Monday, April 22, 2019

Comma အသံုးျပဳရမည့္ ေနရာ (၁၃)ခ်က္

#
—————————————————-
(1) Subject, Verb ပါၿပီး ကိုယ္ပိုင္ဝါက်ေနနဲ႔ ရပ္တည္ႏိုင္ေသာ, အဓိပၸာယ္ျပည့္စံုေသာ (independent sentence) စာေၾကာင္း ၂ခုကို ဆက္စပ္ေပးေသာ စကားစပ္ ေနရာေရွ႕တြင္ သံုးသည္။
Eg, I went running, and I saw a monkey.
အကယ္၍ ေနာက္စာေၾကာင္းတြင္ Subject မပါပါက (dependents sentence) comma ထည့္ေပးရန္မလိုပါ။
Eg, I went running and saw a monkey.

(2) Subject, Verb ပါေသာ္လည္း ကိုယ္ပိုင္ဝါက်အေနနဲ႔ မရပ္တည္ႏိုင္ေသာ စကားစုကို စာေၾကာင္းေရွ႕တြင္ ေရးပါက သံုးသည္။
Eg, When I went running, I saw a monkey.
အကယ္၍ ၎ when နဲ႔စေသာ စကားစုကို စာေၾကာင္းေနာက္တြင္ ထားပါက comma ထည့္ေပးရန္မလိုပါ။
Eg, I saw a monkey when I went running.

(3) အနက္အဓိပၸာယ္တူ စာလံုး၂ခုၾကားတြင္ သံုးသည္။
Eg, I saw a mallard, the kind of duck.

(4) စာေၾကာင္းတစ္ေၾကာင္းထဲတြင္ မတူညီေသာ items မ်ားကို ခြဲၿပီးေျပာခ်င္လွ်င္ သံုးသည္။
Eg, I saw a mallard, a monkey, and my friend when I went running.

(5) စာေၾကာင္းအစ ကနဦးမိတ္ဆက္အေနနဲ႔သံုးေသာ adverb ေရွ႕တြင္သံုးသည္။
Eg, Unsurprisingly, I saw a monkey when I went running.

(6) ထုတ္ေဖာ္ေျပာျပေသာဝါက် (Quotation words, မ်က္ေတာင္ဖြင့္/ပိတ္ တို႔ႏွင့္ေရးျခင္း) တို႔ကို အထူးျပဳေျပာခ်င္လွ်င္ သံုးသည္။
* အထူးျပဳေျပာျခင္းက ထုတ္ေဖာ္ဝါက်ေရွ႕တြင္ ရွိပါက comma ကို မ်က္ေတာင္ဖြင့္/ပိတ္အျပင္ဖက္တြင္ထားရမည္။                                                      
* Eg, The man said, “ I saw a monkey.”
* ထုတ္ေဖာ္ဝါက်က အထူးျပဳေျပာျခင္းေရွ႕တြင္ရွိပါက comma ကို မ်က္ေတာင္ဖြင့္/ပိတ္ အတြင္းထည့္ရမည္။
* Eg, “ I saw a monkey,” said the man.

(7) လိပ္စာေဖာ္ျပေသာ ဝါက်တြင္ ၎လိပ္စာ၌ပါဝင္ေသာ အရာမ်ားကို ခြဲျခားၿပီးေျပာခ်င္လွ်င္သံုးသည္။
Eg, I work at Orange supermarket, on 80th street, between 34th and 35th street.
ျပည္နယ္/တိုင္း နဲ႔ၿမိဳ႕ တခါတည္းတြဲဲေျပာခ်င္လွ်င္ သံုးသည္။
Eg, Monywa, Sagaing is a good place to do business.

(8) ရက္စြဲအျပည့္စံုေဖာ္ျပေသာ ဝါက်တြင္သံုးသည္။
Eg, Thursday, July 18, 2013 was a very special day for me.
လ ႏွင့္ ခုႏွစ္ ၂ခုတည္းသာေျပာခ်င္လွ်င္ comma မသံုးပါ။
Eg, July 2013 was a special day for me.

(9) Yes/ No တို႔ကို ဝါက်ေရွ႕ဆံုးမွာထားၿပီး ေရးခ်င္လွ်င္ သံုးသည္။
Eg, Yes, I saw a monkey when I went running.

(10) အမည္တပ္ေခၚေသာ ဝါက်တြင္ အမည္ေနာက္တြင္ သံုးသည္။
Eg, Mg Mg, is this your book?

(11) နာမ္ (noun) တခုတည္းကို အထူးျပဳေျပာခ်င္ေသာ နာမဝိေသသန (Adjective) မ်ားၾကားတြင္ သံုးသည္။
Eg, I saw the big, clever monkey in front of the cinema when I went running.

(12) အျငင္းစာလံုးျဖင့္ေဖာ္ျပေျပာဆိုခ်င္ေသာ ဝါက်တြင္သံုးသည္။
Eg, I saw a duck, not a baby seal when I went running.

(13) 999 ထက္ ပိုေသာ ကိန္းဂဏန္းမ်ားေရးလွ်င္ ကိန္းဂဏန္းသံုလံုးစီေနာက္တြင္ သံုးသည္။
Eg, 13,445,120.

#AMMOnlineEnglishLanguageCenter

Unicode
#Comma အသုံးပြုရမည့် နေရာ (၁၃)ချက်
—————————————————-
(1) Subject, Verb ပါပြီး ကိုယ်ပိုင်ဝါကျနေနဲ့ ရပ်တည်နိုင်သော, အဓိပ္ပာယ်ပြည့်စုံသော (independent sentence) စာကြောင်း ၂ခုကို ဆက်စပ်ပေးသော စကားစပ် နေရာရှေ့တွင် သုံးသည်။
Eg, I went running, and I saw a monkey.
အကယ်၍ နောက်စာကြောင်းတွင် Subject မပါပါက (dependents sentence) comma ထည့်ပေးရန်မလိုပါ။
Eg, I went running and saw a monkey.

(2) Subject, Verb ပါသော်လည်း ကိုယ်ပိုင်ဝါကျအနေနဲ့ မရပ်တည်နိုင်သော စကားစုကို စာကြောင်းရှေ့တွင် ရေးပါက သုံးသည်။
Eg, When I went running, I saw a monkey.
အကယ်၍ ၎င်း when နဲ့စသော စကားစုကို စာကြောင်းနောက်တွင် ထားပါက comma ထည့်ပေးရန်မလိုပါ။
Eg, I saw a monkey when I went running.

(3) အနက်အဓိပ္ပာယ်တူ စာလုံး၂ခုကြားတွင် သုံးသည်။
Eg, I saw a mallard, the kind of duck.

(4) စာကြောင်းတစ်ကြောင်းထဲတွင် မတူညီသော items များကို ခွဲပြီးပြောချင်လျှင် သုံးသည်။
Eg, I saw a mallard, a monkey, and my friend when I went running.

(5) စာကြောင်းအစ ကနဦးမိတ်ဆက်အနေနဲ့သုံးသော adverb ရှေ့တွင်သုံးသည်။
Eg, Unsurprisingly, I saw a monkey when I went running.

(6) ထုတ်ဖော်ပြောပြသောဝါကျ (Quotation words, မျက်တောင်ဖွင့်/ပိတ် တို့နှင့်ရေးခြင်း) တို့ကို အထူးပြုပြောချင်လျှင် သုံးသည်။
* အထူးပြုပြောခြင်းက ထုတ်ဖော်ဝါကျရှေ့တွင် ရှိပါက comma ကို မျက်တောင်ဖွင့်/ပိတ်အပြင်ဖက်တွင်ထားရမည်။                                                      
* Eg, The man said, “ I saw a monkey.”
* ထုတ်ဖော်ဝါကျက အထူးပြုပြောခြင်းရှေ့တွင်ရှိပါက comma ကို မျက်တောင်ဖွင့်/ပိတ် အတွင်းထည့်ရမည်။
* Eg, “ I saw a monkey,” said the man.

(7) လိပ်စာဖော်ပြသော ဝါကျတွင် ၎င်းလိပ်စာ၌ပါဝင်သော အရာများကို ခွဲခြားပြီးပြောချင်လျှင်သုံးသည်။
Eg, I work at Orange supermarket, on 80th street, between 34th and 35th street.
ပြည်နယ်/တိုင်း နဲ့မြို့ တခါတည်းတွဲပြောချင်လျှင် သုံးသည်။
Eg, Monywa, Sagaing is a good place to do business.

(8) ရက်စွဲအပြည့်စုံဖော်ပြသော ဝါကျတွင်သုံးသည်။
Eg, Thursday, July 18, 2013 was a very special day for me.
လ နှင့် ခုနှစ် ၂ခုတည်းသာပြောချင်လျှင် comma မသုံးပါ။
Eg, July 2013 was a special day for me.

(9) Yes/ No တို့ကို ဝါကျရှေ့ဆုံးမှာထားပြီး ရေးချင်လျှင် သုံးသည်။
Eg, Yes, I saw a monkey when I went running.

(10) အမည်တပ်ခေါ်သော ဝါကျတွင် အမည်နောက်တွင် သုံးသည်။
Eg, Mg Mg, is this your book?

(11) နာမ် (noun) တခုတည်းကို အထူးပြုပြောချင်သော နာမဝိသေသန (Adjective) များကြားတွင် သုံးသည်။
Eg, I saw the big, clever monkey in front of the cinema when I went running.

(12) အငြင်းစာလုံးဖြင့်ဖော်ပြပြောဆိုချင်သော ဝါကျတွင်သုံးသည်။
Eg, I saw a duck, not a baby seal when I went running.

(13) 999 ထက် ပိုသော ကိန်းဂဏန်းများရေးလျှင် ကိန်းဂဏန်းသုံလုံးစီနောက်တွင် သုံးသည်။
Eg, 13,445,120.

#AMMOnlineEnglishLanguageCenter

No comments:

Post a Comment