Friday, April 14, 2017

Speaking အတွက်ဝါကျတိုလေးများ (၂၁)

Speaking အတွက်ဝါကျတိုလေးများ (၂၁)

အရင် post မှာ ဝါကျနံပါတ် ၅၈၀ မှာရပ်ခဲ့တယ်။ ဒီမှာ ၅၈၁ မှ စလိုက်ကြစို့။

၅၈၁။ I've learnt not to trust anyone easily.
ဘယ်သူ့မှ လွယ်လွယ်နဲ့ ယုံလို့မရမှန်း သိသွားပြီ။

၅၈၂။ I was naive to trust such a guy.
ဒီလိုကောင်မျိုးကို ငါ နုံအလို့ ယုံမိခဲ့တာ။
naive= အယုံလွယ်သော (နိုင် အိဗ်) လို့အသံထွက်ပါ

၅၈၃။ I should have known better.
ငါ ပိုပြီး အသိကြွယ်ခဲ့ သဘောပေါက်ခဲ့သင့်တယ်။
should have V3 ကို နောင်တရတဲ့အခါ သူများကို မင်းဒါကိုလုပ်ခဲ့ဖို့ကောင်းတာပေါ့ လို့အပြစ်ပြောတဲ့အခါမှာသုံးပါ။

၅၈၄။ Life is full of uncertainties.
ဘဝဟာ မသေချာ မရေရာမှုတွေနဲ့ အပြည့်။

၅၈၅။ I was embarrassed when I realized my mistake.
ငါ့ရဲ့ အမှားကိုလည်းသိလိုက်ရော မျက်နှာပူလိုက်တာလေ။

၅၈၆။ It was really embarrassing that I had forgotten my wallet at home.
အိမ်မှာ ပိုက်ဆံအိတ်မေ့ကျန်ခဲ့တာ မျက်နှာပူစရာကြီး။

၅၈၇။ Don't tease the child.
ခလေးကို မစပါနဲ့။

၅၈၈။ Let go of me.
မင်း ငါ့ကို လွှတ်ပါ။
Don't let go of the steering wheel.
(ကားမောင်းနေတုန်း) steering ဘီးကို လက်မလွှတ်လိုက်နဲ့။

၅၈၉။ I''d  rather stay alone than mingle with them.
သူတို့မဲ့ပေါင်းမယ့် အစား ငါ့ဖာသာတစ်ယောက်တည်းနေမယ်။
rather than ကို ဒါလုပ်မယ့် အစား တခြားဟာတစ်ခုကိုပဲလုပ်ချင်တယ် လို့ပြောရင်သုံးပါတယ်။ rather than ရဲ့နောက်က Verb ဟာ past tense ဖြစ်နေရင်လည်း V infinitive 'ed' မထည့်ပါ။
The boy walked away rather than admit that he had made a mistake.
ကောင်လေးဟာ သူအမှားလုပ်ခဲ့တာကို ဝန်ခံမယ့်အစား ရှောင်ထွက်သွားတယ်။

၅၉၀။ I was so shocked I didn't know what to say.
ငါဟာ အံ့သြလွန်းလို့ ဘာပြောရမှန်းကို မသိတာ။
အမေရိကန်လူငယ်တွေဟာ so ...adjective....that လို့ စကားပြောရာမှာ အပြည့်မပြောဘဲ that ကိုမထည့်ပဲလည်းပြောကြတယ်။

၅၉၁။ It is stifling in this room.
ဒီအခန်းထဲမှာ လှောင်လိုက်တာ။ အသက်တောင်ကောင်းကောင်းရှုလို့မရဘူး။
stifling= suffocating= အသက်ရှုကြပ်သော

၅၉၂။ I am feeling suffocated.
ငါ အသက်ရှုကြပ်နေပြီ။

၅၉၃။ After climbing up the stairs, she was out of breath.
လှေခါးကိုတက်လာပြီးတော့ သူဟာ ဟောဟဲဟောဟဲနဲ့မောနေတယ်။
ဒီဝါကျမှာ out of breath ကိုမှတ်ပါ။

၅၉၄။ He had a date with his girlfriend.
သူဟာ သူ့ရည်းစားနဲ့ ချိန်းတွေ့တယ်။

date ကို ရက်စွဲ၊ စွန်ပလွန်သီး အပြင် ချိန်းထားတဲ့ရည်းစား၊ ချိန်းတွေ့ခြင်း ဆိုပြီး Noun လိုရော Verb လိုပါစကားပြောမှာသုံးကြတယ်။
There's your date coming!
ဟိုမှာမင်းချိန်းထားတဲ့ရည်းစားလာပြီ။ (noun)
Ko Ko has been dating the same girl for two years.
ကိုကိုဟာ ဒီကောင်မလေးကိုပဲ ချစ်သူအဖြစ်တွဲနေတာ နှစ်နှစ်ရှိပြီ။ (verb)

၅၉၅။ He snores when he sleep.
သူ အိပ်ရင် ဟောက်တတ်တယ်။

၅၉၆။ He sometimes talks in his sleep.
တခါတလေ သူ အိပ်ရင်းနဲ့ ယောင်တတ်တယ်။

၅၉၇။ He is hardworking and highly motivated.
သူဟာ ကြိုးစားတတ်ပြီး အလုပ်လုပ်ဖို့ အရမ်းစိတ်ထက်သန်တယ်။

၅၉၈။ The job interview will be conducted in English.
အလုပ်အင်တာဗျုး (လူတွေ့စစ်ဆေးမှု) ကို အင်္ဂလိပ်လိုမေးမှာဖြစ်တယ်။

၅၉၉။ All I want is a secured job with a steady income.
ငါလိုချင်တာကတော့ အာမခံချက်ရှိတဲ့အလုပ်နဲ့ ပုံမှန်ဝင်ငွေပဲ။

၆၀၀။ My neighbours are quite nosy.
ငါ့ရဲ့ အိမ်နီးချင်းတွေဟာ သိပ်စပ်စုတယ်။
nosy= စပ်စုသော
curious တို့ inquisitive တို့ကတော့ သိချင်တတ်ချင်လို့ အမေးအမြန်းထူတာ ဆိုတော့ ကောင်းတဲ့အဓိပ္ပါယ်ပေါ့။

၆၀၁။ Let me congratulate you on your success.
မင်းရဲ့အောင်မြင်မှုအတွက် ချီးကြူးဂုဏ်ပြုပါရစေ။
to congratulate someone on something လို့တွဲမှတ်ပါ။

၆၀၂။ Their children have all grown up and left their home.
သူတို့ရဲ့သားသမီးတွေ လူလားမြောက်လို့ အိမ်မှထွက်သွားကြပြီ။

၆၀၃။ I feel lonely without you.
မင်းမရှိရင် အထီးကျန်ဆန်တယ်။

၆၀၄။ She whispered something into my ear.
သူငါ့နားထဲကို တိုးတိုးလေးပြောလိုက်တယ်။
She whispered something to me. လည်းအတူတူပေါ့။

၆၀၅။ Two people were injured in the car accident.
ယဉ်တိုက်မှုမှာ လူနှစ်ဦးဒဏ်ရာရခဲ့တယ်။

၆၀၆။ Only five people survived in the plane crash.
လေယဉ်ပျက်ကျတာ လူငါးဦးပဲ အသက်ရှင်တယ်။

၆၀၇။ Accidents do happen.
မတော်တဆမှုတွေဖြစ်နေတာပါပဲ။
ဒီစကားကို တဖက်လူက ကိုယ့်ကိုတောင်းပန်လာခဲ့ရင် 'ရပါတယ်၊ ဒါမျိုးမတော်တဆမှုတွေ ဖြစ်တတ်ပါတယ်' လို့ပြန်ပြောရင်လည်းသုံးတယ်။

၆၀၈။ Let me pay for this dinner.
ဒီညစာအတွက်ငါပေးပါရစေ။
This dinner is on me.
This dinner is my treat. ဒီလိုတွေလည်းပြောင်းပြောကြတယ်။

၆၀၉။ If you're paying this time, next time is my treat.
ဒီတစ်ခါမင်းပေးရင် နောက်တစ်ခေါက်ငါကျွေးမယ်။

၆၁၀။ I was fifteen minutes late for the meeting.
ငါ အစည်းအဝေးကို ၁၅ မိနစ်နောက်ကျတယ်။

ပြောနေကျအတိုင်းထပ်ပြောလိုက်ပါရစေ......
ဝါကျလေးတွေကို အသံထွက်ပြီး ထပ်ခါထပ်ခါဖတ်။ အလွတ်ရအောင်မှတ်ကြပါ။
Thank you so much for reading. I appreciate your time and effort.
With love,
Dr.Soe Than

No comments:

Post a Comment