Speaking အတွက်ဝါကျတိုလေးများ (၂၃)
အရင် post မှာ ဝါကျနံပါတ် ၆၄၀ မှာရပ်ခဲ့တယ်။ ဒီမှာ ၆၄၁ မှ စလိုက်ကြစို့။
၆၄၁။ He knows Yangon inside out.
သူ ရန်ကုန်မြို့အကြောင်းကောင်းကောင်းသိတယ်။
***to know something inside out= to know it thoroughly ကောင်းကောင်းသိသည် တတ်သည်
***You are wearing your shirt inside out. ဆိုတာကတော့ မင်းအင်္ကျီကို ပြောင်းပြန်ကြီးဝတ်ထားတယ်တဲ့။
၆၄၂။ It must be your lucky day.
မင်းကံကောင်းတဲ့နေ့နဲ့တူတယ်။
၆၄၃။ Thank you so much for your hospitality.
မင်းရဲ့ ဧည့်ဝတ်ကျေပြွန်မှုအတွက် အရမ်းကျေးဇူးတင်ပါတယ်။
၆၄၄။ Don't boss me around.
ငါ့ကို ဆရာကြီးပုံစံ လာမချိုးနဲ့။
to boss around=ဆရာကြီးလုပ်သည် အမိန့်ပေးသည်
၆၄၅။ I am sorry to interrupt you.
မင်းပြောနေတုန်း စကားဖြတ်ပြောပါရစေ။
Let me interrupt you. သို့မဟုတ်
Let me cut in. လို့ပြောလို့လည်းရပါတယ်။
၆၄၆။ I want to stay out of it.
ငါ အဲဒီကိစ္စမှာ ဝင်မပါချင်ဘူး။
***to stay out of something ဆိုပြီး phrase အနေနဲ့မှတ်ပါ။
ကိုယ်က သူများကို မင်းဒီကိစ္စထဲမှာ ဝင်မပါပါနဲ့ လို့ ပြောချင်ရင်
You stay out of it.
You should stay out of it. စသည်ဖြင့်ပြောပါ။
ငါဒီကိစ္စမှာ ပါဝင်ပတ်သက်ချင်စိတ်မရှိဘူးကိုနောက်တမျိုး
I don't want to be involved in it. လို့လည်းသုံးတယ်။
၆၄၇။ What nonsense!
ပေါက်ကရတွေ။
၆၄၈။ That calls for celebration.
(ဒီအောင်မြင်မှုအတွက်/သတင်းကောင်းအတွက်) မုန့်ကျွေးရမယ်။ ပါတီပွဲကျင်းပရမယ်။
၆၄၉။ Every minute counts.
မိနစ်တိုင်းဟာ အရေးကြီးပါတယ်။
၆၅၀။ That's a bit far-fetched.
ဒါနဲနဲတော့ပိုသွား/များသွားပြီ၊ ယုတ္တိမတန်တော့ဘူး။
far-fetched= improbable
၆၅၁။ There's one born every minute.
အဲလို ငပေါတွေ ငကြောင်တွေပေါပါ့။
(*** idiom ပါ။ သူများလုပ်တာကိုကြည့်ပြီး ဒီကောင်တော်တော်ကြောင်တာပဲ လို့ ဝေဖန်ချင်ရင် သုံးတာ။ one ဟာ ဒီနေရာမှာ a stupid person ကိုညွှန်းတာ။ There is a sucker born every minute. မိနစ်တိုင်းမှာ ဒီလိုအရူးတစ်ယောက်မွေးထုတ်နေသလိုပဲ ဆိုတဲ့ မူရင်းစကားကဆင်းသက်လာတာပါ)
၆၅၂။ Take it easy.
အေးဆေးပေါ့။ စိတ်ထိန်းပါ။
Keep your cool. လို့လည်းပြောတယ်။
၆၅၃။ Sooner or later, we will have to do it.
ငါတို့ ဒါကို အခုမလုပ်လည်းနောင်လုပ်ရမှာပါပဲ။
sooner or later အနှေးနှင့်အမြန်
၆၅၄။ Like it or not, we will have to do it.
ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လုပ်ရမှာပါ။
၆၅၅။ By hook or by crook, I will try to become rich.
မဖြစ်ဖြစ်တဲ့နည်းနဲ့ ငါချမ်းသာအောင်ကြိုးစားမယ်။
*** by hook or by crook (idiom အသုံးပါ။ မဖြစ်ဖြစ်တဲ့နည်းနဲ့ ကြိုးစားလုပ်မယ်)
၆၅၆။ They want him dead or alive.
သူတို့က သူ့ကို အသေရရ အရှင်ရရလိုချင်နေတာ။
၆၅၇။ Stop calling me names.
ငါ့ကို မိုက်မိုက်ရိုင်းရိုင်းမဆဲပါနဲ့။
*** to call someone names (names ဆိုတာ ဒီမှာ ခွေးကြီး ဝက်ကြီး မကောင်းဆိုးဝါးကောင် စသည်ဖြင့် လူတစ်ဦးတစ်ယောက်ကို နာမည်တွေခေါ်တယ်တဲ့။ ဆဲတာပေါ့)
၆၅၈။ First come, first served.
ဦးရာလူစနစ်။ စောစောလာသူကိုဦးစားပေးမည်။
၆၅၉။ Horses for courses.
လူတွေကို ထူးချွန်မှု အရည်အချင်းပေါ်မူတည်ပြီး သူ့နေရာနဲ့သူ ထိုက်တန်အောင်သုံးရတယ်။
၆၆၀။ That's a deal. I hope you won't change your mind.
အလုပ်ဖြစ်ပြီ။ သဘောတူတယ်။ မင်းစိတ်မပြောင်းဘူးလို့ မျှော်လင့်ပါတယ်။
၆၆၁။ Don't be too proud of yourself.
ကိုယ့်ကိုကိုယ်လည်းသိပ်အထင်မကြီးပါနဲ့။
၆၆၂။ It's up to you. I am easy.
မင်းသဘောပဲ။ ငါကတော့ အေးဆေးပဲ ဘာလုပ်လုပ်ရတယ်။
၆၆၃။ That's it! I can't take it anymore.
တော်ပြီ ငါထပ်ပြီးသည်းမခံနိုင်တော့ဘူး။
၆၆၄။ It's a once-in-a-lifetime opportunity.
တသက်မှာ တခါသာရတဲ့ အခွင့်အရေးပါ။
၆၆၅။ I am sick and tired of this work.
ငါ ဒီအလုပ်ကို အရမ်းစိတ်ပျက်နေပြီ။ စိတ်ကုန်နေပြီ။
*** sick and tired of something/ someone အတွဲလိုက်မှတ်ပါ။
၆၆၆။ I am fed up with this demanding boss.
ငါတော့ ဒီအရမ်းခိုင်းတဲ့ သူဌေးကို စိတ်ကုန်တယ်။
*** fed up with= sick and tired of
၆၆၇။ Never say never.
ဘယ်တော့မှ မလုပ်ဘူး မဖြစ်ဘူးလို့ ဘယ်တော့မှမပြောမိစေနဲ့။ (တချိန်ဖြစ်ချင် ဖြစ်လာမှာ၊ အပြတ်ပြောလို့မရ)
၆၆၈။ What a coincidence!
တိုက်ဆိုင်တတ်ရန်ကော။
၆၆၉။ What a relief!
တော်သေးတာပေါ့။
၆၇၀။ That was a close shave.
ကပ်သီလေး ဒုက္ခ အန္ဓရာယ်ကနေ လွဲသွားတာ။
ပြောနေကျအတိုင်းထပ်ပြောလိုက်ပါရစေ......
ဝါကျလေးတွေကို အသံထွက်ပြီး ထပ်ခါထပ်ခါဖတ်။ အလွတ်ရအောင်မှတ်ကြပါ။
Thank you so much for reading. I appreciate your time and effort.
With love,
Dr.Soe Than
No comments:
Post a Comment