Monday, October 21, 2019

ဘာသာစကားတစ်ခုကိုသေချာတက်မြောက်ဖို့ မဖြစ်မနေလုပ်ပေးရမယ့်အရာ ၅ မျိုး

ဘာသာစကားတစ်ခုကိုသေချာတက်မြောက်ဖို့ မဖြစ်မနေလုပ်ပေးရမယ့်အရာ ၅ မျိုး

ဘာသာစကားဆိုတာမျိုးက ကိုယ်လေ့လာရင် လေ့လာသလောက် တိုးတက်လာမယ့် ပညာရပ်တစ်ခုပါ။ ဘယ်လောက်ပဲကောင်းတဲ့ သင်တန်းတွေတက်တက် ကိုယ့်ဘက်က အားထုတ်မှုမရှိရင် တိုးတက်မလာပါဘူး။ ဒါကြောင့် ဘာသာစကားတစ်ခုကို သေချာတက်မြောက်ဖို့ဆိုရင် ဒီ ၅ မျိုးကို မဖြစ်မနေလုပ်ပေးဖို့ လိုပါတယ်။ သင်တန်းမတက်နိုင်တဲ့သူတွေဆိုလည်း ဒီ ၅ မျိုးနဲ့တင် ဘာသာစကားတစ်ခုကို လေ့လာတက်မြောက်နိုင်ပါတယ်။

1.ရုပ်ရှင်ကြည့်ပါ
ကိုယ်လေ့လာနေတဲ့ ဘာသာစကားနဲ့ပတ်သက်တဲ့ ဇာတ်ကားတွေကို များများကြည့်ပါ။ နေ့တိုင်းကြည့်ပါ။ မြန်မာစာတန်းထိုးကို မကြည့်ပါနဲ့။ မသိရင် Google တို့ Dictionary မှာ ရှာပြီး ဘာသာပြန်ကြည့်ပါ။ သေချာပေါက် တိုးတက်လာပါလိမ့်မယ်။

2.သီချင်းနားထောင်ပါ
ကိုယ်လေ့လာနေတဲ့ဘာသာစကားက အင်္ဂလိပ်စာဆိုရင် အင်္ဂလိပ်သီချင်းတွေပဲ နားထောင်ပါ။ ဂျပန်စာလေ့လာနေရင် ဂျပန်သီချင်းတွေပဲ အမြဲနေ့တိုင်း နားထောင်ပါ။ နားယဉ်ပြီး စကားပြောတာပါ တိုးတက်လာပါလိမ့်မယ်။

3.စာအုပ်ဖတ်ပါ
အင်္ဂလိပ်စာလေ့လာရင် အင်္ဂလိပ်စာအုပ်တွေဝယ်ဖတ်၊ သတင်းစာတွေဖတ်၊ ပုံပြင်တွေဖတ်ပါ။ ဂျပန်စာ၊ တရုတ်စာလေ့လာနေရင်လည်း ဒါနဲ့သက်ဆိုင်တဲ့စာအုပ်တွေကို ဝယ်ဖတ်ပါ။ တစ်အုပ်ကိုပဲ သေချာနောကျေအောင်ဖတ်ပြီး အရင်လေ့လာပါ။ အဖတ်စွမ်းရည်နဲ့ အရေးစွမ်းရည် တိုးတက်လာပါလိမ့်မယ်။

4.စကားပြောလေ့ကျင့်ပါ
ကိုယ်လေ့လာနေတဲ့ဘာသာစကား ကိုယ်တက်နေတဲ့ဘာသာစကားနဲ့ပဲ စကားပြောပါ။ တူတူလေ့လာနေတဲ့သူငယ်ချင်းတွေနဲ့ အမြဲပြောပါ။ ပြောစရာလူမရှိရင် မှန်ရှေ့မှာ တစ်ယောက်ထဲပြောပြီး လေ့ကျင့်ပါ။ သူတို့ရဲ့လေယူလေသိမ်းအတိုင်း ပြောတက်လာအောင် အသံကျယ်ကျယ်နဲ့လေ့ကျင့်ပါ။ သေချာပေါက် အပြောစွမ်းရည် တိုးတက်လာပါလိမ့်မယ်။

5.အင်တာနက်ကနေလေ့လာပါ
အင်တာနက်မှာ မျိုးစုံသိချင်တာကို လေ့လာလို့ရပါတယ်။ ဒီတော့ အင်တာနက်မှာ ကိုယ်လေ့လာနေတဲ့ ဘာသာစကားနဲ့ပတ်သက်တာတွေကို လေ့လာပါ။ အင်တာနက်ကနေ အစီအစဉ်တွေကြည့်တာမျိုးနဲ့လည်း လေ့လာလို့ရပါတယ်။

Crd

Monday, April 22, 2019

#Everyday ႏွင့္ Every day, Sometimes ႏွင့္ Sometime တို႔၏ကြဲျပားခ်က္မ်ား


———————————-
Everyday သည္ Adjective ျဖစ္သည္။ ေန႔တိုင္းျဖစ္ေသာ ဟုအဓိပၸာယ္ရပါသည္။
Eg, It is my everyday habit.
အဲ့ဒါကငါေန႔တိုင္းလုပ္တဲ့အေလ့အထပဲ။

Every day သည္ Adverb ျဖစ္သည္။ ေန႔တိုင္း (သို႔) ေန႔စဥ္ဟု အဓိပၸာယ္ရပါသည္။
Eg, I get up early every day.
ငါေန႔တိုင္း အေစာႀကီးအိပ္ယာထတယ္။

Sometimes - တခါတေလ/ တခါတရံ
Eg, Sometimes I see with him.
ငါတခါတေလသူနဲ႔ေတြ႕တယ္။

Sometime - တခ်ိန္ခ်ိန္ေတာ့
Eg, I will wash my car sometime.
ငါကားကို တခ်ိန္ခ်ိန္ေတာ့ သြားေဆးမွာပါ။

#AMMOnlineEnglishLanguageClass

#Everyday နှင့် Every day, Sometimes နှင့် Sometime တို့၏ကွဲပြားချက်များ
———————————-
Everyday သည် Adjective ဖြစ်သည်။ နေ့တိုင်းဖြစ်သော ဟုအဓိပ္ပာယ်ရပါသည်။
Eg, It is my everyday habit.
အဲ့ဒါကငါနေ့တိုင်းလုပ်တဲ့အလေ့အထပဲ။

Every day သည် Adverb ဖြစ်သည်။ နေ့တိုင်း (သို့) နေ့စဉ်ဟု အဓိပ္ပာယ်ရပါသည်။
Eg, I get up early every day.
ငါနေ့တိုင်း အစောကြီးအိပ်ယာထတယ်။

Sometimes - တခါတလေ/ တခါတရံ
Eg, Sometimes I see with him.
ငါတခါတလေသူနဲ့တွေ့တယ်။

Sometime - တချိန်ချိန်တော့
Eg, I will wash my car sometime.
ငါကားကို တချိန်ချိန်တော့ သွားဆေးမှာပါ။

#AMMOnlineEnglishLanguageClass

#ေမွ်ာ္လင့္ခ်က္ေနရာတြင္သံုးသည့္ Hope ႏွင့္ Expectation တို႔၏ကြဲျပားခ်က္


—————————————————
Hope - ကိုယ့္ရဲ႕ရည္မွန္းခ်က္ ပန္းတိုင္ ကိုယ္လိုခ်င္တဲ့အရာေတြကို ေမွ်ာ္မွန္းသည္။ ကိုယ္ေမွ်ာ္လင့္ထားသည့္အတိုင္းျဖစ္လာလွ်င္လည္းလြန္စြာေပ်ာ္သည္။ positive သေဘာဆန္သည္။
Eg, I hope they will select me.
သူတို႔ငါ့ကိုေရြးလိမ့္မယ္လို႔ငါေမွ်ာ္လင့္တယ္။

Expectation - ရပိုင္ခြင့္အတြက္ေမွ်ာ္လင့္ခ်က္, ရလဒ္ကိုသိၿပီးသားအတြက္ ေမ်ာ္လင့္ခ်က္။ ၎ေမွ်ာ္လင့္ခ်က္ ျဖစ္လာလွ်င္လည္းသိၿပီးသားျဖစ္၍ ထူးၿပီးမေပ်ာ္ရႊင္ပါ။ ပို႔ၿပီးလက္ေတြ႕က်သည္။ positive ေရာ negativeသေဘာေရာ ဆန္သည္။
Eg, I screwed it up, they won’t select me.
ငါကေပါက္ထိကေပါက္ခ်ာလုပ္ခဲ့တာ။ သူတို႔ငါ့ကိုေရြးမွာမဟုတ္ဘူး။
Hope for the best, expect the worst.

#AMMOnlineEnglishLanguageClass

#မျှော်လင့်ချက်နေရာတွင်သုံးသည့် Hope နှင့် Expectation တို့၏ကွဲပြားချက်
—————————————————
Hope - ကိုယ့်ရဲ့ရည်မှန်းချက် ပန်းတိုင် ကိုယ်လိုချင်တဲ့အရာတွေကို မျှော်မှန်းသည်။ ကိုယ်မျှော်လင့်ထားသည့်အတိုင်းဖြစ်လာလျှင်လည်းလွန်စွာပျော်သည်။ positive သဘောဆန်သည်။
Eg, I hope they will select me.
သူတို့ငါ့ကိုရွေးလိမ့်မယ်လို့ငါမျှော်လင့်တယ်။

Expectation - ရပိုင်ခွင့်အတွက်မျှော်လင့်ချက်, ရလဒ်ကိုသိပြီးသားအတွက် မျော်လင့်ချက်။ ၎င်းမျှော်လင့်ချက် ဖြစ်လာလျှင်လည်းသိပြီးသားဖြစ်၍ ထူးပြီးမပျော်ရွှင်ပါ။ ပို့ပြီးလက်တွေ့ကျသည်။ positive ရော negativeသဘောရော ဆန်သည်။
Eg, I screwed it up, they won’t select me.
ငါကပေါက်ထိကပေါက်ချာလုပ်ခဲ့တာ။ သူတို့ငါ့ကိုရွေးမှာမဟုတ်ဘူး။
Hope for the best, expect the worst.

#AMMOnlineEnglishLanguageClass

#Articles (a,an,the) ၏ အသံုးမ်ား


————————————————
(1) a, an ၏ အသံုး
------------------
တိက်မူမရွိေသာ Noun ေရွ႕တြင္သံုးသည္။ တခု/တေကာင္/ တေယာက္ ဟုေျပာခ်င္လွ်င္သံုးသည္။
ေရတြက္ရနာမ္ေရွ႕တြင္သာ သံုးႏိုင္သည္။

a+ Consonant sound (ဗ်ည္းသံ, " အ" သံနဲ႔ မစ ေသာ Noun ေရွ႕တြင္သံုးသည္။)
Eg, a book, a pen

an + Vowel sound (သရသံ, " အ" သံနဲ႔ စေသာ Noun ေရွ႕တြင္ သံုးသည္။)
Eg, an eraser, an interesting book
မွတ္ခ်က္- a,e,i,o,u နဲ႔ စသည့္စာလံုးမ်ားေရွ႕တြင္ an ထည့္ရသည္ဟု မွတ္ယူ၍မရပါ။ ဗ်ည္းသံ (သို႔) သရသံ ျဖင့္သာ ခြဲမွတ္ရသည္။
Eg, an hour- " h” နဲ႔ စ ေပမဲ့ an သံုးရျခင္းမွာ " အ" သံႏွင့္စၿပီးအသံထြက္ေသာေၾကာင့္ျဖစ္သည္။
a university- “ u” နဲ႔ စ ေပမဲ့ a သံုးရျခင္းမွာ "အ" သံနဲ႔မစေသာေၾကာင့္ျဖစ္သည္။

(2) the ၏ အသံုး
-----------------
တိက်မူရွိေသာ Noun ေရွ႕တြင္သံုးသည္။ ေရတြက္ရနာမ္ေရာ ေရတြက္မရနာမ္ေရာ, တခုကိန္းေရာ အမ်ားကိန္းေရာ တြင္သံုးသည္။
Eg, I’m reading the newspaper.
ငါသတင္းစာဖတ္ေနတယ္။
(လက္ထဲတြင္ရွိေနေသာ သတင္းစာကိုသာ ဆိုလိုသည္။)
မျဖစ္မေန “ the” ထည့္ရမည့္ေနရာမ်ား
----------------------------------
(၁) ေလာကတြင္ ႏွစ္ခုမရွိ, တစ္ခုတည္းရွိေသာ ေနရာတြင္ သံုးသည္။
Eg, The moon, The sun, The earth

(၂) ျမစ္, သမုဒၵရာ, ပင္လယ္, သဲကႏၲာရ, တူးေျမာင္းမ်ားတြင္ သံုးသည္။
Eg, The Pacific ocean, The Ayeyarwaddy river,

(၃) မတူညီေသာအစိတ္အပိုင္းမ်ားျဖင့္ဖြဲ႕စည္းထားေသာ ႏိုင္ငံမ်ားေရွ႕တြင္သံုးသည္။
Eg, The USA, The UK, The UAE

(၄) Adjective Degree 3, Superlative Degree, ( တခုခုအျဖစ္ဆံုး) ေ႐ွ႕တြင္ သံုးသည္။
Eg, the most beautiful girl , the biggest castle

(၅) Musical Instruments (တူရိယာ) ပစၥည္းေရွ႕တြင္ သံုးသည္။
Eg, Are you playing the piano?
မင္းစႏၵယားတီးေနတာလား?

(၆) မိသားတစုလံုးကိုယ္စားျပဳသည့္ Surnames ေရွ႕တြင္ သံုးသည္။
Eg, The Louis have Japanese style dinner on Saturdays.
Louis မိသားစုက စေနေန႔တိုင္း ဂ်ပန္စတိုင္ ညစာစားၾကတယ္။

General , ေယဘူယ်ဆန္ေသာ Noun ေရွ႕တြင္ Articles မထည့္ရပါ။
Eg, Cow eats grass.

Unicode
#Articles (a,an,the) ၏ အသုံးများ
————————————————
(1) a, an ၏ အသုံး
------------------
တိကျမူမရှိသော Noun ရှေ့တွင်သုံးသည်။ တခု/တကောင်/ တယောက် ဟုပြောချင်လျှင်သုံးသည်။
ရေတွက်ရနာမ်ရှေ့တွင်သာ သုံးနိုင်သည်။

a+ Consonant sound (ဗျည်းသံ, " အ" သံနဲ့ မစ သော Noun ရှေ့တွင်သုံးသည်။)
Eg, a book, a pen

an + Vowel sound (သရသံ, " အ" သံနဲ့ စသော Noun ရှေ့တွင် သုံးသည်။)
Eg, an eraser, an interesting book
မှတ်ချက်- a,e,i,o,u နဲ့ စသည့်စာလုံးများရှေ့တွင် an ထည့်ရသည်ဟု မှတ်ယူ၍မရပါ။ ဗျည်းသံ (သို့) သရသံ ဖြင့်သာ ခွဲမှတ်ရသည်။
Eg, an hour- " h” နဲ့ စ ပေမဲ့ an သုံးရခြင်းမှာ " အ" သံနှင့်စပြီးအသံထွက်သောကြောင့်ဖြစ်သည်။
a university- “ u” နဲ့ စ ပေမဲ့ a သုံးရခြင်းမှာ "အ" သံနဲ့မစသောကြောင့်ဖြစ်သည်။

(2) the ၏ အသုံး
-----------------
တိကျမူရှိသော Noun ရှေ့တွင်သုံးသည်။ ရေတွက်ရနာမ်ရော ရေတွက်မရနာမ်ရော, တခုကိန်းရော အများကိန်းရော တွင်သုံးသည်။
Eg, I’m reading the newspaper.
ငါသတင်းစာဖတ်နေတယ်။
(လက်ထဲတွင်ရှိနေသော သတင်းစာကိုသာ ဆိုလိုသည်။)
မဖြစ်မနေ “ the” ထည့်ရမည့်နေရာများ
----------------------------------
(၁) လောကတွင် နှစ်ခုမရှိ, တစ်ခုတည်းရှိသော နေရာတွင် သုံးသည်။
Eg, The moon, The sun, The earth

(၂) မြစ်, သမုဒ္ဒရာ, ပင်လယ်, သဲကန္တာရ, တူးမြောင်းများတွင် သုံးသည်။
Eg, The Pacific ocean, The Ayeyarwaddy river,

(၃) မတူညီသောအစိတ်အပိုင်းများဖြင့်ဖွဲ့စည်းထားသော နိုင်ငံများရှေ့တွင်သုံးသည်။
Eg, The USA, The UK, The UAE

(၄) Adjective Degree 3, Superlative Degree, ( တခုခုအဖြစ်ဆုံး) ရှေ့တွင် သုံးသည်။
Eg, the most beautiful girl , the biggest castle

(၅) Musical Instruments (တူရိယာ) ပစ္စည်းရှေ့တွင် သုံးသည်။
Eg, Are you playing the piano?
မင်းစန္ဒယားတီးနေတာလား?

(၆) မိသားတစုလုံးကိုယ်စားပြုသည့် Surnames ရှေ့တွင် သုံးသည်။
Eg, The Louis have Japanese style dinner on Saturdays.
Louis မိသားစုက စနေနေ့တိုင်း ဂျပန်စတိုင် ညစာစားကြတယ်။

General , ယေဘူယျဆန်သော Noun ရှေ့တွင် Articles မထည့်ရပါ။
Eg, Cow eats grass.

If ၏ အသံုးမ်ား


--------------------------------------------
If သံုးရာတြင္ မိမိေျပာခ်င္သည့္ အေျခအေနေပၚမူတည္ၿပီး (၄)မ်ိဳး ရွိသည္။

(1) Zero Conditional
If +Subj+ Verb 1+ ——-, Subj +Verb 1+ ——
အသံုး - အၿမဲတမ္းရလဒ္တမ်ိဳးတည္းထြက္ေသာ အေျခအေန အၿမဲတမ္းမွန္ကန္ေသာ အေျခအေနမ်ိဳးတြင္ သံုးသည္။
Eg, If you heat ice, it melts.
ေရခဲကိုအပူေပးရင္ အရည္ေပ်ာ္သြားမယ္။

(2) First Conditional
If +Subj + Verb 1+ ——-,Subj +will+ Verb 1+—-
အသံုး - အနာဂါတ္မွာ ျဖစ္ႏိုင္ေျခရွိတဲ့ အေျခအေနမ်ိဳးတြင္ သံုးသည္။
Eg, If my mother gives me permission, I will come with you.
အေမကခြင့္ျပဳရင္ ငါမင္းတို႔နဲ႔လိုက္မယ္။

(3) Second Conditional
If+Subj+Verb 2+——, Subj + would +Verb 1+—
အသံုး - စိတ္ကူးသက္သက္အေျခအေနမ်ိဳး (သို႔) လက္ေတြ႕မွာေရာ အနာဂါတ္မွာပါ ျဖစ္ႏိုင္ေျခသိပ္မရွိတဲ့ အေျခအေနမ်ိဳးတြင္ သံုးသည္။
Eg, If I won lottery, I would produce my songs albums by myself.
ငါသာထီေပါက္လို႔ကေတာ့ ကိုယ့္ဘာသာကိုယ္ သီခ်င္းေခြထုတ္မွာ။

(4) Third Conditional
If+Subj+had Verb 3+——, Subj+would/could + have Verb 3+ ———-
အသံုး - လက္ေတြ႕မွာတကယ္မျဖစ္ခဲ့ေသာ, အတိတ္ကာလမွာ ျဖစ္ႏိုင္ေျခရွိေသာ အေျခအေနမ်ိဳးတြင္ သံုးသည္။
Eg, If I had studied hard, I would have passed the exam.
ငါသာစာႀကိဳးစားခဲ့ရင္ ငါစာေမးပြဲေအာင္ေနမွာ။

#AMMOnlineEnglishLanguageClass

#__If ၏ အသုံးများ
--------------------------------------------
If သုံးရာတွင် မိမိပြောချင်သည့် အခြေအနေပေါ်မူတည်ပြီး (၄)မျိုး ရှိသည်။

(1) Zero Conditional
If +Subj+ Verb 1+ ——-, Subj +Verb 1+ ——
အသုံး - အမြဲတမ်းရလဒ်တမျိုးတည်းထွက်သော အခြေအနေ အမြဲတမ်းမှန်ကန်သော အခြေအနေမျိုးတွင် သုံးသည်။
Eg, If you heat ice, it melts.
ရေခဲကိုအပူပေးရင် အရည်ပျော်သွားမယ်။

(2) First Conditional
If +Subj + Verb 1+ ——-,Subj +will+ Verb 1+—-
အသုံး - အနာဂါတ်မှာ ဖြစ်နိုင်ခြေရှိတဲ့ အခြေအနေမျိုးတွင် သုံးသည်။
Eg, If my mother gives me permission, I will come with you.
အမေကခွင့်ပြုရင် ငါမင်းတို့နဲ့လိုက်မယ်။

(3) Second Conditional
If+Subj+Verb 2+——, Subj + would +Verb 1+—
အသုံး - စိတ်ကူးသက်သက်အခြေအနေမျိုး (သို့) လက်တွေ့မှာရော အနာဂါတ်မှာပါ ဖြစ်နိုင်ခြေသိပ်မရှိတဲ့ အခြေအနေမျိုးတွင် သုံးသည်။
Eg, If I won lottery, I would produce my songs albums by myself.
ငါသာထီပေါက်လို့ကတော့ ကိုယ့်ဘာသာကိုယ် သီချင်းခွေထုတ်မှာ။

(4) Third Conditional
If+Subj+had Verb 3+——, Subj+would/could + have Verb 3+ ———-
အသုံး - လက်တွေ့မှာတကယ်မဖြစ်ခဲ့သော, အတိတ်ကာလမှာ ဖြစ်နိုင်ခြေရှိသော အခြေအနေမျိုးတွင် သုံးသည်။
Eg, If I had studied hard, I would have passed the exam.
ငါသာစာကြိုးစားခဲ့ရင် ငါစာမေးပွဲအောင်နေမှာ။

#AMMOnlineEnglishLanguageClass

အရမ္း/အလြန္ ဆိုၿပီးသံုးေသာ Very, too , so တို႔၏ ကြဲျပားခ်က္မ်ား


—————————————————————-
(1) Very- မိမိအထူးျပဳေျပာလိုေသာ Adjective(နာမဝိေသသန) အေရွ႕တြင္အသံုးျပဳႏိုင္သည္။ မိမိ ေျပာလိုသည္သာ အထူးျပဳသြားသည္။
Eg, I’m very happy.
ငါအရမ္းေပ်ာ္တယ္။
I’m very tired.
ငါအရမ္းပင္ပန္းတယ္။

(2) Too - Negative နဲ႔ Problematic သေဘာေဆာင္သည့္ေနရာတြင္ အသံုးမ်ားသည္။ (မေကာင္းတဲ့သေဘာ)ေဆာင္သည့္ေနရာတြင္ အသံုးမ်ားသည္။
Eg, It’s too hot today.
ဒီေန႔ အရမ္းပူလိုက္တာ။

(3) So - Positive (အေကာင္းသေဘာ) ေဆာင္သည့္ေနရာတြင္ အသံုးမ်ားသည္။ Negative (မေကာင္းတဲ့သေဘာေဆာင္သည့္ေနရာတြင္)လည္း ေတြ႕ရတတ္သည္။ ၎ “So” ကို Cause (အေၾကာင္းတရား) or Effect (အက်ိဳးတရား)တို႔နဲ႔ တြဲၿပီးလည္း သံုးသည္။
Eg, I’m so excited about my first vacation that I can’t sleep.
ငါ့ရဲ႕ ပထမဆံုးအပန္းေျဖခရီးအတြက္ ငါအရမ္းစိတ္လႈပ္ရွားေနတာ။ဒါေၾကာင့္ငါအိပ္မေပ်ာ္တာ။

#AMMOnlineEnglishLanguageCenter

#အရမ်း/အလွန် ဆိုပြီးသုံးသော Very, too , so တို့၏ ကွဲပြားချက်များ
—————————————————————-
(1) Very- မိမိအထူးပြုပြောလိုသော Adjective(နာမဝိသေသန) အရှေ့တွင်အသုံးပြုနိုင်သည်။ မိမိ ပြောလိုသည်သာ အထူးပြုသွားသည်။
Eg, I’m very happy.
ငါအရမ်းပျော်တယ်။
I’m very tired.
ငါအရမ်းပင်ပန်းတယ်။

(2) Too - Negative နဲ့ Problematic သဘောဆောင်သည့်နေရာတွင် အသုံးများသည်။ (မကောင်းတဲ့သဘော)ဆောင်သည့်နေရာတွင် အသုံးများသည်။
Eg, It’s too hot today.
ဒီနေ့ အရမ်းပူလိုက်တာ။

(3) So - Positive (အကောင်းသဘော) ဆောင်သည့်နေရာတွင် အသုံးများသည်။ Negative (မကောင်းတဲ့သဘောဆောင်သည့်နေရာတွင်)လည်း တွေ့ရတတ်သည်။ ၎င်း “So” ကို Cause (အကြောင်းတရား) or Effect (အကျိုးတရား)တို့နဲ့ တွဲပြီးလည်း သုံးသည်။
Eg, I’m so excited about my first vacation that I can’t sleep.
ငါ့ရဲ့ ပထမဆုံးအပန်းဖြေခရီးအတွက် ငါအရမ်းစိတ်လှုပ်ရှားနေတာ။ဒါကြောင့်ငါအိပ်မပျော်တာ။

#AMMOnlineEnglishLanguageCenter

တခုခုျဖစ္ေပမဲ့/ ျဖစ္ေသာ္လည္းပဲ/ ျဖစ္တာေတာင္မွ လို႔ေျပာခ်င္ေသာအခါတြင္ သံုးေသာ in spite of, despite, although and even though တို႔၏ ကြဲျပားခ်က္မ်ား


—————————————————————
(1) In spite of
၎ေနာက္တြင္ Noun (နာမ္)  (သို႔) Pronoun (နာမ္စား) ကပ္လိုက္ေပးရသည္။
Eg, We were happy in spite of the rain.
မိုးရြာခဲ့ေပမဲ့ ငါတို႔ေပ်ာ္ခဲ့ၾကတယ္။

(2) Despite
၎ေနာက္တြင္လည္း Noun (နာမ္) (သို႔) Pronoun (နာမ္စား) ကပ္လိုက္ေပးရသည္။
Eg, He could arrive here in time despite the traffic jam.
ယဥ္ေၾကာေတြၾကပ္ေနေပမဲ့ သူဒီကို အခ်ိန္ကိုက္ေရာက္ေအာင္ လာႏိုင္ခဲ့တယ္။
In spite of ေရာ Despite ေရာ ေနာက္တြင္ Noun (သို႔) Pronoun သာလိုက္ေပးရသည္။ မွတ္သားရန္မွာ Despite ေနာက္တြင္ “ of” မထည့္ရပါ။

(3) Although/ Even though
၎တို႔ေနာက္တြင္ Subject + Verb ပါေသာ ဝါက်လိုက္ေပးရသည္။
Eg, Although it rained, we had a great time.
မိုးရြာခဲ့ေပမဲ့ ငါတို႔ေပ်ာ္ခဲ့ၾကတယ္။
Eg, Even though he studied hard, he didn’t pass the exam.
သူစာႀကိဳးစားခဲ့ေပမဲ့ စာေမးပြဲမေအာင္ခဲ့ဘူး။
Although ႏွင့္ Even though ယွဥ္လွ်င္ Even though  က ပို၍ strong (ပိုၿပီးျပင္းထန္)သည္။

အကယ္၍ In spite of / Despite ေနာက္တြင္ Subject + Verb ပါေသာ ဝါက်လိုက္ေပးခ်င္ပါက " the fact that” စကားစုကို ၾကားတြင္ေရးၿပီး ဝါက်လိုက္ေပးႏိုင္သည္။
Eg, We were happy in spite of the fact that it rained.
မိုးရြာခဲ့ေပမဲ့ ငါတို႔ေပ်ာ္ခဲ့ၾကတယ္။
Eg, Despite the fact that he studied hard, he didn’t pass the exam.
သူစာႀကိဳးစားခဲ့ေပမဲ့ သူစာေမးပြဲမေအာင္ခဲ့ဘူး။

#AMMOnlineEnglishLanguageCenter

#တခုခုဖြစ်ပေမဲ့/ ဖြစ်သော်လည်းပဲ/ ဖြစ်တာတောင်မှ လို့ပြောချင်သောအခါတွင် သုံးသော in spite of, despite, although and even  though တို့၏ ကွဲပြားချက်များ
—————————————————————
(1) In spite of
၎င်းနောက်တွင် Noun (နာမ်)  (သို့) Pronoun (နာမ်စား) ကပ်လိုက်ပေးရသည်။
Eg, We were happy in spite of the rain.
မိုးရွာခဲ့ပေမဲ့ ငါတို့ပျော်ခဲ့ကြတယ်။

(2) Despite
၎င်းနောက်တွင်လည်း Noun (နာမ်) (သို့) Pronoun (နာမ်စား) ကပ်လိုက်ပေးရသည်။
Eg, He could arrive here in time despite the traffic jam.
ယဉ်ကြောတွေကြပ်နေပေမဲ့ သူဒီကို အချိန်ကိုက်ရောက်အောင် လာနိုင်ခဲ့တယ်။
In spite of ရော Despite ရော နောက်တွင် Noun (သို့) Pronoun သာလိုက်ပေးရသည်။ မှတ်သားရန်မှာ Despite နောက်တွင် “ of” မထည့်ရပါ။

(3) Although/ Even though
၎င်းတို့နောက်တွင် Subject + Verb ပါသော ဝါကျလိုက်ပေးရသည်။
Eg, Although it rained, we had a great time.
မိုးရွာခဲ့ပေမဲ့ ငါတို့ပျော်ခဲ့ကြတယ်။
Eg, Even though he studied hard, he didn’t pass the exam.
သူစာကြိုးစားခဲ့ပေမဲ့ စာမေးပွဲမအောင်ခဲ့ဘူး။
Although နှင့် Even though ယှဉ်လျှင် Even though  က ပို၍ strong (ပိုပြီးပြင်းထန်)သည်။

အကယ်၍ In spite of / Despite နောက်တွင် Subject + Verb ပါသော ဝါကျလိုက်ပေးချင်ပါက " the fact that” စကားစုကို ကြားတွင်ရေးပြီး ဝါကျလိုက်ပေးနိုင်သည်။
Eg, We were happy in spite of the fact that it rained.
မိုးရွာခဲ့ပေမဲ့ ငါတို့ပျော်ခဲ့ကြတယ်။
Eg, Despite the fact that he studied hard, he didn’t pass the exam.
သူစာကြိုးစားခဲ့ပေမဲ့ သူစာမေးပွဲမအောင်ခဲ့ဘူး။

#AMMOnlineEnglishLanguageCenter