ငယ်ငယ်တုန်းက သင်ဖူးကြပါတယ် ၊
This - ဒီအရာ
That - ထိုအရာ
အဲ့သည့်နောက် This bag - ဒီအိတ် That bag - ထိုအိတ် သုံးလာနိုင်ကြသည် ။
ယခု ထို This နှင့် That ကို Adjective နှင့် တွဲသုံးသည်ကို ပြောပြချင်ပါတယ် ။ မြင်လည်း မြင်ဖူးကြမှာပါ ။
This Adjective " ဒီလောက် Adjective"
That Adjective "အဲ့လောက် adjective" ဘာသာပြန်နိင်ပါသည် ။
သို့သော် "That Adjective" ကို အငြင်း စကားနှင့်တွဲ၍ အများအားဖြင့် သုံးကြပါသည် ။
ထို့်အပြင် this နှင့် that ကိုလည်း singular noun များနှင့် တွဲသုံးကြသည် ။
Example for THIS Adjective
Why do you love me this much?
မင်း ဘာလို့ ငါ့ကို ဒီလောက်တောင် ချစ်တာလဲ။
(Much ကို အငြင်းစကားနှင့် တွဲသုံး များသော်လည်း ဤနေရာတွင်လည်း သုံးနိုင်သည်)
Ohhh is it this cute?
အို့. . . ဒါ ဒီလောက်တောင် ချစ်ဖို့ ကောင်းတာလား။
I wanna go this far ( As he looked at a map)
ငါ ဒီလောက် ဝေးဝေး သွားချင်တယ် (မြေပုံကြည့်နေစဉ်)
Examples for THAT Adjective
I never knew he is that bad.
သူ အဲ့လောက်ဆိုးမယ်လို့ ငါ ဘယ်တော့ကမှ မသိခဲ့ဘူး
It is not that expensive.
ဒါ အဲ့လောက် ဈေးမကြီးပါဘူး
No, I am not that outstanding.
မဟုတ်ဖူး ၊ ငါ အဲ့လောက်ကြီး မထူးချွန်ပါဘူး ။
You can touch it. It is not that hot.
မင်း ကိုင်လို့ရပါတယ် ၊ အဲ့ဒါ အဲ့လောက်မပူဘူး
Everything is fine. Not that tough.
အားလုံး အဆင်ပြေပါတယ် ၊ အဲ့လောက် မကြပ်တည်းပါဘူး
#pikaSHARING
No comments:
Post a Comment