Wednesday, May 3, 2017

There-ဝါကျ ရေးသားနည်း

There-ဝါကျ ရေးသားနည်း
♢♢♢♢
Verb to be-ဝါကျမျိုးတွင် ရှိကြိယာ ဘာသာပြန်ရသော နေရာမျိုး၌ There-ကတ္တားပုဒ်ဖြင့် There-ဝါကျကို ရေးသားလေ့ရှိကြသည်။

Be-ပစ္စုပ္ပန်=am, is, are
Be-အတိတ်=was, were
Be-အနာဂတ်=shall be, will be
♡♡♡

There-ကတ္တားဖြင့် မရေးနိုင်သော ဝါကျများ
♢♢♢♢
(ဆောင်)နာမ်းစား-ကိုယ်ပိုင်, ပိုင်ဆိုင်-ညွှန်ပြ, ဤလေးဝ, There-မသုံးရ။

၁။ There-ဝါကျကို I,We, You,You, He, She, It, They-ဟူသော နာမ်စားကတ္တားတို့ဖြင့် မရေးရ။

(There is she in the room.)
ဟုမရေးရ။
(There was she in the room.)
ဟုမရေးရ။
(There will be she in the room.)
ဟုမရေးရ။

ထိုဝါကျများကို အောက်ပါအတိုင်းသာ ရေးရမည်==
She is in the room.
သူမ အခန်းထဲမှာ ရှိတယ်။
She was in the room.
သူမ အခန်းထဲမှာ ရှိခဲ့တယ်။
She will be in the room.
သူမ အခန်းထဲမှာ ရှိလိမ့်မယ်။
******************

၂။HayMan,KoKo-စသော ကိုယ်ပိုင်နာမ် ကတ္တားတို့ဖြင့် မရေးရ၊

(There is Hay Man in the room.)-ဟုမရေးရ။
(There was Hay Man in the room.)-ဟုမရေးရ။
(There will be Hay Man in the room.)-ဟုမရေးရ။

ထိုဝါကျများကို အောက်ပါအတိုင်းသာ ရေးရမည်==
Hay Man is in the room.
ဟေမာန် အခန်းထဲမှာ ရှိတယ်။
Hay Man was in the room.
ဟေမာန် အခန်းထဲမှာ ရှိခဲ့တယ်။
Hay Man will be in the room.
ဟေမာန် အခန်းထဲမှာ ရှိလိမ့်မယ်။
*********************

၃။There-ဝါကျကို My, Our, Your, Your, his, her, its, Their -ဟူသော (ပိုင်ဆိုင်ခြင်းပါသော)ကတ္တားတို့ဖြင့် မရေးရ။

(There is my phone in the room.)-ဟုမရေးရ။
(There was my phone in the room.)-ဟုမရေးရ။
(There will be my phone in the room.)-ဟုမရေးရ။

ထိုဝါကျများကို အောက်ပါအတိုင်းသာ ရေးရမည်==
My phone is in the room.
ကျွန်တော့်ဖုန်း အခန်းထဲမှာ ရှိတယ်။
My phone was in the room.
ကျွန်တော့်ဖုန်း အခန်းထဲမှာ ရှိခဲ့တယ်။
My phone will be in the room.
ကျွန်တော့်ဖုန်း အခန်းထဲမှာ ရှိလိမ့်မယ်။

၎။ There-ဝါကျကို this, these, that, those,the-ပါသော တိကျသည့်ကတ္တားတို့ဖြင့် မရေးရ။

(There is the girl in the room.)-ဟုမရေးရ။
(There was the girl in the room.)-ဟုမရေးရ။
(There will be the girl in the room.)-ဟုမရေးရ။   (this girl-စသည်)

ထိုဝါကျများကို အောက်ပါအတိုင်းသာ ရေးရမည်==
The girl is in the room.
ကောင်မလေး အခန်းထဲမှာ ရှိတယ်။
The girl was in the room.
ကောင်မလေး အခန်းထဲမှာ ရှိခဲ့တယ်။
The girl will be in the room.
ကောင်မလေး အခန်းထဲမှာ ရှိလိမ့်မယ်။
♡♡♡♡

There-ကတ္တားဖြင့် ရေးနိုင်သော ဝါကျများ
♢♢♢♢

(ဆောင်)သင်္ချာ-ပမာဏ, မတိကျ,There- ဝါကျရ။

၁။There-ဝါကျကို one, two, three-စသော သင်္ချာအရေအတွက်ပြ ကတ္တားတို့၌ ရေးသားနိုင်သည်။

Two girls are in the room.
ကောင်မလေးနှစ်ယောက် အခန်းထဲမှာ ရှိကြတယ်။
Two girls were in the room.
ကောင်မလေးနှစ်ယောက် အခန်းထဲမှာ ရှိခဲ့ကြတယ်။
Two girls will be in the room.
ကောင်မလေးနှစ်ယောက် အခန်းထဲမှာ ရှိကြလိမ့်မယ်။
****
There are two girls in the room.
ကောင်မလေးနှစ်ယောက် အခန်းထဲမှာ ရှိကြတယ်။
There ware two girls in the room.
ကောင်မလေးနှစ်ယောက် အခန်းထဲမှာ ရှိခဲ့ကြတယ်။
There will be two girls in the room.
ကောင်မလေးနှစ်ယောက် အခန်းထဲမှာ ရှိကြလိမ့်မယ်။
**********

၂။There-ဝါကျကို little, a little, few, a few, some, many-စသော (Quantitative Adjective-ကွန်တီတေးတစ် အက်ဂျက်တစ်)
ပမာဏပြ ကတ္တားတို့၌ ရေးသားနိုင်သည်။

1. Many girls are in the room.
ကောင်မလေးများ အခန်းထဲမှာ ရှိကြတယ်။
2. Many girls were in the room.
ကောင်မလေးများ အခန်းထဲမှာ ရှိခဲ့ကြတယ်။
3.Many girls will be in the room.
ကောင်မလေးများ အခန်းထဲမှာ ရှိကြလိမ့်မယ်။
---------
There are many girls in the room.
ကောင်မလေးများ အခန်းထဲမှာ ရှိကြတယ်။
There are many girls in the room.
ကောင်မလေးများ အခန်းထဲမှာ ရှိခဲ့ကြတယ်။
There are many girls in the room.
ကောင်မလေးများ အခန်းထဲမှာ ရှိကြလိမ့်မယ်။

၃။There-ဝါကျကို a+N, an+N, somebody, someone, anything, nothing -စသော မတိကျမသေချာ ကတ္တားတို့၌ ရေးသားနိုင်သည်။

A girl is in the room.
ကောင်မလေးတစ်ယောက် အခန်းထဲမှာ ရှိတယ်။
A girl was in the room.
ကောင်မလေးတစ်ယောက် အခန်းထဲမှာ ရှိခဲ့တယ်။
A girl will be in the room.
ကောင်မလေးတစ်ယောက် အခန်းထဲမှာ ရှိလိမ့်မယ်။
---------'-
There is a girl in the room.
ကောင်မလေးတစ်ယောက် အခန်းထဲမှာ ရှိတယ်။
There was a girl in the room.
ကောင်မလေးတစ်ယောက် အခန်းထဲမှာ ရှိခဲ့တယ်။
There will be a girl in the room.
ကောင်မလေးတစ်ယောက် အခန်းထဲမှာ ရှိလိမ့်မယ်။

♤♤♤♤♤♤

1. There is a boy on the school now.
ယခု ကောင်လေးတစ်ယောက် ကျောင်းထဲမှာ ရှိတယ်။
2. There was a boy on the school two day ago.
လွန်ခဲ့တဲ့ နှစ်ရက်က ကောင်လေးတစ်ယောက် ကျောင်းထဲမှာ ရှိတယ်။
3.There will be a boy on the school tomorrow evening. မနက်ဖြန်ညနေ ကောင်လေးတစ်ယောက် ကျောင်းထဲမှာ ရှိလိမ့်မယ်။
♡♡♡♡♡

                                              (၇:၂:၁၃၇၉)
                                              (2:5:2017)
                                တက္ကသိုလ်စာသင်သား
          အလင်းအိမ်ယဉ်ကျေးလိမ္မာသင်တန်းနှင့်
     အလင်းအိမ်အခြေခံအင်္ဂလိပ်သဒ္ဒါသင်တန်း။

No comments:

Post a Comment