1.Noun-အပိုင်း(၂)
နာမ်(၆)မျိုးအကျယ်
♡♡♡♡♡
1. Proper Noun (ကိုယ်ပိုင်နာမ်)
အများနှင့် မသက်ဆိုင်ဘဲ တစ်ဦးတစ်ယောက်, တစ်စုံတစ်ခုနှင့်သာ သက်ဆိုင်သော Proper Noun (ကိုယ်ပိုင်နာမ်) ဟု ခေါသည်။
eg.Zaw Zaw =ဇော်ဇော်
Mandalay =မန္တလေး
Myanmar =မြန်မာ
Ayeyarwady =ဧရာဝတီ
ကိုယ်ပိုင်နာမ်(၅)မျိုး
၁။ရဟန်းရှင်လူနှင့်တိရစ္ဆာန်တို့၏အမည်များ
ဘဒ္ဒန္တ စိန္တိတာလင်္ကာရ, ဘဒ္ဒန္တ မုနိန္ဒ, ဘဒ္ဒန္တ ပညာဒီပ, ဘဒ္ဒန္တ ရေဝတာလင်္ကာရ,
အရှင် ဣန္ဒာစရိယ,ဦးသောဘိတ,ဦးဇင်ဇဝန, ရှင်ဉာဏဝရ, ကိုရင်သုတ၊
ဦးဝင်းသိန်း, ဒေါ်တင်တင်မော်,မောင်အောင်နိုင်ဦး, မသက်ဝါလှိုင်၊
ကျားဘို, အောင်နက်-စသည်တည်း။
မှတ်ချက်။ ။အင်္ဂလိပ်တို့သည် တစ်ဦးဆိုင် နာမည်များ၌ တစ်သံထက်ပိုသော စကားလုံးများတွင် ရှေ့အသံကို ပြင်းပြင်းဆို၍ ကျန်အသံကို အသံဖော့ပြောဆိုကြသည်။
၂။နိုင်ငံ,ပြည်နယ်,တိုင်း,လူမျိုးအမည်များ
မြန်မာနိုင်ငံ,ရှမ်းပြည်နယ်,ရန်ကုန်တိုင်း,ဗမာလူမျိုး- စသည်တည်း။
ထေရဝါဒ(၅)နိုင်ငံ
မြန်မာနိုင်ငံ, ထိုင်းနိုင်ငံ, လာအိုနိုင်ငံ, ကမ္ဘောဒီယားနိုင်ငံ, သီရီလင်္ကာနိုင်ငံ၊
မဟာယာန(၄)နိုင်ငံ
တရုပ်နိုင်ငံ, ဂျပန်နိုင်ငံ, ဗီယက်နမ်နိုင်ငံ, ကိုရီယားနိုင်ငံ။
မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ်(၁၄/၁၅)ခု
(၁)ရန်ကုန်တိုင်း(၂) ပဲခူးတိုင်း(၃) ဧရာဝတီတိုင်း
(၄) တနင်္သာရီတိုင်း(၅) မန္တလေးတိုင်း
(၆)စစ်ကိုင်းတိုင်း(၇) မကွေးတိုင်း,(၈။နေပြည်တော်တိုင်း)။
(၁) ကရင်ပြည်နယ် (၂) ကယားပြည်နယ်
(၃) ကချင်ပြည်နယ် (၄) ချင်းပြည်နယ်
(၅) မွန်ပြည်နယ် (၆) ရခိုင်ပြည်နယ်
(၇) ရှမ်းပြည်နယ်
၃။မြို့,ရွာအမည်များ
လန်ဒန်မြို,ရန်ကုန်မြို့,မန္တလေးမြို့,ပဲခူးမြို့, ပုသိမ်းမြို့, မော်လမြိုင်ကျွန်းမြို့,ကျွခြံချောင်းဖျားကျေးရွာ, မဘေကျေးရွာ,ရှောက်ချောင်းရွာ-စသည်တည်း။
၎။သမုဒ္ဒရာ,မြစ်,ချောင်း,အင်း,အိုင် အမည်များ
ပစီဖတ်သမုဒ္ဒရာ,ဧရာဝတီမြစ်,ကျွဲခြံချောင်း,အင်းလျားကန်- စသည်တည်း။
၅။သင်္ဘော,ရုပ်ရှင်ရုံ,ခန်းမ,သတင်းစာ,မဂ္ဂဇင်း-စသည် အမည်များ
ပြည်သါယာသင်္ဘော,သမ္မတရုပ်ရှင်ရုံ,မြို့တော်ခန်းမ, ကြေမှုံသတင်းစာ,တက္ကသိုလ်မဂ္ဂဇင်း,သာကီသွေးဂျာနယ်- စသည်တည်း။
2.Common Noun(အများဆိုင်နာမ်)
တစ်စုံတစ်ယောက်နှင့်သာမကဘဲ အများနှင့် သက်ဆိုင်သောအမည်ကိုCommon Noun (အများဆိုင်နာမ်)ဟုခေါ်သည်။
man =လူကြီး woman=မိန်းမ
monk =ရဟန်း nun =သီလရှင်
boy =ယောက်ျားလေး girl=မိန်းကလေး
town =မြို့ village=ကျေးရွာ
monastery=ဘုန်းကြီးကျောင်း
school =ကျောင်း farmer =လယ်သမား
river =မြစ် flower =ပန်း-စသည်တည်း။
3.Collective Noun (သမူဟနာမ်=ပေါင်းစုနာမ်)
သက်ရှိ,သက်မဲ့ အရာဝတ္ထု မျိုးတူအလိုက် အစုအပေါင်းဖြစ်သော အမည်ကို CollectiveNoun (ပေါင်းစုနာမ်) ဟုခေါ်သည်။
nation =လူမျိုး family =မိသားစု
army =စစ်တပ် flock =ငှက်အုပ်
team =အဖွဲ့,အသင်း crowd =လူအုပ်
class =အတန်း-စသည်တည်း။
4. Material Noun =ဒဗ္ဗနာမ်-ဒြဗ်နာမ်
တစ်ခု,နှစ်ခု စသည်ဖြင့် ရေတွက်ပိုင်းခြားလို့မရသော ရေ,လေ,ဖြေ-စသည် အရာဝတ္ထုများကို Material Noun(ဒဗ္ဗနာမ်-ဒြဗ်နာမ်)ဟုခေါ်သည်။
water=ရေ air=လေ
earth=မြေ mud=ရွံ
sand=သဲ -စသည်တည်း။
5.Abstract Noun(စိတ္တဇနာမ်)
ကိုင်တွယ်၍မရ (အကောင်အထည်မရှိ မမြင်ရ) စိတ်ဖြင့်သာသိရသော နာမ်မျိုးကိုAbstract Noun(စိတ္တဇနာမ်) ဟုခေါ်သည်။
anger =ဒေါသ love =ချစ်ခြင်း
happiness =ဝမ်းမြောက်ခြင်း
music =ဂီတ
chilhood =ငယ်စဉ်ကလေးဘဝ
honesty =ရိုးသားမှု -စသည်တည်း။
6. Compound Noun=ပေါင်းစပ်နာမ်
ဆွေမျိုးစပ်ခြင်း (သို့မဟုတ်) မိုင်ဆိုင်မှုကို ပြဆိုရာဖြစ်သော ပေါင်းစပ်ထားသည့် တွဲလုံးနာမ်ပုဒ်မျိုးကို Compound Noun(ပေါင်းစပ်နာမ်) ဟုခေါ်သည်။
book - shelf =စာအုပ်စင်
step-mother=မိထွေး
step- father=ဘထွေး
step-son=လင်ပါ,မယားပါသား
father-in-low=ယောက္ခထီး -စသည်တည်း။
တနည်း-နာမ်(၂)မျိုး
1.Countable noun = ရေတွက်ရိုးထုံစံ ရှိသော နာမ်
2.Uncountable noun = ရေတွက်ရိုးထုံစံ မရှိသော နာမ်တို့ ဖြစ်ကြသည်။
1.Countable noun = ရေတွက်ရိုးထုံစံရှိသော နာမ်
1. Book = စာအုပ်
2. Pen = ဖောင်တိန်
3. Pencil = ခဲတန်
4. Ruler = ပေတန်-စသည်တည်း။
2.Uncountable noun = ရေတွက်ရိုးထုံစံ မရှိသော နာမ်
1. Earth = ကမ္ဘာ ၊ကမ္ဘာဂြိုဟ် ၊ မြေကြီး
2. Mud = ရွှံ့
3. Sand = သဲ
4. Gold = ရွှေ
5. Silver = ငွေ
6. Iron = သံ
7. Steel = သံမဏိ
8. Lead = ခဲ
9. Water = ရေ
10. Oil = ဆီ
11. Tea = လ္ဘက်ရည်
12. Milk = နွားနို့
13. Coffee = ကော်ဖီ
14. Ink = မှင်
15. Honey = ပျားရည်
16. Butter = ထောပတ်
17. Paddy = စပါး
18. Rice = ဆန် / ထမင်း
19. Wheat = ဂျုံ
20. Flour = ဂျုံမှုန့်
21. Cotton = ဝါဂွမ်း
22. Meat = အသား
23. Wood = သစ်သား
24. Teak = ကျွန်းသစ်
25. Salt = ဆား
26. Air = လေ
27. Smoke = မီးခိုး
28. Music = ဂီတ
29. Anger = ဒေါသ
30. Health = ကျန်းမာရေး
31. Honesty = ရိုးသားမှု
32. Happiness = ပျော်ရွှင်မှု
33. Laziness = ပျင်းရိမှု
34. Intelegence = အသိဉာဏ်
35. Love = ချစ်ခြင်း ၊ မေတ္တာ ၊ သံယောဇဉ်
♤♤♤♤♤♤♤
တက္ကသိုလ်စာသင်သား
အလင်းအိမ်ယဉ်ကျေးလိမ္မာသင်တန်းနှင့်
အလင်းအိမ်-အခြေခံအင်္ဂလိပ်သဒ္ဒါသင်တန်း။
No comments:
Post a Comment