1.Noun-အပိုင်း(၃)
2.Common Noun(အများဆိုင်နာမ်)
တစ်စုံတစ်ယောက်နှင့်သာမကဘဲ အများနှင့် သက်ဆိုင်သောအမည်ကိုCommon Noun (အများဆိုင်နာမ်)ဟုခေါ်သည်။
man =လူကြီး woman=မိန်းမ
monk =ရဟန်း nun =သီလရှင်
boy =ယောက်ျားလေး girl=မိန်းကလေး
town =မြို့ village=ကျေးရွာ
monastery=ဘုန်းကြီးကျောင်း
school =ကျောင်း farmer =လယ်သမား
river =မြစ် flower =ပန်း-စသည်တည်း။
3.Collective Noun (သမူဟနာမ်=ပေါင်းစုနာမ်)
သက်ရှိ,သက်မဲ့ အရာဝတ္ထု မျိုးတူအလိုက် အစုအပေါင်းဖြစ်သော အမည်ကို CollectiveNoun (ပေါင်းစုနာမ်) ဟုခေါ်သည်။
nation =လူမျိုး family =မိသားစု
army =စစ်တပ် flock =ငှက်အုပ်
team =အဖွဲ့,အသင်း crowd =လူအုပ်
class =အတန်း-စသည်တည်း။
4. Material Noun =ဒဗ္ဗနာမ်-ဒြဗ်နာမ်
တစ်ခု,နှစ်ခု စသည်ဖြင့် ရေတွက်ပိုင်းခြားလို့မရသော ရေ,လေ,ဖြေ-စသည် အရာဝတ္ထုများကို Material Noun(ဒဗ္ဗနာမ်-ဒြဗ်နာမ်)ဟုခေါ်သည်။
water=ရေ air=လေ
earth=မြေ mud=ရွံ
sand=သဲ -စသည်တည်း။
5.Abstract Noun(စိတ္တဇနာမ်)
ကိုင်တွယ်၍မရ (အကောင်အထည်မရှိ မမြင်ရ) စိတ်ဖြင့်သာသိရသော နာမ်မျိုးကိုAbstract Noun(စိတ္တဇနာမ်) ဟုခေါ်သည်။
anger =ဒေါသ love =ချစ်ခြင်း
happiness =ဝမ်းမြောက်ခြင်း
music =ဂီတ
chilhood =ငယ်စဉ်ကလေးဘဝ
honesty =ရိုးသားမှု -စသည်တည်း။
6. Compound Noun=ပေါင်းစပ်နာမ်
ဆွေမျိုးစပ်ခြင်း (သို့မဟုတ်) မိုင်ဆိုင်မှုကို ပြဆိုရာဖြစ်သော ပေါင်းစပ်ထားသည့် တွဲလုံးနာမ်ပုဒ်မျိုးကို Compound Noun(ပေါင်းစပ်နာမ်) ဟုခေါ်သည်။
book - shelf =စာအုပ်စင်
step-mother=မိထွေး
step- father=ဘထွေး
step-son=လင်ပါ,မယားပါသား
father-in-low=ယောက္ခထီး -စသည်တည်း။
♤♤♤♤♤♤♤
တက္ကသိုလ်စာသင်သား
အလင်းအိမ်ယဉ်ကျေးလိမ္မာသင်တန်းနှင့်
အလင်းအိမ်-အခြေခံအင်္ဂလိပ်သဒ္ဒါသင်တန်း။
No comments:
Post a Comment