Speaking အတွက်ဝါကျတိုလေးများ (၂၄)
အရင် post မှာ ဝါကျနံပါတ် ၆၇၀ မှာရပ်ခဲ့တယ်။ ဒီမှာ ၆၇၁ မှ စလိုက်ကြစို့။
၆၇၁။ You can bargain.
ဈေးဆစ်လို့ရပါတယ်။
bargin (ဘားဂင်း ) လို့အသံထွက်ပါ။
၆၇၂။ Can you reduce the price a bit?
ဈေးလေးနဲနဲလောက်လျှော့လို့ရမလား။
၆၇၃။ That's beyond a joke.
ဒါဟာ နောက်ပြောင်တာထက်လွန်လာပြီ။
၆၇၄။ I know that you're teasing me.
မင်းငါ့ကို စနေတယ်ဆိုတာ သိပါတယ်။
tease= စသည် နောက်သည်
teasing နေရာမှာ kidding လည်းသုံးလို့ရတယ်။
၆၇၅။ May I have a word with you?
မင်းနဲ့ငါ စကားနဲနဲပြောလို့ ရမလား (ဆွေးနွေးလို့ရမလား)
***have a word with someone= စကားနဲနဲပြောသည်
***have words with someone= အခြေအတင်စကားများသည်။
(ဒီအသုံး ၂ ခုက word မှာ 's' ထည့်လိုက်တာနဲ့ အဓိပ္ပါယ်လုံးဝ မတူတော့လို့ သတိထားပါ။)
၆၇၆။ That's not rocket science.
ဒါလေးများ လွယ်လွယ်လေးပါကွာ။
rocket science လေ့လာရသလို မခက်ပါဘူး တဲ့။ စကားပြောမှာ အသုံးများတယ်။
၆၇၇။ I wasn't born yesterday.
ငါဟာ သူငယ်နှပ်စားလေးမှမဟုတ်တာ။
၆၇၈။ It's obselete.
ဒါဟာခေတ်တုန်းသွားပြီ။ ခေတ်မရှိတော့ဘူး။
၆၇၉။ That should teach him a lesson.
ဒီကောင်ဒါမှမှတ်မှာ။ (ဒါ့ကြောင့် သူ သင်ခန်းစာလေးရသွားတာပေါ့)
၆၈၀။ I apologize for my mistake.
ငါ့ရဲ့ အမှားအတွက်တောင်းပန်ပါတယ်။
၆၈၁။ Is it real or imagined?
အဲဒါဟာ တကယ်လား စိတ်ကူးယဉ်လား။
၆၈၂။ That's a tall order.
ဒါဟာ မဖြစ်နိုင်တာကြီးကို လုပ်ခိုင်းတာပဲ။
၆၈၃။ It's a tall story.
မဖြစ်နိုင်တဲ့ ဇာတ်လမ်းကြီးပါ။
၆၈၄။ He has to work from dawn to dusk.
သူဟာ နေထွက်မှ နေဝင် တနေ့လုံး အလုပ်လုပ်ရတယ်။
dawn= နံနက်အာရုဏ်
dusk= နေဝင်ဆည်းဆာ
dawn to dusk နေထွက်မှနေဝင်သည် အထိ...ဒီအသုံးကိုမှတ်ပါ။
၆၈၅။ He is illiterate.
သူ စာမတတ်ဘူး။
literature (noun)= စာပေ
literate (adjective)= စာတတ်သော၊ ရေးတတ်ဖတ်တတ်သော
illiterate(adjective)= စာမတတ်သော
၆၈၆။ He is computer-illiterate.
သူ ကွန်ပြူတာ လုံးဝမသုံးတတ်ဘူး။
(He knows nothing about computers.)
၆၈၇။ Are you having a cold? You're sneezing.
မင်းအအေးမိနေတာလား။ နှာချေနေတယ်။
၆၈၈။ It's quite a catchy song.
ဒီသီချင်းသံစဉ်လေးက နားထဲစွဲ မှတ်မိရလွယ်တယ်။
၆၈၉။ Mother spanked the boy for being rude.
အမေဟာ ကောင်လေးရိုင်းလို့ အပြစ်ပေးတဲ့အနေနဲ့ ရိုက်တယ်။
***ခလေးတွေကို အပြစ်ပေးတဲ့အနေနဲ့ရိုက်တာကို beat လို့မသုံးပါနဲ့။ spank ကိုသုံးပါ။
၆၉၀။ Those who are well-off are even stingier.
ပိုရှိတဲ့သူတွေ ပိုကပ်စေးနှဲတယ်။
well-off= well-to-do= wealthy= rich, prosperous ချမ်းသာသော
stingy= ကပ်စေးနှဲသော
၆၉၁။ I don't want to wash my dirty linen in public.
ကိုယ့်ရဲ့ ပြသနာအရှုပ်ထုပ်ကို လူပုံအလယ် ဖြည်မပြချင်ပါဘူး။
***to wash one's dirty linen in public ဆိုတဲ့ အီဒီယံကိုမှတ်ပါ။ ကိုယ့်အိမ်တွင်းရေး အရှုပ်ထုပ်ကို လူပုံအလယ်မှာ ချပြတာ။ linen နေရာမှာ laundry ကိုလည်း လဲလှယ်ပြီးသုံးကြတယ်။ to wash one's dirty laundry in public တဲ့။ အဓိပ္ပါယ် အတူတူပါပဲ။
၆၉၂။ Don't butter me up!
ငါ့ကို လာပြီးဖော်လံဖါးမနေနဲ့။
ထောပတ်လာသုတ်နေတယ် to butter someone up တဲ့။ အရမ်းအသုံးများပါတယ်။
၆၉၃။ He's an apple-polisher.
သူဟာ ငဖါးကြီး။
apple-polisher ပန်းသီးကို ပိုပြီးတောက်ပြောင်လာအောင်လာသုတ်ပေးနေသလို...ဖော်လန်ဖား..တဲ့။
၆၉၄။ He's quite snobbish. He likes to hang out with only the rich kids.
သူဟာ သိပ်ဘဝင်ကိုင်တယ်။ (သွေးကြီးမွေးကြီးနိုင်တယ်) ပိုက်ဆံချမ်းသာတဲ့ ခလေးတွေနဲ့ပဲ ပေါင်းသင်းချင်တယ်။
snobbish (adjective) ဘဝင်ကိုင်သော
snob(noun) ဘဝင်မြင့်သူ
He ia a snob. သူဟာ ဘဝင်မြင့်သူ။
၆၉၅။ I need some money desperately.
ငါ ပိုက်ဆံ အသည်းအသန်လိုနေတယ်။
desperately နေရာမှာ badly, very badly လည်း အသုံးများတယ်။
I need it badly.
I need your help badly. ငါ မင်းအကူအညီ အသည်းအသန်လိုနေပြီ။
၆၉၆။ He is dying to go back to his hometown.
သူဟာ သူ့ဇာတိမြို့ကို အရမ်းပြန်ချင်နေပြီ။ (မပြန်ရရင်သေတော့မယ် ဆိုတာလို)
verb to be+ dying to do something လို့ တွဲမှတ်ပါ။
၆၉၇။ I am open to new ideas.
ငါဟာ အကြံသစ် စိတ်ကူးသစ်တွေကို လက်ခံကြိုဆိုပါတယ်။
၆၉၈။ We should weigh pros and cons before making decision.
ဆုံးဖြတ်ချက်မချခင်မှာ အကျိုးတွေ အပြစ်တွေကိုချိန်ဆသင့်တယ်။
to weigh pros and cons= အကောင်း အဆိုး ချိန်ဆ စဉ်းစားကြည့်သည်
၆၉၉။ He praised so much about you.
သူကတော့ မင်းအကြောင်းကို အရမ်းချီးကြူးတယ်။
၇၀၀။ I will not stay silent if I see something unfair.
မတရားတာတွေ့ရင် ငါတိတ်နေမှာမဟုတ်ဘူး။
အချိန်ပေးပြီးပုံမှန်ရေးပေးနေပါတယ်။ ဖတ်ချိန်ရောရကြရဲ့လားမသိ။
ပြောနေကျအတိုင်းထပ်ပြောလိုက်ပါရစေ......
ဝါကျလေးတွေကို အသံထွက်ပြီး ထပ်ခါထပ်ခါဖတ်။ အလွတ်ရအောင်မှတ်ကြပါ။
Thank you so much for reading. I appreciate your time and effort.
With love,
Dr.Soe Than
No comments:
Post a Comment