ဝေါဟာရစုဆောင်းခြင်း
Negative personality ကိုဖော်ပြသည့် သိထားသင့်သော Adjective အချို့......
proud= မာနကြီးသော
arrogant= မောက်မာသော
self-absorbed= ကိုယ့်အတွက်သာ စိတ်ဝင်စားသော
judgemental= သူတပါးအား ဝေဖန်တိကပြုတတ်သော
domineering= ဗိုလ်ကျ ကြီးစိုးခြယ်လှယ်တတ်သော
high-handed= တင်စီးသော
aggressive= စရိုက်ကြမ်းသော
aloof= တသီးတခြား အဖက်မလုပ်ဘဲနေတတ်သော
cowardly= သူရဲဘောကြောင်သော
cunning= ဉာဏ်နီဉာဏ်နက်များသော၊ စဉ်းလဲသော
wicked= ကောက်ကျစ်သော၊ ယုတ်မာသော
cynical= အဆိုးမြင်စိတ်ဖြင့် အရာရာကိုသံသယပွားနေတတ်သော
deceitful= လိမ်လည်လှည့်ဖြားတတ်သော
dogmatic= တစ်ယူသန်ဖြစ်သော၊ တရားသေစွဲသော
foolhardy= မိုက်ရူးရဲသော
finicky= ဇီဇာကြောင်သော၊ လက်ဝင်သော
fussy= ကြေးများသော၊ ဇီဇာကြောင်သော
impulsive= စိတ်လိုက်မာန်ပါပြုမူတတ်သော
inconsiderate= သူတပါးကို မငဲ့ကွက် မစာနာသော
interfering= သူများကိစ္စကိုဝင်ရှုပ်တတ်သော၊ မဆီမဆိုင်ဝင်ပါတတ်သော
mean= စိတ်ပုတ်သော၊ နှမြောတတ်သော
miserly= ကပ်စေးနှဲသော၊ တွန့်တိုသော
moody= စိတ်ပြောင်းလွယ်သော
narrow-minded= စိတ်သဘောထားကျဉ်းမြောင်းသော
obstinate= ခေါင်းမာသော
patronizing= အကြောကြီးနှင့်ဆက်ဆံသော၊ တင်စီးသော (ခပ်ချေချေပဲ ဆိုတာမျိုးပေါ့)
pompus= ဟိတ်ဟန်များသော၊ ကိန်းခမ်းကြီးသော
quarrelsome= အငြင်းပွား ရန်ဖြစ်တတ်သော
superficial= လေးနက်မှုမရှိသော၊ ရေပေါ်ဆီ
tactless= အလိမ္မာမသုံးသော၊ ပါးနပ်မှုမရှိသော
unpredictable= အတပ်ပြောရခက်သော၊ မခန့်မှန်းနိုင်သော
untrustworthy= ယုံကြည်၍မရသော
vain= အနှစ်မဲ့ ဂုဏ်မောက် ထောင်လွှားနေသော
vulgar= ဟီရိသြတ္တပ္ပကင်းမဲ့သော၊ အောက်တန်းကျသော
ဒီလို adjective တွေအများကြီးရှိပေမဲ့ selfish, greedy တို့လိုစကားလုံးတွေကို အများသိပြီးသားဖြစ်မယ်လို့ထင်တယ်။ ဒါကြောင့်မို့ တချို့မသိသေးဘူးလို့ယူဆရတဲ့ ဒီလို အသုံးများ အသုံးဝင်တာတွေကိုတော့ သိထားသင့်လို့ ရွေးပြီးတင်ပြလိုက်တာပါ။
မေတ္တာဖြင့်
ဒေါက်တာစိုးသန်းအင်္ဂလိပ်စာ
(Postမူရင်းအတိုင်းပါ)
No comments:
Post a Comment