Online သင်တန်းပထမနေ့မှတမ်း
Lesson 1 (Week 1-Introduction)
========================= 10-1-2018
Ven.Indâcariya: Hello. My name's Ven.Indâcariya. It's nice to meet you! I live in Mandalay, now.
Ohn Saw: Hi. I’m Ohn Saw. Nice to meet you, too! I live in Seoul, now.
အရှင်ဣန္ဒာစရိယ: မင်္ဂလာပါ။ ကျနော့်နာမည် (အရှင်ဣန္ဒာစရိယ)
ပါ။ တွေ့ရတာဝမ်းသာပါတယ်။ ကျနော်အခု (မန္တလေး )မှာနေပါတယ်။
အွန်ဆော: မင်္ဂလာပါရှင်။ ကျမကတော့ (အွန်ဆော) ဖြစ်ပါတယ်။ ကျမလည်းတွေ့ရတာဝမ်းသာပါတယ်။ ခုဆိုးလ်မှာနေပါတယ်။
ပွဲဦးထွက် Lesson အနေနဲ့ အားလုံးလွယ်လွယ်ကူကူ ယခုလိုစတင်မိတ်ဆက်ကြရအောင်ပါ။
မိမိနာမည်အရင်းနဲ့ ကိုယ်စိတ်ဝင်စားတဲ့ နာမည်ကျော်တစ်ယောက်ယောက်ယောက်ရဲ့ နာမည်သုံးပြီး နှစ်ဦးမိတ်ဆက်ကြပုံလေးကိုလေ့လာကြရအောင်ပါ။
မိမိယခုလက်ရှိနေထိုင်နေတဲ့မြို့နာမည် (ဇာတိမဟုတ်ပါဘူး၊ နိုင်ငံခြားမှာဆိုရင် ကိုယ်နေနေတဲ့မြို့နာမည်) နဲ့ နာမည်ကျော်အတွက်မြို့တစ်ခုခုကိုသုံးပြီး ကျနော်ရေးထားသလိုအထက်ပါအတိုင်း Conversation စကားပြောအခြေအနေပုံစံရေးပေးရမှာဖြစ်ပါတယ်။
မှတ်ချက်။ ။
မိမိရဲ့ဗလာစာအုပ်ထဲမှာ အထက်ပါအတိုင်းရေးပြီး ဓါတ်ပုံရိုက်ကာ Photo Comment အနေနဲ့ဒီပို့စ်အောက်မှာတင်ပေးရမှာဖြစ်ပါတယ်။ ပုံကိုထင်ထင်ရှားရှားမြင်ရအောင် သေသေချာချာအလင်းအမှောင်အနည်းငယ်ရှိစေကာ ရိုက်ဖို့လိုအပ်ပါတယ်။ ဒါမှမဟုတ်လဲ ကိုယ့်ရဲ့ Note App မှာရေးပြီး Screenshot ရိုက်တင်လို့ရပါတယ်။
ဒီဖြေနည်း(၂)မျိုးထဲက ကိုယ်နဲ့အဆင်ပြေရာနဲ့ဖြေနိုင်ပါတယ်။ ရိုးရိုး Comment ရေးပြီးမဖြေရပါဘူး။
အထက်မှာ ရေးခဲ့သလို အင်္ဂလိပ်လိုစုစုပေါင်း (၈)ကြောင်းပါဝင်တဲ့ စာပိုဒ်(၂)ပိုဒ်ပဲရေးရမှာဖြစ်ပါတယ်။
မြန်မာလိုရေးစရာမလိုပါဘူး။ အခြားအချက်အလက်များလုံးဝ (လုံးဝ) မရေးရပါ။ နာမည်နဲ့ မြို့နာမည်တွေပဲပြောင်းရေးရမှာဖြစ်ပါတယ်။
တစ်ချို့အချက်လေးတွေကိုတော့ နည်းနည်းပါးပါးကွဲပြားရေးလို့ရပါတယ်။
ဥပမာ- Hello နေရာမှာ Hi. ပြီးတော့ It's my pleasure to meet you. လို့ရေးလည်းရပါတယ်။
ပြီးတော့ အွန်ဆောကဒုတိယမြောက်ပြောတဲ့သူဆိုတော့ too ဆိုတာလေးထည့်ပေးရမှာဖြစ်ပါတယ်။ တကယ်လို့ လူကြီးလူကောင်းနဲ့တွေ့ဆုံရာမှာပြောမယ်ဆိုရင်တော့ It’s nice to meet you. အစား How do you do? ဆိုတာကိုသုံးမှာဖြစ်ပါတယ်။
Grammar Points!
၁။ လူနာမည်ရေးရာတွင် ပထမဆုံးစာလုံးကို စာလုံးကြီး (Capital Letter) ကိုသုံးရမှာဖြစ်ပါတယ်။
၂။ နိုင်ငံနာမည်များ၊ မြို့နာမည်များ၊ လမ်းနာမည်များစသည်ဖြင့် နာမည်အများစုကိုရေးရာတွင်လည်းအလားတူ Capital Letter ကိုသုံးရမှာဖြစ်ပါတယ်။
၃။ ၀ါကျအစ စကားလုံးရဲ့ ပထမဆုံးစာလုံးကိုလည်း Capital Letter ဖြင့်ရေးရမှာဖြစ်ပါတယ်။
၎။ စာလုံးပေါင်း Spelling လေးတွေကိုလည်းမှန်ကန်စွာရေးရမှာဖြစ်ပါတယ်။
၅။ name's ဆိုတာက name is ကိုအတိုချုံ့ရေးထားတာဖြစ်ပြီး It's ဆိုတာကတော့ It is ကိုအတိုချုံ့ရေးထားတာဖြစ်ပါတယ်။
စကားပြောမယ်ဆိုရင် အဲ့လိုအတိုချုံ့ပြီးပြောလေ့ရှိသောကြောင့် အတိုချုံ့ရေးထားတာဖြစ်ပါတယ်။
စကားပြောမဟုတ်ဘဲ အခြား Essay များ၊ အလုပ်လျှောက်ထားခြင်း Letter များရေးမယ်ဆိုရင်တော့ အတိုချုံ့ရေးလေ့မရှိပါဘူး။
၆။ စာသင်တန်းမှာ စာလေ့လာခြင်းဖြစ်တဲ့အတွက် စာကြောင်းတွေကိုအပြည့်အစုံရေးပေးရပါမယ်။ အခြားခေတ်ပေါ် ရုံးသုံးမဟုတ်သော မြန်မာအင်္ဂလိပ်အရောစာများနှင့် Free Style အတိုချုံ့ရေးသားခြင်းများကိုမပြုလုပ်ရပါ။
ဥပမာ - You ကို u ဟုရေးသားခြင်း၊ Yangon ကို Ygn ဟုရေးခြင်း၊ for ကို 4 ဟုရေးသားခြင်း၊ Tway ya tar wann tar par tal... စသည်တို့ဖြစ်ပါတယ်။
၇။ စာကြောင်းအဆုံးမှာ ဖူးစတော့ (Full Stop) လေးတွေနဲ့ အခြား အံ့သြတာ၊ ထူးခြားစေတာကိုပြသတဲ့ ! အမှတ်အသားလေးတွေကိုလည်းမေ့လို့မရပါဘူး။
၈။ စုစုပေါင်းစာကြောင်း(၈)ကြောင်းလုံးကို Present Tense (Verb 1) ကိုပဲသုံးရမှာဖြစ်ပါတယ်။
Tips!
သူငယ်ချင်းတွေဖြေထားတာတွေကိုသွားကြည့်ပါက အသစ်အဆန်းလေးနဲ့ သူတို့ဘယ်ကနေလေ့လာနေတာလဲ၊ ကိုယ်နဲ့မြို့ချင်းတူလားဆိုတာလေးတွေကို တွေ့ရှိရမှာဖြစ်ပါတယ်။
ဒါကြောင့် သွားကြည့်ပြီး တကယ်လို့မေးချင်တာပြောချင်တာတစ်ခုခုရှိခဲ့ရင် သူငယ်ချင်းဖြေထားတဲ့အခြေအောက်မှာ မြန်မာလို Reply ပေးမေးခဲ့နိုင်ပါတယ်။ ကိုယ့်ကိုလာမေးရင်လည်း ပြန်ဖြေပေးရမှာဖြစ်ပါတယ်။ မှားမှာကို ဂရုစိုက်စရာမလိုပါဘူး...
Important!
အရေးကြီးတာကတော့ အပေါ်ဆုံးခေါင်းစဉ်မှာဖော်ပြထားတဲ့အတိုင်း ယခု Lesson ကိုပြီးဆီးအောင်လုပ်ရမဲ့နောက်ဆုံးရက် Deadline က January (11) ရက်နေ့ဖြစ်ပါတယ်။
(၁၁) ရက်နေ့ ည(၁၂)နောက်ဆုံးထားပြီး ကိုယ်အဆင်ပြေရာအချိန်၊ ကိုယ်အဆင်ပြေရာနေ့မှာဖြေနိုင်ပါတယ်။ ဆရာမမှအဖြေများကိုစစ်ဆေးပေးပြီး မေးခွန်းများကိုဖြေပေးမှာဖြစ်ပါတယ်။ (၁၁) ရက်နေ့နောက်ပိုင်းမှလေ့လာနိုင်သော်လည်း သတ်မှတ်ထားသောနောက်ဆုံးရက်ကျော်လွန်သောကြောင့် အဖြေများလာရောက်တင်ထားပါက ဆရာ၊ဆရာမများမှစစ်ဆေးပေးမည်မဟုတ်ဘဲ ကျောင်းသားတို့၏အပါတ်စဉ်လေ့ကျင့်ခန်းပြုလုပ်မှုကိုစစ်ဆေးပေးသောဇယား Students Weekly Work Check Table တွင်လည်းထည့်သွင်းမည်မဟုတ်ပါ။
ဒါကြောင့် ကိုယ်ကပြီးအောင်မလုပ်ထားနိုင်ဘူးဆိုရင် ခွင့်တိုင်ထားခဲ့ဖို့လိုအပ်ပါတယ်။
ဒီပို့စ်အောက်မှာပဲ (၁၁) ရက်နေ့အထိ ဘာကြောင့်မလုပ်နိုင်သေးဘူးဆိုတာနဲ့ ဘယ်နေ့မှပြန်လုပ်ဖြစ်မယ်ဆိုတာကို Comment ပေးခွင့်တိုင်ပေးခဲ့နိုင်ပါတယ်။ ဒါဆိုရင်တော့ ခွင့်တိုင်ထားတဲ့အတွက် နောက်ကျတဲ့အဖြေများကိုလက်ခံစစ်ဆေးပေးသွားမှာဖြစ်ပါတယ်။
OK! Let's finish the first lesson!!!!! Fighting!
မှတ်ချက်။ ။သင်တန်းစည်းမျဉ်းအရ နတ်မောက်စင်တာမှ ပိုစ့်များအားလုံးကိုမည်သူမျှ Like သုံးခွင့်မပြုတာကိုထပ်မံတင်ပြအပ်ပါတယ်။
ဆရာ၊ဆရာမများမှသင်ခန်းစာများစစ်ဆေးရာတွင်အသုံးပြုရန်လိုအပ်သောကြောင့်ဖြစ်ပါတယ်။ Comment များကိုတော့ Like ပေးနိုင်ပါတယ်။ ကိုယ့်ရဲ့အဖြေပုံမှာစာကြောင်းတွေကို ရှင်းရှင်းလင်းလင်းမြင်ရဖို့လိုအပ်ပါတယ်။ ဒါမှမဟုတ်လည်း အကူအညီလိုရင် Comment ပေးမေးခဲ့နိုင်ပါတယ်။ ကျနော်တို့စီမံတာဝန်ခံမှ ကူညီပေးမှာဖြစ်ပါတယ်။ မေးလိုရာမေးမြန်းနိုင်ပါတယ်။
No comments:
Post a Comment