Friday, April 14, 2017

Speaking အတွက်ဝါကျတိုလေးများ (၂၂)

Speaking အတွက်ဝါကျတိုလေးများ (၂၂)

အရင် post မှာ ဝါကျနံပါတ် ၆၁၀ မှာရပ်ခဲ့တယ်။ ဒီမှာ ၆၁၁ မှ စလိုက်ကြစို့။

၆၁၁။ The boss frowns upon my lateness./tardiness.
သူဌေးက ငါနောက်ကျတာကို ငြိုငြင်တယ်။ သဘောမကျဘူး။
frown ဆိုတာ မျက်မှောင်ကြုတ်ပြီးကြည့်တာ
frown upon something ဆိုတာ တခုခုကိုသဘောမကျ ဘဝင်မကျလို့ ရှုံ့မဲ့ပြီးကြည့်တယ် လို့သုံးတာ။

၆၁၂။ Don't put if off. Do it right away.
အချိန်မရွှေ့နဲ့။ ခုချက်ချင်းလုပ်။
put off= delay

၆၁၃။ It's so inconsiderate of him to have done such a thing.
လုံးဝ ကိုယ်ချင်းစာညှာတာမှု မရှိလို့ သူဒါမျိုးလုပ်လိုက်တာပေါ့။
inconsiderate= တဖက်သားအတွက်မတွေးပေးသော

၆၁၄။ What do you think of him?
မင်းသူ့ကို ဘယ်လို ထင်မြင်သလဲ။

၆၁၅။ Sorry. It was all my fault.
တောင်းပန်ပါတယ်။ ကျွန်တော့်ရဲ့အပြစ်ပါ။

၆၁၆။ Please accept my apologies.
တောင်းပန်တာ လက်ခံပေးပါ။
ဒီဝါကျမှာ apologies ဆိုပြီး s ထည့်ပြီး အများကိန်းအနေနဲ့သုံးပါ။

၆၁၇။ It might be a good idea to look for another restaurant.
တခြားစားသောက်ဆိုင်တစ်ဆိုင် ရှာကြရင်ကောင်းမယ်ထင်တယ်။
တခုခုလုပ်ရင်ကောင်းမယ်လို့ အကြံပြုချင်ရင် It might be a good idea to + Verb သုံးပုံကိုမှတ်ပါ။

၆၁၈။ Everybody knows that Myanmar is in Asia.
မြန်မာနိုင်ငံဟာ အာရှတိုက်ထဲမှာရှိတာ လူတိုင်းသိပါတယ်။

၆၁၉။ It's no secret that ours is a developing country.
ငါတို့တိုင်းပြည်ဟာ ဖွံ့ဖြိုးဆဲတိုင်းပြည်ဆိုတာ အားလုံးသိပြီးသားပါ။
အားလုံးသိပြီးသားပါလို့ ပြောရင် ဝါကျ နံပါတ် ၆၁၈ မှာ လို Everybody knows that..... လို့ပြောရသလို ဒီဝါကျမှာစထားသလို It's no secret that....လို့လည်းပြောလို့ရတယ်။

၆၂၀။ I am with you on that one.
ဒီကိစ္စမှာ ငါမင်းနဲ့သဘောထားတစ်ထပ်တည်းကျတယ်။

၆၂၁။ You've got a point there.
အေး မင်းပြောတာဟုတ်သားပဲ။ သဘောတူတယ်။

၆၂၂။ What are you doing tomorrow?
မင်း မနက်ဖြန်ဘာလုပ်ဖို့ ရှိသလဲ။

၆၂၃။ Are you busy tomorrow?
မင်းမနက်ဖြန် အလုပ်များမှာလား။

၆၂၄။ Do you think I should do it?
ငါ အဲဒါကိုလုပ်သင့်တယ်လို့ မင်းထင်သလား။

၆၂၅။ Can I ask you a favour?
မင်း ငါ့ကို တစ်ခုကူညီပါလား။
Can you do me a favour? လို့လည်းပြောပါ။

၆၂၆။ Can you give me a hand with this?
မင်းငါ့ကို ဒါလေးတစ်ချက်လောက်ကူညီပါလား။
Can you give me a hand? အီဒီယံပါ။ လက်ပေးခိုင်းတာ မဟုတ်။ အကူအညီတောင်းတာ။

၆၂၇။ Could you spare a moment?
အချိန်လေးနဲနဲ (ခဏလောက်) ပေးပါလား။

၆၂၈။ I need some help, please.
ကျွန်တော် အကူအညီလိုနေလို့ပါ။

၆၂၉။ Hang on a moment, please.
ခဏလေးစောင့်ပါခင်ဗျာ။

၆၃၀။ Sorry, I'm a bit tied up right now.
ဝမ်းနည်းပါတယ်၊ လောလောဆယ်မှာ ငါနဲနဲအလုပ်ရှုပ်နေတယ်။
I am tied up. ဆိုတဲ့ အသုံးကိုမှတ်ပါ။ ချီပြီးတုပ်ပြီးဖြစ်နေတယ်ဆိုတာ I am busy လို့ပြောတာ။

၆၃၁။ I'll be right with you.
(ခဏလေးစောင့်) ငါမင်းဆီကိုလာလုပ်ပေးမယ်။

၆၃၂။ No comment.
မှတ်ချက်မပေးချင်။ ဘာမှမပြောချင်။

၆၃၃။ I'm sorry, that's confidential.
ဝမ်းနည်းပါတယ်။ ဒါဟာ လှို့ဝှက်ထားရမယ့်ကိစ္စ ပြောလို့မရပါ။

၆၃၄။ Mind your own business.
မင်း ကိုယ့်အလုပ် ကိုယ်လုပ်ကွာ။

၆၃၅။ I'd rather not talk about it.
အဲဒီအကြောင်း ငါမပြောပါရစေနဲ့။

၆၃၆။ I'm not at liberty to say.
ငါ ပြောခွင့်မရှိပါ။
I am not at liberty= I am not allowed to do it; I don't have the authority/freedom to do it

၆၃၇။ Sorry, that's personal.
ဝမ်းနည်းပါတယ်၊ ဒါဟာ ပုဂ္ဂိုလ်ရေးကိစ္စပါ။

၆၃၈။ He is such a scumbag.
တကယ့်ကို အဆင့်မရှိတဲ့အောက်တန်းစား။
scumbag= ရွံစရာအောက်တန်းစား

၆၃၉။ There's nothing he doesn't know about computers.
သူကွန်ပြူတာအကြောင်း မသိတာဘာမှမရှိဘူး။

၆၄၀။ He knows it from A-Z.
သူ အဲဒါကို ကကြီးမှ အ အထိသိတယ်။
know something from A-Z (A to Z လို့ပြောပါ) ဒီအသုံးကိုမှတ်ပါ။

ပြောနေကျအတိုင်းထပ်ပြောလိုက်ပါရစေ......
ဝါကျလေးတွေကို အသံထွက်ပြီး ထပ်ခါထပ်ခါဖတ်။ အလွတ်ရအောင်မှတ်ကြပါ။
Thank you so much for reading. I appreciate your time and effort.
With love,
Dr.Soe Than

No comments:

Post a Comment