🗣🗣နေ့စဉ်သုံးလျပ်တစ်ပြက်အင်္ဂလိပ်ဝါကျတိုများ(၁၄၅)🗣🗣
*******************************************************
Is there anyone at home? = အိမ်ထဲမှာ တစ်ယောက်ယောက် ရှိသလားခင်ဗျာ။
Is there anyone you're interested in? = မင်း စိတ်ဝင်စားတဲ့လူ ရှိလား။
Is there anymore of this? = ဒီဟာ ကျန်သေးလားဟေ့။
Is there anything else I can show you? = တစ်ခြား ဘာများကြည့်ချင်ပါသေးသလဲခင်ဗျာ...ကျွန်တော်ပြနိုင်ပါတယ်။
Is there anything,I can do for you? = ခင်ဗျားကို တစ်ခုခု ကူညီနိုင်တာများ ရှိမလား။
Is there anything you'd like to explain? = ခင်ဗျားအနေနဲ့ ကျွန်တော့်ကို ရှင်းပြပေးစေချင်တာများ ရှိမလား။
Is there much crime? = အဲ့ဒီမှာ ပြစ်မှု များပါသလား။
Is this a social visit? = ဒါဟာ လူမှုရေး အလည်အပတ်ခရီးလား။
Is this a social visit or is it business? = အလည်ခရီးနဲ့လာတာလား ဒါမှမဟုတ် စီးပွားရေးကိစ္စလား။
Is this day and age, plain girls are as plentiful as mushroom. = ဒီခေတ်ဒီအခါကြီးမှာ ရုပ်ဆိုးဆိုး မိန်းမတွေ ပေါသလား မမေးနဲ့။
Is this correct? = ဒါ မှန်သလား။
Is this expression often used? = ဒီ အသုံးအနှုန်းမျိုး သုံးလေ့ရှိသလား။
Is this phone yours? = ဒီဖုန်းက ခင်ဗျားဟာလား။
Is this place vacant? = ဒီနေရာ လူလွတ် သလားဗျ။
Is this really for me? = ဒါက တကယ်ကျွန်တော့်အတွက်လား ဗျ။
Is this seat taken? = ဒီခုံမှာ လူရှိသလား ခင်ဗျာ။
Is this table engaged? = ဒီ စားပွဲအားသလား ခင်ဗျာ။
Is this taxi taken? = ဒီတက္ကစီက ငှားထားပြီးသားလား ခင်ဗျာ။
Is this the first time you have driven a car? = ဒါဟာ ခင်ဗျားရဲ့ ပထမဆုံးအကြိမ် ကားမောင်းဖူးတာလား။
Is this the sort of design you were thinking of? = ခင်ဗျား စဉ်းစားထားတဲ့ ဒီဇိုင်းမျိုးက ဒီလိုမျိုးလား။
Is this train bound for Melaka? = ဒီရထားက မလက္ကာကို ရောက်မလား/ ဦးတည်ပြီး သွားမလားခင်ဗျ။
Is this train to KL Sentral? = ဒီရထားက ကေလယ်စင်ထရယ်ကို သွားတဲ့ရထားလား ခင်ဗျာ။
Is this wrong? = ဒါက မှားသလား ဗျ။
Is this your book? = ဒါ ခင်ဗျား စာအုပ်လား။
Is this your first time in Yangon? = ဒါက ခင်ဗျား ရန်ကုန်ကို ပထမဆုံး အကြိမ်လား။
Is this your first visit to Myanmar? = ဒါ ခင်ဗျားအနေနဲ့ မြန်မာပြည်ကို ပထမဆုံးအလည်ရောက်တာလား။
Is today okay? = ဒီကနေ့ အဆင်ပြေရဲ့လား။
Is your brother married? = မင်းအကိုက အိမ်ထောင်ကျပြီးပြီလား။
Is your business paying? = လုပ်ငန်း အကျိုးအမြတ်ရော ရှိသလား။
Is your coffee hot enough? = ခင်ဗျား ကော်ဖီက အနေတော် ပူပါရဲ့လား။
Is your company on Pyay road? = မင်း ကုမ္ပဏီက ပြည်လမ်းမှာလား။
Is your girlfriend acting up? = မင်းကောင်မလေးက ကဂျီကဂျောင်လုပ်နေလို့လား။
Is your English getting better? = မင်း အင်္ဂလိပ်စာ တိုးတက်ရဲ့လား။
Is your father at home? = နင့်အဖေက အိမ်မှာလား။
Is your house very far from here? = မင်း အိမ်က ဒီကနေ တော်တော်ဝေးသလား။
Is your mother coming with us? = မင်းအမေရော ငါတို့နဲ့ အတူ သွားမှာလား။
Is your passport in order? = မင်း နိုင်ငံကူးလက်မှတ်က လမ်းမှန်ကမ်းမှန် ဖြစ်ရဲ့လား။
Is your printer working? = မင်း စာကူးစက် အလုပ်လုပ်နေလား။ ကောင်းလား။
Is your school very far from here? = ခင်ဗျားကျောင်းက ဒီကနေ တော်တော်ဝေးသလား။
Is your sister married? = မင်း ညီမက အိမ်ထောင်နဲ့လား။
Is your watch correct? = မင်းနာရီ အချိန်မှန်သလား။
Is your watch expensive? = မင်းနာရီက ဈေးသိပ်ကြီးသလား။
Is your watch fast? = မင်းနာရီ မြန်သလား။
Is 5 : 00 PM all right? = ညနေ ငါးနာရီဆို ဘယ်လိုလဲ ဖြစ်မလား။
Islands rely on reeds, just as reeds rely on islands. = ကိုင်းကျွှန်းကို မှီသလို ကျွန်းက ကိုင်းကိုမှီခိုရတာပါပဲ။
It all come down to money in the end. = နောက်ဆုံး အနှစ်ချုပ်လိုက်တော့ အဖြေက ငွေပါပဲကွာ။
It all depends a lot on your doing. = အားလုံးဟာ မင်းရဲ့လုပ်ရပ်ပေါ်မူတည်နေတယ်လေ။
It all happened many moons ago. = အဲ့ဒါက ဟိုး..ရှေးပဝေသဏီကဖြစ်ခဲ့တာကြီးပါ။
It amounts to the same thing! = ရလာဒ်ကတော့ အတူတူပါပဲ။
@@ပညာရှာဆဲမို့အမှားပါကပြုပြင်ပေးကြပါခင်ဗျာ။
@@အားလုံးကိုအစဉ်လေးစားချစ်ခင်လျက်...ဦးမျိုး(ခေတ္တ-မလေးရှား)
No comments:
Post a Comment