့၊ စာဖတ်တဲ့သူဟာ အာရုံကောင်းကောင်း စိုက်နိုင်တယ်။
ရေရှည်လုပ်ရမယ့် လုပ်ငန်းတွေကို အာရုံစိုက်နိုင်တယ်။ စာဖတ်နေတဲ့သူတွေဟာ၊ ဘေးကအနှောင့်အယှက်တွေကို မကြိုက်ဘူး။ ဖတ်နေတဲ့ စာအုပ်ကို လက်ကမချချင်ဘူး။
ခေါင်းဆောင်တစ်ယောက်အတွက်လည်း၊ ရေရှည်လုပ်ငန်းစဉ်ကို၊ အာရုံစိုက်နိုင်ဖို့ အရေးကြီးပါတယ်။
၁၀။ အချိန်ကို စီမံခန့်ခွဲတတ်တယ်၊
စာဖတ်ဝါသနာပါတဲ့ သူတစ်ယောက်အတွက်၊ ဘယ်အချိန်၊ ဘယ်နေရာမဆို၊ စာဖတ်လို့ရတယ်။
ပျင်းရိနေဖို့၊ စောင့်ဆိုင်းနေဖို့ မလိုဘဲ၊ စာဖတ်နိုင်တယ်။
အချိန်ကို တန်ဖိုးရှိရှိ အသုံးချပြီး၊ အလုပ်တွင်အောင် လုပ်နိုင်တယ်။ တစ်မိနစ်မျှ အချိန်မဖြုန်းဘဲ၊ စာဖတ်ရင်း၊ တန်ဖိုးရှိရှိ အချိန်ကို အသုံးချနိုင်တယ်။
ခေါင်းဆောင်တစ်ယောက်အတွက် မိနစ်တိုင်းဟာ အရေးကြီးတယ်။
သူတို့ရဲ့ ရည်မှန်းချက်ကို ဖြည့်ဆည်းဖို့ မိနစ်တိုင်း အရေးကြီးတယ်ဆိုတာ၊ ခေါင်းဆောင်တွေက သဘောပေါက်တယ်။
(Lifehacker, 10 Reasons why people who read a lot are more likely to be good leader)
#credit