You must have had a broken heart .
Westlife အဖွဲ့ရဲ့ သီချင်းစာသားလေးပါ။ ဒါကို နားလည်ဖို့ အောက်က စာတွေ ဖတ်ကြည့် ရအောင်။
Must ၏ Past ပုံစံများ
-------------------------
Must ရဲ့ Past ပုံစံကိုသာ ရေးတာ ဖြစ်လို့ Must နဲ့ Have to အသုံး ကွာခြားချက် တွေကို ဒီမှာ မရေးတော့ပါဘူး။ ရှာဖွေတော့ ဖတ်ထား စေချင် ပါတယ်။
Must ( အပိုင်း (၁)
==============
(1) Must ကို မဖြစ်မနေ လုပ်ရမယ်လို့ ကိုယ့်စိတ်ထဲမှာ ထင်တဲ့ အခါသုံးပါတယ်။ ဒီနေရာမှာ Have to နဲ့ တွဲပြီး မလေ့လာသေးတော့ ကိုယ့်စိတ်ထဲမှာ ဆိုတဲ့စကားက အရေးကြီးတယ်။
ကမ္ဘာကျော် သဒ္ဒါစာအုပ်တွေထဲမှာ ပြောထားတာလေးတွေ ဖတ်ကြည့်ပါ ။
We use must to say that something is necessary.
( Grammar Time Book 3)
We use must when you think it is necessary to do something;
( Essential Grammar in Use by Raymond Murphy )
We must do our homework.
ငါတို့ အိမ်စာ လုပ်ရမယ်။
The windows are very dirty. I must clean them.
ပြတင်းပေါက်တွေ ညစ်ပတ်နေတာပဲ ။ သန့်ရှင်းရေး လုပ်ဦးမှ။
We must go to the bank today. We haven't got any money.
ပိုက်ဆံ မရှိတော့ဘူး။ ဘဏ်သွားမှ ဖြစ်မယ်။
You must always remember to bring everything you need for the class.
You must listen carefully when your teacher or a classmate is speaking.
Mary is a very interesting person. You must meet her.
My hands are very dirty. I must clean them.
You must learn to drive .It will be very useful.
---------------- ---------------- --------------
(2) must ကို စိတ်ထဲမှာ တော်တော်လေး သေချာတယ်လို့ ယူဆတယ်၊ ဖြစ်နိုင်ခြေ အရမ်းများတယ် ထင်တဲ့နေရာမှာတွေမှာ သုံးတယ်။
We can use must to say that you believe something is certain;( English Grammar in Use by Raymond Murphy )
used for saying that you think something is probably true because nothing else seems possible (Macmillan English Dictionary)
ဥပမာ.သူငယ်ချင်းတစ်ယောက်က ခင်ဗျားကိုပြောတယ် ဆိုပါစို့ရယ်... ငါ့မှာသူငယ်ချင်း တစ်ယောက် ရှိတယ်၊ မင်းသမီးဖြစ်ချင်လို့တဲ့။ အဲ့ဒီအခါမှာ သင်ကပြောမယ်.. She must be beautiful. or She must be a beautiful girl. ဒီနေရာမှာ ဘာလို့ Must ကိုသုံးလိုက်တာလည်း ဆိုတော့ အပေါ်က နံပါတ် (၁) လို မဖြစ်မနေ လုပ်ရမယ့် ကိစ္စမဟုတ်ဘူး။ မြန်မာပြည်မှာ မင်းသမီးဆိုတာ ချောမှ ဖြစ်နိုင်တယ်လို့ ထင်ကြတော သင်စိတ်ထဲမှာ ချောတာဖြစ်နိုင်တယ်လို့ ရာခိုင်နှုန်း တော်တော်များများ ယူဆတဲ့အတွက် Must ကိုသုံးလိုက်တယ်။ သူကိုလည်း မမြင်ဖူးဘူးလေ။ မြင်ဖူးလို့ ချောရင်တော့ .She is beautiful. She is a beautiful girl.လို့ ၁၀၀% သေသေချာချာ ပြောနိုင်တယ်။
အခုက 95 % လောက် သေချာတဲ့ သဘောပေါ့။
သူက BMW ကားအကောင်းစားကြီးထဲက ထွက်လာတယ် ဆိုပါစို့.. လူကလည်း အလန်းလွန် ၊ အလွန်လန်း ၊ အကောင်းစားအ၀တ်အစားနဲ့ စိတ်ထဲကနေ ..He must be a rich man. ဒါပေမဲ့ He is a rich man.လို့ပြောရအောင်သူကို မသိဘူး၊ ငှားထားတာလည်း ဖြစ်နိုင်တာပဲ.စိတ်ထဲကတော့ အခြေအနေကိုကြည့်ပြီး၉၅% လောက်တော့ သေချာတယ်လို့ တွက်ဆလိုက်တယ်။ .. He must be a rich man.လို့။ ဘီလ်ဂိတ်တို့၊ မြန်မာပြည်က KBZ ပိုင်ရှင် ဦးအောင်ကိုဝင်းတို့လို လူတွေ ဆိုရင်တော့ He is a rich man. လို့ သုံးလိုက်မှာပဲ။ ၁၀၀% သေချာ သိနေတာကို။
You must be tired after your long journey.
Sue always travels business class, so she must be short of money.
Congratulations on passing your exam. You must be very pleased.
You're going on holiday next week. You must be looking forward to it.
ဒီလောက်ဆိုရင် Must ရဲ့ အသုံးနှစ်ခုကို ကွဲကွဲပြားပြား သဘောပေါက်လောက်ပါပြီ။
ခရီးသွားတာ ဆိုမှတော့ ပင်ပန်းနေတာ ဖြစ်ရမယ်လို့ ၉၅ % လောက်သေချာမှုကို ပြောတာ။ မဖြစ်မနေ ပင်ပန်းပေးရမယ်လို့ ပြောတာမဟုတ်ဘူး။ ပင်ပန်းချင်ရင် ပင်ပန်းမယ် ၊ မပင်ပန်းချင်ရင် မပင်ပန်းဘူးပေါ..မဖြစ်မနေ ပင်ပန်းပေးရမယ် မဟုတ်ဘူး။ ဖြစ်နိုင်ခြေကို ခန့်မှန်းတွက်ဆတာ။
Business class နှင့် အမြဲခရီးသွားမှတော့ ပိုက်ဆံ ပြတ်နေနိုင်ဖို့ အခွင့်အလမ်းက သိပ်များနေပြီလေ။ ဒါပေမဲ့ မဖြစ်မနေ ပြတ်ရမယ်တော့ မဟုတ်ပါဘူး။ ဖြစ်နိုင်ချေ တော်တော်များများကြီးကို ပြောလိုက်တာ။
ကိုစပ်စုစိန်ပေါ့ ။ သူက ဟိုစပ်စပ် ဒီစပ်စပ်ရှိတယ် ဆိုပါစို့ ။ Facebook မှာ အကြောင်းအရာ အသစ် တစ်ခု ဆို သူက သိပြီးသား။ သူငယ်ချင်းက ကိုယ့််ကို အကြောင်းအရာ အသစ် တစ်ခုမေးတယ်ဆိုရင် ကိုယ်စိတ်ထဲမှာ သေချာတာက ကိုစပ်စုစိန် သိမယ်ပေါ့ ။ သူကိုမေး သူသိတယ်။ ၁၀၀ % သူသိနေရမယ်လို့ တော့ မပြော နိုင်ဘူးလေ ။ သူက ကိုယ်မှ မဟုတ်တာ။ ဒီတော့ . ကောက်ချက်ချတယ်..
He must know about it.
သူ ဒီအကြောင်းကို သိနိုင်တယ်။
He probably knows about it.
ဝါကျ အခြေအနေ အပေါ်မူတည်ပြီး အဓိပ္ပါယ် ယူရမှာပါပဲ။ ဒီမှာက သူ သိကို သိရမယ် ဆိုတာမျိုး မဟုတ်တော့ဘူး။
(3) Must not / mustn't
================
(A) We use must not/ mustn't to tell someone not to do something:
သူများကို မလုပ်ဖို့ပြောတာ ၊ တားမြစ်တာ.
Be quiet !
You must not talk in the library.
စာကြည့်တိုက်ထဲမှာ စကားမပြောရ ပါဘူး။
You mustn't touch the pictures.
ဒီပန်းချီကားတွေကို မထိရဘူး။
You mustn't eat or drink in the classroom.
စာသင်ခန်းထဲမှာ စားသောက်လို့ မရဘူး။
(B) It's necessary not to do it, it is the wrong thing to do.
အဟုတ်ဝါကျက မဖြစ်မနေလုပ်ရမယ် ဆိုတော့၊ မဟုတ်ဝါကျက သူ့ဆန့်ကျင်ဘက်ပေါ့။
We mustn't be late. .
ငါတို့ နောက်ကျလို့ မဖြစ်ဘူး။
ကျွန်တော်တို့ကို တားမြစ်တာ မဟုတ်ဘူး။
ဒီလို နောက်ကျရင် မကောင်းဘူး။ ဒါကို မလုပ်မိဖို့ မဖြစ်မနေလိုအပ်တာ။
You mustn't be late. ဆို သူများကို တားမြစ်တာ။ မတူဘူး ။
ဒီနေရာမှာ အသုံးပြုသော Person က အရေးကြီးတယ်။
First Person . လား
Second Person လား
Third Person လား ဆိုတာကိုမူတည်ပြီး အဓိပ္ပါယ် ပြောင်းသွား တတ်ပါတယ်။
I mustn't forget to phone Julia.
ဒီနှစ်ခုက အသေးစိတ် မခွဲလည်း အဆင်ပြေပါတယ်။ သုံးတတ်ဖို့က အဓိကပါ။
အနှစ်ပြန်ချုပ်မယ်..
၁။ မဖြစ်မနေလိုအပ် ..
၂။ ၉၅ % သေချာမှု လို့ မှတ်ထားရင် အဆင်ပြေမယ်။
အငြင်းဆို၇င်
၃။ တားမြစ်
၎။ မလုပ်ဖို့လိုအပ်.
ဒီလို ခွဲခြားထားမှ Must ရဲ့ Past Tense တွေကို ရှင်းလို့ရမှာ ဖြစ်ပါတယ်။
Must .. (အပိုင်း - ၂ )
===============
Must မှာ Past Tense ရှိသလားဆိုတော့ မရှိဘူးလို့ ဖြေထားတာ ကိုလည်း တွေ့ရတယ်။ သူပြောတာလည်း မှန်တယ် ။ဘာဖြစ်လို့လည်းဆိုတော့
There is no past tense, but had to is used for saying that something was necessary in the past:. လို့ Macmillan Dictionary နဲ့ သဒ္ဒါစာအုပ် တစ်ချို့မှာ ဆိုထားတယ်။ တစ်ချို့စာအုပ်တွေကြတော့ အသုံးဘက်ကို ဦးစားပေးတော့ Past Tense of Must = had to လို့ပြကြတယ်။ ကျွန်တော့် ယူဆချက်တော့ must က အကူကြိယာဖြစ်တဲ့အတွက် သူအတွက် Past ရဲ့ရုပ်မရှိပေမဲ့ Had to လို့သုံးတာကို Must ရဲ့ Past tense လို့ ဆိုလိုက်တာ ပိုလွယ်လိမ့်မယ်။ ကျွန်တော်တို့က သုံးတတ်ဖို့ကို ပိုဦးစားပေး ချင်တယ်။
We had to show our passports
ဒီအထိက ဘာပြသနာမှ မရှိပါဘူး။ အပိုင်း (၁) မှာ ဆွေးနွေးခဲ့တဲ့ Must ရဲ့အသုံး နံပါတ် ၁ မဖြစ်မနေလုပ်ရမယ်၊ ဖြစ်ရမယ် ၊ရှိရမယ်ဆိုတဲ့ Must ရဲ့ Past Tense က Had to လို့မှတ်တတ်ရမယ်။
We had to go to the bank yesterday.
အခု ဘဏ်ကို မဖြစ်မနေသွားရမယ်ဆိုရင် I must .. အတိတ်က ပိုကဆံမရှိလို့မဖြစ်မနေ သွားခဲ့ရတော့ Had to ..
I had to walk home last night last night. There were no buses.
မနေ့က မဖြစ်မနေ လမ်းလျှောက်ခဲ့ရတော့ Had to ..အခုဆိုရင် တော့ must ..
I had to leave early.
We had to have a permit to enter the park.
ဒီအချက်က လူတိုင်း နီးပါး သိလို့ သိပ်မပြောတော့ပါဘူး။
Past Tense of Must = Had to ( ဘယ်နေရာမှာလဲ .. မဖြစ်မနေ လုပ်ဖို့ လိုတဲ့ နေရာမှာ လို့ အကြမ်း မှတ်နိုင် ပါတယ်။ )
နံပါတ် (၂ ) အသုံး ၉၅% သေခြာမှုလို့ပဲဆိုရအောင် အဲ့လို Certain ; ဖြစ်တာရဲ့ Past tense ပုံစံက Had to မရတော့ဘူး။ ဒါမို့ Past tense of must = had to ဆိုတာ basic အဆင့်မှာ သိသင့်တဲ့အရာ။ ပြဿနာက အဲ့ဒီမှာ ကျောင်းသားတွေက ရပ်နေတာပဲ။ ဆက်မသွားဘူး။ ဒီတော့ past tense of must = had to လို ပဲလူသိများတယ်။
Must Have + V3 လည်း သိဖို့ရမယ်။
ပုဂံကိုသွားလည်တယ်....မြို့၊ ဘုရားတွေကို ကြည့်ပြီး ဒီမှာ လူတွေအများကြီး aနခဲ့တာဖြစ်မယ်လို့ ခန့်မှန်းကြည့်တယ်။ သမိုင်းစာအုပ်လည်း မဖတ်ဖူးတော့ ဆိုပါစို့။ အခြေအနေတစ်ရပ် အပေါ်မူတည်ပြီး အတိတ်က ဖြစ်ခဲ့တာရဲ့ ဖြစ်နိုင်ခြေကို ခန့်မှန်းလိုက်တာ။
Many people lived in Bagan. (100% သေခြာ) သမိုင်းဖတ်ဖူးသူ အဲ့လိုပြောတယ်ဆို။ ကိုယ်က လူများစွာ နေခဲ့တာ ဖြစ်မယ်လို့ ခန့်မှန်းမယ်။ အဲ့ဒီခန့်မှန်းမှု့ကလည်း အခြေအနေအရပ်ရပ်ပေါ် ကြည့်ပြီး တော်တော်သေချာ တဲ့အခါ Many people must have lived in Bagan. လို့ ပြောလိုက်နိုင်တယ်။ ဒီတော့ Must ရဲ့ သေခြာမှု့တစ်ခုရဲ့ အတိတ်က
Must have + V3.
ဒီလောက်နာမည်ကြီးတဲ့ ဂတုံးအကြောင်းသိလား။ ( မနှစ်က နာမည်ကြီးသွားတဲ့ ပြည်က ကတုံး )
မင်းကြားဖူးခဲ့ပြီးလောက်ပြီပေါ့။ You must have heard about it.
နောက်ဥပမာတစ်ခု ထပ်ပေးမယ်။
အဖွားဓါတ်ပုံကို ပြတယ်။ အခုထိ အရွယ်က တင်ပြီးလှနေတယ်။ ငယ်ငယ်ကဆိုတော်တော် ချောခဲ့မှာနော်...အခုလှနေတာကို ကြည့်ပြီး သေချာမှု့ကိုပြောမယ်။
She must have been beautiful.
အရင်ကတည်းက သိတဲ့လူကတော့ She was beautiful when she was young. လို ၁၀၀% ပြောလို့ရတာပေါ့။
ရုပ်ရှင် သိပ်ကြိုက်တဲ့ သူငယ်ချင်းရှိတယ်။ ဘယ်အချိန်ခေါ်ခေါ်မငြင်းဘူး။ ခေါ်တိုင်းလိုက်ပဲ။ တစ်ရက်ကခေါ်တယ် ။မလိုက်ဘူးတဲ့ ။အဲ့တော့ မင်းကြည့်ပြီးပြီး ဖြစ်ရမယ်။ လို့ သူအကြောင်းသိလို့ ရာခိုင်နူန်းတော်တော်များများ ခန့်မှန်းနိုင်တယ်။ ဒီတော့
You must have watched that film./ movie.
They must have gone out.
You must have dropped it somewhere.
- ပိုရှင်းအောင် ခွဲကြည့်ရအောင်.. Verb to be ဆိုရင် ဖြစ်တာ ၊ တစ်နေရာရာမှာ ရှိတာ ၊ ရောက်နေတာ .
ဒါက ကိုယ်က သိပြီးသား အချက် ။
He is a doctor.
He is handsome.
He is in the class.
ဒါက အချက်အလက် ၊ အခြေအနေပေါ် ကောက်ချက်ဆွဲ ၊ ၉၅ % လောက် သေချာတာမျိုး
He must be a doctor.
He must be handsome.
He must be in the class.
အဲ့ဒီလို ၉၅ % ရဲ့ အတိတ် .
He must have been a doctor.
He must have been handsome.
He must have been in the class.
- Verb to do နဲ့ ဆိုရင် .. ထားပါတော့ Know ကို သုံးကြည်မယ်.
He knows about this.
He must know about this.
He must have known about this.
- Verb to have ဆိုရင်
He has
He must have
He must have had .
- The grass is wet. မြက်စိုနေတယ်။ ( ၁၀၀ % သိပြီးသား အချက် )
It must have rained last night. မနေ့ညက မိုးရွာ ခဲ့တာ ဖြစ်မှာပဲ ။
ဒီတော့ ... Must ကော Have + V3 ပါနေပေမယ့် သူက Past Tense အဆင့်ပါ။ ဘာနဲ့ ညီမျှလဲဆိုတော့
It probably rained last night. သဘောပါပဲ။
It rained last night. ဆိုရင် ကိုယ်က 100 % သိပြီးသား အချက်ပါ။
- Tony's lights are out.
Tony ရဲ့ အခန်းမီးတွေ ပိတ်ထားတယ်။
He must have gone to sleep.
သူ အိပ်ပျော် သွားခဲ့ပြီ ဖြစ်မှာပဲ။
အခုဟာက အတိတ်က အခြေအနေ တစ်ရပ်ကို ကောက်ချက်ဆွဲ ပြီးပြောတာမျိုး။
He probably went to sleep.
- Jane did well on the exam.
He must have studied hard.
He probably studied hard.
- Sandra failed the test.
She must not have studied hard.
She probably did not study.
သူမ စာမကျက်ခဲ့လို့ ဖြစ်မှာပဲ။
- သူမစာကျက်လား မကျက်လား ကိုယ် မသိပေမယ့် ၊ စာမေးပွဲ ကျတယ်ဆိုတော့ အတိတ်မှာ စာမကျက်ခဲ့တာ ဖြစ်မယ် ဆိုပြီး ထင်သော ၊ သိပြီးသော အချက်မှ ဆွဲယူ ရရှိသည့် ( Conclusion ) နိဂုံးဝါကျ ပုံစံပါ။
နံပါတ် (၃ )
တားမြစ်တယ်..ရဲ့ Past ပုံစံ က ... was/ were not allowed
You must not go there .
မင်းအဲ့ကို မသွားရဘူး။
I was not allowed to go there.
ကျွန်တော့်ကို သွားခွင့် မပေးခဲ့ဘူး။
You must not paint the wall.
You were not allowed to paint the wall.
စသည့်ဖြင့်......
- အနှစ်ချုပ် -
(1) necessary. ရဲ့ အဓိပ္ပါယ်နဲ့ ဆိုရင် Past Tense က Had to
(2) 95 % သေချာတာမျိုး ( certain ) ဆိုရင် Must have + V3 ( Past Participle )
(3) တားမြစ်တာ တာဆိုရင် .. was/ were not + allowed .
Must အပိုင်း (၃)
===========
နောက်တစ်ခု သိထားရမှာက reported speech must ကနေ Had to ပြောင်းမှာလား မပြောင်းရဘူးလားဆိုတာပဲ။
Quirk (A Comprehensive Grammar of the English Language, Longman, 1985) ဆိုတဲ့ နာမည်ကြီး သဒ္ဒါစာအုပ်ကြီးနှင့် Collins COBUILD မှ စာများကို လေ့လာမိစေရန် တင်ပေးလိုက်ပါသည်။
(A) He told them again that they had to learn to love each other.
However, the alternative way to express this kind of sentence keeps the modal must in its present form:
(B)He told them again that they must learn to love each other.
In fact, Quirk (A Comprehensive Grammar of the English Language, Longman, 1985) states:
In its obligational sense... the past of must may be replaced (italics added) by had to in indirect speech:
His parents told him that he must/had to be in by ten that night.
So, this reliable reference tells us that both must and had to are properly used in this kind of sentence. In addition, we see authentic examples of both in current use in the Collins COBUILD .
Of the first 40 examples in each of the following searches, we found:
1) the reporting verb “said,” appears with “had to” in the dependent clause following it 25 times, as in these examples:
The survey said actors, models and musicians had to…
…Nick Partridge said that more had to be done to reach people…
2) the reporting verb “said” appears with the “must” of obligation following it 11 times, as in these examples:
Lord Mackay’s letter said that judges must act and must be allowed to continue…
We said that these two assumptions must be tested before any of the…
3) the reporting verb “told” appears with “had to” in the dependent clauses following it 30 times, as in these examples:
…teleconference panelists told callers that they had to help improve the…
…damage the blood vessel walls, and told her that she had to limit her intake…
4) the reporting verb “told” appears with the “must” of obligation following it 19 times, as in these examples:
…at Arlington Cemetery. There he told Americans that they must…
The letter told Morgan that he must clear all his…
Had to appears almost twice as frequently as must in these dependent clauses following the reporting verbs said and told. This suggests that had to is indeed more common than must in the dependent clause, as in the example question. However, must seems to be retained in more often when it represents a strong moral, ethical, or legal obligation, more than it is for an “every day” one.
No comments:
Post a Comment