ဝေါဟာရစုဆောင်းခြင်း (၂)
Positive personality ကိုဖော်ပြသည့် သိထားသင့်သော Adjective အချို့......
academic= ပညာလိုက်စားသော၊ ပညာပါရမီရှိသော
amicable= ချစ်ကြည်သော ခင်မင်တတ်သော
articulate= စကားကိုရှင်းလင်းအောင်ပြောနိုင်သော
broad-minded= သဘောထားကြီးသော၊ တယူသန်အစွဲမထားသော
calm= စိတ်တည်ငြိမ်အေးချမ်းသော
charming= ဆွဲဆောင်မှုရှိသော၊ နှစ်လိုဖွယ်အလွန်ကောင်းသော
credible= ယုံကြည်လက်ခံနိုင်သော
considerate= ထောက်ထားညှာတာတတ်သော၊ သူတပါးကို အလေးပေးတတ်သော
convivial= ဖော်ဖော်ရွေရွေနေတတ်သော၊ အပေါင်းအသင်းမင်သော
diplomatic= လိမ္မာပါးနပ်သော၊ ပရိယာယ်ကြွယ်သော
discreet=အပြောအဆို လိမ္မာသိုသိပ်သော၊ ပိပိရိရိလုပ်တတ်သော
dependable= အားကိုး ယုံကြည်ရသော
eloquent= အပြောကောင်းသော
exuberant= ရွှင်မြူးတက်ကြွသော
frank= ပွင့်လင်းသော
gregarious= အဖော်မင်သော၊ အသင်းအဖွဲ့နှင့်နေတတ်သော
good-natured= သဘောကောင်းသော
humourous= ဟာသ ရည်စရာပြောတတ်သော၊ ပျော်စရာကောင်းသော
impartial= ဘက်မလိုက်တတ်သော၊ သမာသမတ်ကျသော
knowledgeable= ဗဟုသုတပြည့်စုံသော
loyal= သစ္စာရှိသော
modest= ပလွှားမှုမရှိသော၊ ရိုးရိုးကုပ်ကုပ်နေသော
outgoing= ဖော်ဖော်ရွေရွေ ရွှင်ရွှင်ပျပျနေတတ်သော
persistent= ဇွဲလုံ့လရှိသော၊ မရမနေလုပ်တတ်သော
pro-active= ဖြစ်လာမှတုန့်ပြန်ခြင်းထက် မဖြစ်မီကကြိုတင်လုပ်ဆောင်တတ်သော
quick-witted= ဇဝနဉာဏ်ရွှင်သော။ တင်္ခဏုပ္ပတ္တိဉာဏ်ရှိသော
resourceful= ကြံရည်ဖန်ရည် လုပ်ရည်ကိုင်ရည်ရှိသော
straightforward= ဖြောင့်မတ်မှန်ကန်သော
studious= စာကြိုးစားသော
sympathetic= စာနာသော၊ ကြင်နာသော
thrifty= ခြိုးခြံချွေတာသော
unassuming= ခြေသုတ်ပုဆိုးမြွေဆွယ်ကျိုးသို့ ...နှိမ့်ချစွာနေတတ်သော
witty= ဇဝနဉာဏ်ရွှင်သော
ဒီလို adjective တွေအများကြီးရှိပေမဲ့ kind, friendly တို့လိုစကားလုံးတွေကို အများသိပြီးသားဖြစ်မယ်လို့ထင်တယ်။ ဒါကြောင့်မို့ တချို့မသိသေးဘူးလို့ယူဆရတဲ့ ဒီလို အသုံးများ အသုံးဝင်တာတွေကိုတော့ သိထားသင့်လို့ ရွေးပြီးတင်ပြလိုက်တာပါ။
မေတ္တာဖြင့်
ဒေါက်တာစိုးသန်း
No comments:
Post a Comment