Speaking အတွက်ဝါကျတိုလေးများ (၃၁)
အရင် post မှာ ဝါကျနံပါတ် ၈၈၀ မှာရပ်ခဲ့တယ်။ ဒီမှာ ၈၈၁ မှ စလိုက်ကြစို့။
၈၈၁။ Frankly speaking, I don't give a damn.
ပွင့်ပွင့်လင်းလင်းပြောရရင် ငါ လုံးဝကို ဂရုမစိုက်ဘူး။
frank= အမှန်အတိုင်းပြောသော၊ ပွင့်လင်းသော
frankly speaking= အမှန်အတိုင်းပြောရရင် (ဝါကျအစမှာ ထားသုံးပါ)
I don't give a damn= I don't care.
၈၈၂။ So, sue me.
အဲဒီတော့ ငါ့ကို တရားစွဲပါလား။
(မကျေနပ်ဘူးလား။ ဘာလုပ်ချင်လဲ။ ဒီကိစ္စသေးသေးလေးကို စိတ်ဆိုးနေလား ငါ့သာ တရားစွဲလိုက်တော့လို့ အငေါ်အတူးပြောပုံ)
၈၈၃။ You're making a mountain out of a molehill.
မင်းဟာ ကိစ္စသေးသေးလေးကို ပုံကြီးချဲ့နေတာ။
mole ဆိုတာ ပွေးသတ္တဝါလေးပါ။ molehill ဆိုတာ ပွေးကျစ်စာ (အဲဒီအကောင်လေးတွေ ယက်ထုတ်ထားတဲ့ ခြတောင်ပို့လို မြေသားအပုံလေးတွေပေါ့)
to make a mountain out of a molehill ဟာ idiom ပါ။
ခြတောင်ပို့သေးသေးလေးကို တောင်ကြီးတစ်ခုပမါ...ဆိုတော့ တစ်စိပ်ကိုတစ်အိတ်လုပ်တာ...ပိုပြောတာ...ပုံကြီးချဲ့တာ။
၈၈၄။ Come in and stay a while.
အိမ်ထဲဝင်ပါ၊ ခဏ နားနားနေနေပေါ့။
၈၈၅။ Would you care to stay for dinner?
ညစာစားပြီးမှပြန်ပါလား။
သူများကို စားဖို့ သောက်ဖို့ ဖိတ်ကြားချင်ရင် ....
Would you care for a cup of tea?
လ္ဘက်ရည်သောက်ပါဦးလား။
Would you care to join us for lunch?
တို့နဲ့ မနက်စာစားပါလား။
Would you care for+ noun
Would you care to + verb မှန်အောင်သုံးပါ။
၈၈၆။ Please make yourself at home.
ကိုယ့်အိမ်လိုသဘောထားပြီး လွတ်လွတ်လပ်လပ်နေပါ။
၈၈၇။ Can I get you something to drink?
တစ်ခုခုသောက်ပါလား။
၈၈၈။ What book are you reading?
မင်း ဘာစာအုပ်ဖတ်နေတာလဲ။
၈၈၉။ Have you seen any good movies recently?
ခုတလော ရုပ်ရှင်ကားကောင်းလေးများ ကြည့်ဖြစ်သေးလား။
၈၉၀။ Don't go looking for trouble.
ပြဿနာ (ဒုက္ခ) မရှာနဲ့နော်။
၈၉၁။ I'll be gone just a few minutes.
အပြင်ခဏလေးသွားလိုက်အုံးမယ်။
(မိနစ်အနည်းငယ်လောက်ကြာရင်ပြန်လာမှာ)
၈၉၂။ I'll be home late.
ငါ အိမ်ပြန်ရောက်တာ နောက်ကျမယ်။
၈၉၃။ I hate to eat and run.
(ဧည့်သည်လို) စားပြီးတာနဲ့ ထပြန်ရတာ အားနာလိုက်တာ။
၈၉၄။ I have to get up early tomorrow.
မနက်ဖြန် စောစောထရမှာ။ (ဒါ့ကြောင့် ခွင့်ပြုပါ)
၈၉၅။ This is more than I can bear.
သည်းခံနိုင်တာထက်တော့လွန်သွားပြီ။
(မရတော့ဘူး။ တင်းလာပြီ)
၈၉၆။ A woman's work is never done.
အိမ်ရှင်မတစ်ယောက်ရဲ့အလုပ်ဟာ ပြီးတယ်လို့ကိုမရှိဘူး။
၈၉၇။ I knew it was coming.
အဲဒါဖြစ်တော့မယ်ဆိုတာ ငါကြိုတင်ထင်ထားပြီးသား။
(ဖြစ်မယ်လို့ထင်သားပဲ)
၈၉၈။ I am only human after all.
ငါလည်း ပုထုဇဉ်လူသားပေမို့။
၈၉၉။ It's your fault to begin with.
ပြောရမယ်ဆိုရင်တော့ ဒါ မင်းရဲ့အပြစ်ပဲ။
၉၀၀။ Why? You've lost so much weight.
ဟေး...မင်း အရမ်းပိန်ကျသွားပါလား။
ဒီဝါကျမှာ Why? ဆိုတာ အာမေဒိတ် သဘောပါ။ surprise ဖြစ်တာကိုပြတာ။
၉၀၁။ Have you been hitting the gym?
မင်း အားကစားရုံမှာ လေ့ကျင့်နေခဲ့တာလား။
(ဂျင် မှာ ကစားနေတာ။ fitness exercise တွေလုပ်ပြီး ဝိတ်ချနေတာ)
to hit the gym ကို အတွဲလိုက်မှတ်ပါ။
Have you been working out? လို့ပြောလည်းရပါတယ်။
၉၀၂။ What do you do for a living?
မင်း (စားဝတ်နေရေးအတွက် ပုံမှန်) ဘာအလုပ်လုပ်သလဲ။
မင်းရဲ့ သက်မွေးဝမ်းကြောင်း အလုပ်က ဘာလဲ။
၉၀၃။ She is a stay-at-home mom.
သူမဟာ အိမ်မှာပဲနေပြီး မိသားစုဝင်တွေကို ပြုစုလုပ်ကျွေးတဲ့ မိခင်ပါ။
၉၀၄။ I'm not certain about that.
အဲဒါကို ငါ သေသေချာချာ တိတိကျကျ မသိဘူး။
(ဖြစ်မယ် မဖြစ်ဘူး ဟုတ်တယ် မဟုတ်ဘူး သေသေချာချာမသိဘူး)
၉၀၅။ No one knew for certain how the accident happened.
မတော်တဆမှု ဘယ်လိုဖြစ်သွားခဲ့တာကို ဘယ်သူမှ သေသေချာချာမသိဘူး။
၉၀၆။ The boss gave us a day off.
သူဌေးက ငါတို့ကို နားဖို့ ခွင့်တစ်ရက်ပေးတယ်။
to give a day off
to get a day off စသည်ဖြင့် မှတ်ပါ။
Today is my day off. ဆိုတာ.. ဒီနေ့ ငါ အလုပ်နားတဲ့ရက်..လို့မှတ်ပါ။
၉၀၇။ He finally gave up smoking.
သူ နောက်ဆုံးမှာ ဆေးလိပ်ကိုဖြတ်ခဲ့တယ်။
to quit smoking
to give up smoking စသည်ဖြင့် မှတ်ပါ။
တစ်ခုခု ဆက်မလုပ်တော့ဘူး ဖြတ်လိုက်ပြီဆိုရင် to quit သို့မဟုတ် to give up သုံးပါ။
He will quit this job. ကတော့.. သူ ဒီအလုပ်က ထွက်မယ်...ဆက်မလုပ်တော့ဘူး..လို့မှတ်ပါ။
၉၀၈။ I gave her a ride in my car last night.
ငါ မနေ့ညက သူမကို ငါ့ကားနဲ့ လိုက်ပို့ခဲ့တယ်။
to give someone a ride လို့တွဲမှတ်ပါ။ သူများကို ကိုယ်က ကားနဲ့လိုက်ပို့ပေးတာ။
၉၀၉။ He gave us quite a lot of trouble.
သူ ငါတို့ကို ဒုက္ခအရမ်းပေးခဲ့တယ်။
၉၁၀။ He brings nothing but trouble.
သူဟာ ဒုက္ခကလွဲလို့ ဘာကောင်းကျိုးမှမပေးဘူး။
ဝါကျလေးများကို အသံထွက်ဖတ်ပါ။ ထပ်ခါ ထပ်ခါ အလွတ်ရအောင်ဖတ်ပါ။ ပုံမှန်လေ့ကျင့်ပြီး ကိုယ်ပိုင်ဖြစ်သွားအောင်ကြိုးစားကြပါ။
မေတ္တာဖြင့်
ဒေါက်တာစိုးသန်း
No comments:
Post a Comment