Friday, April 14, 2017

Speaking အတွက်ဝါကျတိုလေးများ (၂၈)

Speaking အတွက်ဝါကျတိုလေးများ (၂၈)

အရင် post မှာ ဝါကျနံပါတ် ၇၉၀ မှာရပ်ခဲ့တယ်။ ဒီမှာ ၇၉၁ မှ စလိုက်ကြစို့။

၇၉၁။ I can beat the living daylights out of him, any time.
ငါ ဒီကောင့်ကို ကြယ်တွေလတွေမြင်သွားအောင် အချိန်မရွေး ရိုက်ပေးလို့ ရတယ်။
to beat the living daylights out of someone လို့ အတွဲလိုက်မှတ်ပါ။

၇၉၂။ Life is not a bed of roses.
ဘဝဆိုတာ နှင်းဆီမွေ့ယာမဟုတ်။

၇၉၃။ Birds of a feather flock together.
အသွင်မတူ အိမ်သူမဖြစ်။ (သူ့စကားပုံ ကို မြန်မာစာမှာ နီးစပ်တဲ့စကားပုံနဲ့ ဖလှယ်ထားတာ)
သူတော်အချင်းချင်း သီတင်းလွေ့လွေ့ပေါင်းဖက်တွေ့ ဆိုသကဲ့သို့။

၇၉၄။ He was the black sheep of the family.
သူဟာ သူ့မိသားစုမှာ ဘာမှသုံးမရသူ။ သိုးမဲကြီးပါ။

၇၉၅။ The course of true love never did run smooth.
အချစ်စစ်တို့မည်သည် ဘယ်သောအခါမျှ သာယာဖြောင့်ဖြူးခြင်းမရှိ။ (Shakespeare ပြဇာတ်ကဆင်းသက်လာတဲ့စကား)

၇၉၆။ Don't keep a dog and bark yourself.
သူဌေးက သူဌေးနေရာ ခွေးက ခွေးနေရာပေါ့။
(ခွေးမွေးထားပြီး ကိုယ်တိုင်ဟောင်နေစရာမလို။ ဒရိုင်ဘာ လခနဲ့ငှားထားပြီး ကိုယ်တိုင်ကားဝင်မောင်းနေရသလား ဆိုသလို။ မသုံးလည်း သိထားရမယ့် စကားတွေပါ)

၇၉၇။ Elementary, my dear Watson.
ဒါလေးများ လွယ်လွယ်လေးပါ ကိုယ့်လူရာ။
(စုံထောက်ကြီး ရှားလော့ဟုမ်း က သူ့မိတ်ဆွေ Dr.Watson ကို တစ်ခုခုရှင်းပြပြီးရင် ဒါလေးဟာ အခြေခံလေးပါ လွယ်ပါတယ် စသည်ဖြင့်ပြောလေ့ရှိပုံကို စကားပြောမှာ ယူသုံးကြတာ)

၇၉၈။ I have a frog in my throat.
ငါ အသံဝင်နေတယ်။
(လည်ချောင်းထဲမှာ ဖားတစ်ကောင်ဝင်နေသလိုအသံ)

၇၉၉။ He got off on the wrong foot.
အစကတည်းကယဉ်သကို ဆိုသလို တာထွက်စ ကတည်းကမှားနေတာ။
to get off on the wrong foot သုံးပုံကိုမှတ်ပါ။ ပြေးပွဲမှာ တာစထွက်ကတည်းက ပထမခြေလှမ်းမှာ ခြေထောက်မှားပြီးထွက်မိသလိုတဲ့။ ညာခြေအစား ဘယ်ခြေစထုတ်မိသလို။

၈၀၀။ It's better to give than to receive.
ရယူခြင်းထက် ပေးဆပ်ခြင်းက ပိုကောင်းတယ်။

၈၀၁။ Left hand doesn't know what the right hand is doing.
အရမ်းကို သိပ်သည်းလှို့ဝှက်လွန်းလို့ ဘာတွေလုပ်နေကြမှန်းကို မသိရပါဘူး။
ဘယ်လက်က ညာလက်ဘာလုပ်နေမှန်းမသိဘူးတဲ့။ အလုပ်တွေ ရုံးဌာနတွေမှာလည်း ဌာနတစ်ခုနဲ့တစ်ခု ပူးပေါင်းလုပ်ဆောင်မှုမရှိလို့ ဟိုဘက် section မှာဖြစ်နေတာ ဒီဘက် section က မသိဘူးဆိုရင်လည်း left hand doesn't know what the right hand is doing. လို့သုံးကြတယ်။

၈၀၂။ Life begins at forty.
အသက် ၄၀ မှာ ဘဝ စတယ်။

၈၀၃။ May you live long and prosper.
မင်းအသက်ရှည်ပြီး စီးပွားတိုးတက်ပါစေ။

၈၀၄။ Sorry. My bad.
တောင်းပန်ပါတယ်။ ကျွန်တော့အပြစ်ပါ။
My fault. အစား My bad လည်း အပြောမှာအသုံးများတယ်။

၈၀၅။ Nothing succeeds like success.
တကယ်ပေါက်ပြီ အောင်မြင်ပြီဆိုရင် ဘာမှတားထားလို့မရဘူး။

၈၀၆။ As men differ, tastes differ.
လူတကိုယ် အကြိုက်တမျိုးစီပေါ့။
One man's meat is another man's poison. ဆိုတဲ့ ဝါကျလည်းမှတ်ထားပါ။ သူ့အတွက် စားလို့ရတဲ့ အသားဟာ ကိုယ့်အတွက် အဆိပ်ဖြစ်နေတတ်တယ်။ သူ့အတွက် ကောင်းပေမဲ့ ကိုယ့်အတွက်မကောင်းနိုင်။

၈၀၇။ I can't stand the smell of the stale curry.
ဟင်းသိုးနံ့ကြီးကို ငါသည်းမခံနိုင်ဘူး။
I can't stand= I can't tolerate= I can't put up with something သည်းမခံနိုင်ဘူး

၈၀၈။ Once in a blue moon, he buys her expensive gifts.
ရှားရှားပါးပါး တခါတလေတော့ သူဟာ သူမကို ဈေးကြီးလက်ဆောင်တွေ ဝယ်ပေးတတ်တယ်။
Once in a blue moon ဖြစ်တောင့်ဖြစ်ခဲ။ ဆယ်ခါ့တခါ (လပြာတဲ့အခါမျိုးမှဖြစ်တတ်တာ)

၈၀၉။ One swallow doesn't make a summer.
နှမ်းတစ်လုံးနဲ့ ဆီမဖြစ်ပါဘူး။
(စကားပုံ။ ပျံလွှားငှက်တကောင်ပျံလာတာတွေ့တာနဲ့ နွေရာသီရောက်ပြီလို့ အတတ်ဟောလို့မရသေးသလို)

၈၁၀။ You can eat to your heart's content.
မင်းကြိုက်သလောက် စိတ်ကြိုက်စားပါ။
do something to one's heart content အသုံးကိုမှတ်ပါ။ စိတ်ကြိုက်လုပ် အဝလုပ်

၈၁၁။ You should read between the lines.
စာကို သေချာစွာဖတ်ပြီး အဓိပ္ပါယ်ပေါက်အောင်တွေးယူပါ။
to read between the lines ဆိုတာ စာကိုသေချာစွာ ဖတ်ပြီး ဖြစ်နိုင်ခြေရှိတဲ့ အဓိပ္ပါယ်တွေကို တွေးခေါ်ဆင်ခြင်ကြည့်တာမျိုး။ critical reading ပေါ့။

၈၁၂။ Before you sign the contract, read the fine prints.
စာချုပ်ကို လက်မှတ်မထိုးခင် ဘာတွေပါသေးလဲ အသေးစိတ်သေချာဖတ်ကြည့်ပါ။
fine prints စာလုံးသေးသေးလေး font size သေးသေးလေးနဲ့ စာချုပ်ရဲ့ ဟိုးအောက်ဆုံးနားလေးမှာ ရေးထားတတ်တာမျိုး။

၈၁၃။ Silence is golden.
တိတ်တိတ်နေခြင်းသည် ထောင်တန်၏။

၈၁၄။ Good night! Sleep tight!
ကောင်းသောညပါ။ အိပ်ပျော်ပါစေ။
Sleep well. Sweet dreams. တို့ပြောလည်းရတယ်။

၈၁၅။ Truth is stranger than fiction.
အမှန်တရားဟာ စိတ်ကူးယဉ်ဝတ္ထုထက် ဆန်းကြယ်တယ်။

၈၁၆။ The walls have ears.
ညပြောအောက်ကြည့် နေ့ပြောနောက်ကြည့်။
(နံရံတွေမှာ နားရှိတယ်တဲ့)

၈၁၇။ Encourage the students to think outside the box.
ကျောင်းသားတွေကို ပုံစံခွက်ကြီးရဲ့အပြင်ထွက်ပြီး လွတ်လပ်စွာတွေးခေါ်နိုင်အောင် အားပေးအားမြှောက်ပြုပါ။
to think outside the box ဆိုတာမှတ်ပါ။

၈၁၈။ It's like using a sledgehammer to crack a nut.
ခရုကို ခါးတောင်းကျိုက်ဖမ်းနေသလိုပဲ။
သတ္တဝါနဲ့ လက်နက်နဲ့ မမျှပါဘူး လို့ပြောကြသလိုပေါ့။

၈၁၉။ What part of No don't you understand?
နိုးလို့ ငြင်းလိုက်တာကို ဘယ်နေရာ နားမလည်ဘူးလဲ။

၈၂၀။ Wish you were here with me.
မင်း ဒီမှာ ငါနဲ့အတူရှိနေစေချင်လိုက်တာ။

ပြောနေကျအတိုင်းထပ်ပြောလိုက်ပါရစေ......
ဝါကျလေးတွေကို အသံထွက်ပြီး ထပ်ခါထပ်ခါဖတ်။ အလွတ်ရအောင်မှတ်ကြပါ။
Thank you so much for reading. I appreciate your time and effort.
With love,
Dr.Soe Than

No comments:

Post a Comment