"Practical English Usage" Part(1)
(1) Hundreds and thousands
one thousand one hundred လို့ပြောမယ့်အစား eleven hundred,twelve hundred လို့ အင်္ဂလိပ်ဘာသာမှာပြောလေ့ရှိပါတယ်။ ၁,၁၀၀ နဲ့ ၁,၉၀၀ ကြားမှာရှိတဲ့ သုညနဲ့ဆုံးတဲ့ ဆယ်၊ ရာ၊ ထောင် ၊သောင်း စတဲ့ ပြည့်စုံတဲ့ ကိန်းဂဏန်းများ(round numbers)မှာ အသုံးအများဆုံးဖြစ်ပါတယ်။
(2) Fractions(အပိုင်းဂဏန်းများ)
ရှေးဦးစွာ အပိုင်းဂဏန်းအချို့၏ တစ်ခုချင်းအခေါ်အဝေါ်များကို
ဖော်ပြပါမယ်။ပြီးမှ ဝါကျတွေမှာ အသုံးပြုကြည့်ရအောင်။
1/2 = half သို့မဟုတ် one half
1/3 = one third
1/4 = one fourth သို့မဟုတ် a quarter
1/5 = one fifth
1/7 = one seventh
2/7 = two sevenths
4/11 = four elevenths
5/12 = five twelfths
7/20 = seven twentieths
1/21 = one twenty-first
1/100 = one hundredth
1/101 = one-over-one-nought-one
1/1,000 = one thousandth
1/10,000 = one ten thousandth
1/1,000,000 = one millionth
၎င်းတို့ထဲတွင် 1/7 = one seventh မှာ -th တွင် "s"မထည့်ပဲ 2/7 = two sevenths မှာတော့ -th မှာ "s"ထည့်ရပါတယ်။ဒါ့အပြင် အခြားအပိုင်းဂဏန်းများထက် ပိုမိုထူးခြားတဲ့(ရေးတဲ့နေရာမှာ မှားတက်တဲ့) စားလုံးပေါင်းတွေပါနေတဲ့ အောက်ပါဂဏန်းသုံးလုံးရဲ့ စာလုံးပေါင်းတွေကို သေသေချာချာ လေ့လာကျက်မှတ်ထားဖို့လိုပါတယ်။
(1) 5/12 = five twelfths
(2) 7/20 = seven twentieths
(3) 1/101 = one-over-one-nought-one
အပိုင်းဂဏန်းတွေကို ဝါကျတွေမှာ သုံးစွဲပုံအချို့ကတော့
(a) Half of six is three (သို့မဟုတ်) One half of six is three.
(b) Half of seventeen is eight and a half (8 1/2).
(c) One third of eighteen is six.
(d) One third of seventeen is five and two thirds (5 2/3).
(e) Three into seventeen is five and two thirds.
(f) Three quartes of twelve is nine.
အထက်ပါအုပ်စုမှာဆိုရင် (b) 8 1/2 ကိုပြောတဲ့အခါမှာ "eight and half" ဒါမှမဟုတ် "eight and one half" ဆိုပြီး အမှားပုံစံကို ပြောနေကြတာကြားနေရပါတယ်။တကယ်တန်းက "eight and a half"လို့ ပြောမှ မှန်တာပါ။
(e) "Three into seventeen" ကတော့ "(၁၇) ကို (၃) နဲ့ စားရင်" လို့ အဓိပ္ပာယ်ရပါတယ်။
(f) "Three quarters of twelve" ဆိုတာကတော့ (၁၂) ရဲ့ လေးပုံ သုံးပုံကိုဆိုလိုပါတယ်။ဒါကြောင့် အဖြေ(၉) ရကြောင်း ဆိုလိုခြင်းဖြစ်ပါတယ်။
(3) Size and Ratio(အရွယ်အစားနှင့် အချိုးများ)
အရွယ်အစားနဲ့ ပတ်သတ်တဲ့အသုံးအနှုန်းတွေပါတဲ့ အောက်ပါ conversation လေးကို လေ့လာကြည့်ရအောင်။
Kyaw Kyaw..Look at the big fish i've caught,
Ko Ko!
Ko Ko....Call that big?Huh! I can catch fish ten
times that size.
ကိုကိုရဲ့ စကားမှာ အရွယ်အစားနှိုင်းယှဉ်ရာတွင် "အဲဒိငါးထက် ဆယ်ဆကြီးတဲ့ငါး"လို့ပြောချင်သည်ကို "fish ten times that size"လို့ သုံးရပါတယ်။"ten times" ဆယ်ဆဟူသော စကားနှင့် "fish" အကြားမှာ "of"စသည့်စကားလုံးကို ထည့်ဖို့မလိုပါ။
အကယ်၍ "အဲဒိဟာရဲ့ လေးပုံတစ်ပုံအရွယ်"လို့ ပြောချင်ပါက "a quarter of that size"လို့ "of"ခံပြီးမှ ပြောရပါမယ်။"အဲဒိအရွယ်ရဲ့ တစ်ဝက်"လို့ပြောချင်ပါက "half that size"လို့ပြောရပါတယ်။အပြည့်အစုံပြောရရင်တော့ "I can catch fish half that size"လို့ ပြောရပါတယ်။
စတုဂံပုံတစ်ပုံရဲ့ အရွယ်အစားကိုပြောချင်တယ်ဆိုရင် အရွယ်အစားဖော်ပြတဲ့ ကိန်းနှစ်ခုရဲ့ကြားမှာ "by"ခံပြီးပြောပါတယ်။အနံ ၈ လက်မ × အလျား ၁၀ လက်မ ရှိတဲ့ ဓာတ်ပုံတစ်ပုံအကြောင်းပြောချင်တယ်ဆိုရင် "The size of the photograph is eight by ten"လို့ပြောပါတယ်။"inches"ထည့်ပြီး မပြောလည်းပြည့်စုံပါတယ်။
အလျားတစ်မျိုးတည်းကို တစ်လက်မမပြည့်သောအတိုင်းအတာ
ဖြင့် ပြောသည့်အခါ "တစ်လက်မ၏ လေးပုံတစ်ပုံ" ကို "a quarter of an inch" ဒါမှမဟုတ် "one fourth inch"လို့ပြောပါတယ်။"လက်မဝက်" ကို "half an inch"လို့ပြောပါတယ်။ တစ်လက်မသုံးမက်(1 3/4) ကို "three quarters of an inch"သို့မဟုတ် "three fourths of an inch"လို့ပြောပါတယ်။
တစ်လက်မထက်ကျော်လွန်တဲ့ အတိုင်းအတာတွေကိုတော့ တစ်လက်မနှင့် တစ်မတ်(1 1/4) ကို "an inch and a quarter"ဟုလည်းကောင်း၊ တစ်လက်မခွဲကို "an inch and a half"လို့ပြောပါတယ်။တစ်လက်မနှင့်သုံးမက် သို့မဟုတ် နှစ်လက်မမက်တင်း(1 3/4) ကို "one and three quarters inches" သို့မဟုတ် "one and three fourths inches"လို့ပြောပါတယ်။
To be continued.
Yan Aung(Principal)
English Language Proficiency Center
***ELPC(မုံရွာ) >>> ကျောက္ကာလမ်းနှင့် ရန်ကင်း(ရယကရုံး)လမ်းထောင့်၊KBZ ဘဏ်နောက်ကျော၊ရန်ကင်းရပ်ကွက်။မုံရွာမြို့။
Ph-09-428525354
***ELPC(မန္တလေး) >>> ၂၇လမ်း၊၇၅လမ်းနှင့်၇၆လမ်းကြား။မန္တလေးမြို့။
Ph-09-43200234
09-775006007
"Practical English Usage" Part(2)
အပုံ ဒါမှမဟုတ် အချိုးနဲ့ပတ်သက်တဲ့ အသုံးအနှုန်းတွေကို အောက်က Paragraphကလေးမှာ လေ့လာကြည့်ရအောင်။
A rich man was dividing his property between his two sons in the ratio of one to three.The elder son was to take three fourths of property and the younger one fourth.
အဓိပ္ပာယ်ကတော့ "သူဌေးကြီးတစ်ဦးဟာ သူပိုင်ပစ္စည်းတွေကို သားနှစ်ယောက်ကို တစ်ဦးက သုံးပုံ၊ ကျန်တစ်ဦးက တစ်ပုံအချိုးနဲ့ ခွဲဝေပေးပါတယ်။ ပစ္စည်းအားလုံးရဲ့ လေးပုံသုံးပုံကို သားအကြီးကရမှာဖြစ်ပြီး သားအငယ်က လေးပုံတစ်ပုံ ရမှာဖြစ်တယ်"။
"in the ratio of one to three"ဆိုတာ အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း "တစ်ဦးက ပစ္စည်းအားလုံးရဲ့ သုံးပုံနဲ့ အခြားတစ်ဦးက တစ်ပုံအချိုး"လို့ အဓိပ္ပာယ်ရတဲ့အတွက် အဲဒိလိုခွဲဝေနိုင်ဖို့ ပစ္စည်းအားလုံးကို သုံးပုံ + တစ်ပုံ (စုစုပေါင်း လေးပုံ) ပုံပြီးမှပဲ ခွဲဝေနိုင်မှာဖြစ်ပါတယ်။ဒါကြောင့် ၃ + ၁ = ၄ ဖြစ်ပါတယ်။ဒါကြောင့်လည်း အကိုဖြစ်သူက ပစ္စည်းအားလုံးရဲ့ သုံးပုံရမှာလို့ ဆိုတဲ့နေရာမှာ ပစ္စည်းအားလုံးကို ပုံထားတဲ့ အပုံလေးပုံကနေ သုံးပုံကို ရည်ညွှန်းတာဖြစ်တဲ့အတွက် သူဟာ ပစ္စည်းအားလုံးရဲ့ ၃/၄ ပုံရမှာလို့ ရေးရတာဖြစ်ပါတယ်။
အဲဒိအချိုးတွေပေါ်လွင်အောင်လို့ ရေးတဲ့နေရာမှာ three fourths မှာ fourth ကို "s"ထည့်ရပြီး one fourth မှာတော့ "s"မပါပါ။ -th နဲ့ ပြောတဲ့စကားရှေ့မှာ ပြောတဲ့စကားက one ထက်ပိုနေရင် -th နဲ့ပြောတဲ့စကားကို "s"ထည့်ပေးရပြီး "one"ဖြစ်နေမယ်ဆိုရင်တော့ -th နဲ့ပြောတဲ့ ဒုတိယစကားမှာ "s"မထည့်ရပါဘူး။
တစ်ယောက်ယောက်က ကိစ္စတစ်ခုကို မိမိအနေနဲ့ အောင်မြင်အောင် လုပ်နိုင်မယ်လို့ ထင်နေတဲ့အခါ၊ အခြားတစ်ယောက်က ဆန့်ကျင်ဘက်အမြင်ရှိနေတဲ့အခါ ၄င်းက အောက်ပါအတိုင်း ထုတ်ဖော်ပြောဆိုပါတယ်။
"The chances are a hundred to one against you".
အဓိပ္ပာယ်ကတော့ "မင်းအတွက်ဖြစ်နိုင်မယ့် အခွင့်အလမ်းကတော့ အပုံတစ်ရာပုံ တစ်ပုံပဲရှိတယ်"။ ပိုပြီး သိပ်သိပ်သည်းသည်း ဘာသာပြန်ရရင် "မင်း အဲဒိကိစ္စကို အောင်အောင်မြင်မြင်နဲ့ လုပ်နိုင်ဖို့ အလွန့်ကို ခဲယဉ်းပါတယ်" လို့ ဘာသာပြန်လို့ရပါတယ်။
(4) Nought, zero, nil, etc
သုညဂဏန်းကို ဗြိတိသျှအင်္ဂလိပ်စာမှာ "nought"လို့ သာမန်အားဖြင့်ခေါ်ပါတယ်။ အမေရိကန်အင်္ဂလိပ်စာမှာတော့ "zero"လို့ခေါ်ပါတယ်။
ဂဏန်းတွေကို တစ်ခုချင်းပြောတဲ့အခါမှာ "0"(zero) ကို အင်္ဂလိပ်စာလုံး "o"လို့ခေါ်ပါတယ်။My account number is four one three two six o six nine.(ကျနော့ ငွေစာရင်းအမှတ်က ၄၁၃၂၆၀၆၉ ဖြစ်ပါတယ်။
ဥပမာအားဖြင့် အပူချိန်လိုမျိုး အတိုင်းအတာတွေမှာ "0" ကို "zero" လို့ခေါ်ပါတယ်။ Zero degree Fahrenheit = 17.8 degrees below Zero Centigrate
အသင်းလိုက် အားကစားတွေမှာ zero ရမှတ်တွေကို ဗြိတိသျှအင်္ဂလိပ်စာမှာ "nil"လို့ခေါ်ပါတယ်။အမေရိကန်အင်္ဂလိပ်စာမှာတော့ "zero"လို့ပဲခေါ်ပါတယ်။တင်းနစ်၊ စားပွဲတင်တင်းနစ်နဲ့ အလားတူ အားကစားတွေမှာ "love"ဆိုတဲ့စကားလုံးကို အသုံးပြုပါတယ်။ဒီစကားလုံးဟာ ပြင်သစ်စကားလုံး "L' oeuf" ကနေဆင်းသက်လာတာဖြစ်ပြီး "the egg"လို့ အဓိပ္ပာယ်ရပါတယ်။ဖြစ်နိုင်ချေတစ်ခုကတော့ သုညဟာ ဥနဲ့တူပါတယ်။
(5) Telephone numbers
ဖုန်းနံပါတ်တွေမှာ ဂဏန်းတစ်ခုစီကို သတ်သတ်စီခွဲပြီး ပြောလေ့ရှိပါတယ်။သုညကို အင်္ဂလိပ်စကားလုံး "o"(အို)လို့ အသံထွက်ပါတယ်။six, six အစား ဗြိတိသျှအင်္ဂလိပ်စကားပြောတဲ့သူတွေက double six လို့ပြောလေ့ရှိပါတယ်။ "007"ကို "zero zero seven"လို့မပြောပဲ "double o seven"လို့ပဲ ပြောကြပါတယ်။307-4922 (three o seven four nine double two).Us: ....two two.
Yan Aung(Principal)
ELPC English Language Proficiency Center
***ELPC(မုံရွာ) >>> ကျောက္ကာလမ်းနှင့် ရန်ကင်း(ရယကရုံး)လမ်းထောင့်၊KBZ ဘဏ်နောက်ကျော၊ရန်ကင်းရပ်ကွက်။မုံရွာမြို့။
Ph-09-428525354
***ELPC(မန္တလေး) >>> ၂၇လမ်း၊၇၅လမ်းနှင့်၇၆လမ်းကြား။မန္တလေးမြို့။
Ph-09-43200234
09-775006007
No comments:
Post a Comment