အင်္ဂလိပ်ဘာသာစကားကိုလေ့လာသူတွေအတွက် ထိရောက်တဲ့လေ့အထများ
၁။ အင်္ဂလိပ်စာကိုလေ့လာတာဟာ Gym သွားတာနဲ့တူညီပါတယ်။
💪💪💪💪💪💪💪💪💪💪💪💪💪💪💪💪💪
ကိုယ်လိုချင်တဲ့အချိုးအစားရအောင်အချိန်၊ အင်အား၊ ငွေကြေးစိုက်ထုတ်ရတယ်။ လိုအပ်တဲ့ တန်ဆာပလာတွေဝယ်ရတယ်။ စစဆော့တဲ့အချိန်မှာ နာကျင်မှုတွေရှိတယ်။ ဒါပေမယ့် ဒါတွေအားလုံးက ကျန်းမာရေးနဲ့ညီညွှတ်ပြီး နေထိုင်မှုပုံစံသိသိသာသာ ကောင်းမွန်ပြောင်းလဲလာတယ်။
အင်္ဂလိပ်စာလေ့လာတဲ့အခါမှာလည်း ပေးဆပ်ရတာတွေရှိမယ်။ လေ့လာရေးမှာလိုအပ်တဲ့ စာရေးကိရိယာ၊ စာအုပ်စာတမ်းတွေစုဆောင်းဝယ်ယူရတယ်။ ချက်ချင်းပြောင်းလဲတိုးတက်မှု မတွေ့ရပေမယ့် အချိန်ကာလတစ်ခုမှာ အောင်မြင်မှုတစ်ခုကို ရလာပါလိမ့်မယ်။ အခက်အခဲတွေက တကယ့်လက်တွေ့မှာ တိုးတက်ပြောင်းလဲမှုရစေပါတယ်။
💪💪💪💪💪💪💪💪💪💪💪💪💪💪💪💪💪
၂။ ပျော်ရွှင်မှုရှိပါစေ။
😄😃😀😊☺😉😍😘😚😗😙😜😄😃😀😊☺
အင်္ဂလိပ်ဘာသာစကားကို သေသေချာချာစတင်လေ့လာရတာ လွယ်ကူတာတော့မဟုတ်ပါဘူး။ တကယ်တက်ကျွမ်းအောင်လေ့လာမယ့်အချိန်မှာအခက်အခဲတွေများပါတယ်။ ဒါပေမယ့် လက်တွေ့ဘ၀ကိုစဉ်းစားကြည့်ပါ။ မပျော်တဲ့အရာကိုကျွန်တော်တို့ထပ်ခါလုပ်ဆောင်လေ့မရှိပါဘူး။ အင်္ဂလိပ်စာကိုလည်းပျော်ရွှင်ဖွယ်ဖြစ်အောင်လေ့လာပါ။
အမှားတွေလုပ်မိရင်ပေါ့ပေါ့ပါးပါးရယ်ပြီး အမှားပြင်လိုက်ပါ။
ပြောချင်တဲ့အရာတစ်ခုကို ဘယ်လိုပြောရမလဲသိရင် ကိုယ်သိထားတဲ့အနီးစပ်ဆုံးစကားလုံးနဲ့ အစားထိုးဖန်တီးပြောဆိုပါ။
လေ့လာခါနီးမှာ စိတ်ထဲပျော်စရာအကြောင်းတွေတွေးပြီး စကားပြောတဲ့အခါ ရယ်စရာလေးတွေ ရောနှောထည့်ပြောပါ။
လေ့လာမယ့်ပတ်ဝန်းကျင်ကိုလည်း ပျော်ရွှင်ဖွယ်နေရာဖြစ်အောင် ဖန်တီးထားပါ။
😄😃😀😊☺😉😍😘😚😗😙😜😄😃😀😊☺
၃။ ပတ်ဝန်းကျင်မှာ အင်္ဂလိပ်စာကားလုံးလေးတွေ၊ပုဒ်စုလေးတွေ၊စာကြောင်းလေးတွေကို ၀န်းရံခိုင်းပါ။
📌📎📌📎📌📎📌📎📌📎📌📎📎📌
ရောင်စုံ Sticky Notes လေးတွေကစာအုပ်ထဲမှာလှသလို နံရံတွေပေါ်မှာလည်း ထင်ပေါ်ပါတယ်။ Beginners တွေဆို အိမ်မှာရှိတဲ့အခန်းတွေ၊ အခန်းထဲမှာရှိတဲ့ အရာတွေရဲ့အခေါ်အဝေါ်တွေကိုရေးပြီး ကပ်ထားနိုင်သလို လေ့လာတာကြာပြီဖြစ်သူတွေအနေနဲ့လည်း ကိုယ့်စာကြည့်စားပွဲဒါမှမဟုတ် ကိုယ်အနေများတဲ့နေရာတွေမှာ ကိုယ်သဘောကျပြီး လေ့လာခဲ့ရတဲ့ English အသုံးနှုန်းတွေ၊ ၀ါကျတွေ၊ စကားပုံတွေ စတာတွေကိုရေးပြီး ကပ်ထားလို့ရပါတယ်။
ဒီစာရွက်လေးတစ်ခုကိုတွေ့ပြီး အချိန်စကန့်ဝက်ပေးပြီးဖတ်ရုံနဲ့ သင်ဝေါဟာရအသစ်တစ်ခု တိုးလာပါပြီ။
📌📎📌📎📌📎📌📎📌📎📌📎📎📌
၎။ အခြားသူတွေကိုပါ အတူပါဝင်လာပါစေ။
👫👪👬👭👬👪👫👪👬👭👬👪👫👬👭
ကိုယ့်ရဲ့လေ့လာမှုအဆင့်တွေမှာ မိသားစု၊ မိတ်ဆွေတွေကိုပါဝင်ခိုင်းပါ။ ကိုယ်ကသင်တန်း၊ စာလေ့လာတဲ့အဖွဲ့တွေသွားပြီး လေ့လာရတာတွေကို သူတို့ကိုပြောပြပါ။ သူတို့စိတ်ဝင်စားလာရင် သူတို့နဲ့အတူလေ့ကျင့်ပါ။ အင်္ဂလိပ်လိုလက်တွေ့မှာအသုံးပြုကြည့်ပါ။ သင်သာမက သင့်ဝန်းကျင်ကသူတွေပါ တိုးတက်ပြောင်းလဲလာကြပါမယ်။
👫👪👬👭👬👪👫👪👬👭👬👪👫👬👭
၅။ အင်္ဂလိပ်ဘာသာစကားနဲ့အမြဲထိတွေ့မှုရှိပါစေ။
📧📧📧📧📧📧📧📧📧📧📧📧📧📧📧
သင်တန်းတွေကိုအမြဲတက်ဖို့ဆိုလိုခြင်းမဟုတ်ပါဘူး။ အင်္ဂလိပ်လိုရေးထားတဲ့ကြော်ငြာ၊ ဆိုင်းဘုတ်တွေကို ဖတ်ကြည့်ပါ။ ရုပ်ရှင်နဲ့သီချင်းတွေကို စာတန်းထိုးမပါဘဲကြည့်ပါ။ အင်္ဂလိပ်စကားတိုက်ရိုက်ပြောတဲ့အစီစဉ်တွေကြည့်ပါ။ Reader’s Digest, People, Elle စတဲ့ မဂဇင်းကနေအစ အခြားစာအုပ်တွေကိုဖတ်ပါ။
📧📧📧📧📧📧📧📧📧📧📧📧📧📧📧
၆။ ရည်မှန်းချက်ထားပါ။
⛳⛳⛳⛳⛳⛳⛳⛳
အင်္ဂလိပ်ဘာသာစကားကိုလေ့လာဖို့ SMART goal လေးချကြည့်ကြရအောင်။
Specific - အင်္ဂလိပ်ရဲ့ဘယ်အပိုင်းကို၊ ဘယ်လိုလေ့လာချင်တာလဲ တိတိကျကျသိရပါမယ်။
Measurable - ကိုယ့်ရဲ့တိုးတက်မှုကိုစစ်လို့ရတဲ့ Free online website တွေကနေအမြဲစစ်ဆေးနေပါ။
Achievable - အချိန် ၁လပေးပြီးလုံးဝကျွမ်းကျင်ချင်တယ်ဆိုတာထက်၁လအတွင်းဘယ်လောက် ရချင်သလဲဆိုတာဖြစ်သင့်ပါတယ်။
Realistic - လက်တွေ့ဆန်ပါစေ။ ငယ်ငယ်ကတည်းက မြန်မာ့ဝန်းကျင်မှနေထိုင်လာပြီး Native speaker လိုလေသံလိုချင်တယ်ဆိုတာထက် ကိုယ်ပြောလိုက်တဲ့စကားကို တပါးသူက နားလည်သွားတယ်ဆိုတာက လက်တွေ့ကျပါတယ်။
Timely - သတ်မှတ်ထားတဲ့ကာလအတွင်း သတ်မှတ်ထားတဲ့ Levelရအောင် အချိန်ပေးပြီး အချိန်မှန်လေ့လာပါ။
⛳⛳⛳⛳⛳⛳⛳⛳
အခြားထိရောက်မယ့်လေ့လာနည်းလေးတွေကိုလည်း Comment မှာအကြံပေးခဲ့ကြပါ။
ချစ်သော
Saw Ehta Ler
ALC (English & Development)
Photo: Kaung HtetNaing
Art director: Saw EhtaLer
Location: Atlar's LearningCentre
No comments:
Post a Comment