Wednesday, April 12, 2017

Speaking အတွက်ဝါကျတိုလေးများ (၂၀)

Speaking အတွက်ဝါကျတိုလေးများ (၂၀)

အရင် post မှာ ဝါကျနံပါတ် ၅၅၀ မှာရပ်ခဲ့တယ်။ ဒီမှာ ၅၅၁ မှ စလိုက်ကြစို့။

၅၅၁။ He is so narrow-minded.
သူ တော်တော်စိတ်သဘောထားကျဉ်းမြောင်းတာပဲ။
(သဘောထားမကျဉ်းမြောင်းဘူး၊ အမြင်ကြယ်တယ်ဆိုရင် broad-minded, liberal စသည်ဖြင့်သုံးပါ။)

၅၅၂။ He is computer-savvy.
သူ ကွန်ပြူတာ ကောင်းကောင်းတတ်တယ်။
computer-literate လို့လည်းသုံးတယ်။

၅၅၃။ I know nothing about computers.
ငါ ကွန်ပြူတာအကြောင်း ဘာမှကိုမသိတာ။

၅၅၄။ Stop harping on the same chord.
ဒီ ဓာတ်ပြားဟောင်းကြီးပဲ ပြန်ပြန်ဖွင့်နေတာ တော်ပါတော့။
(chord ဆိုတာ ဂစ်တာကော့လိုပေါ့။ ဒီကော့တစ်ခုထဲကို ထပ်ခါထပ်ခါတီးခပ်နေတယ် harping on the same chord ဆိုတာ idiom ပါ။ ဒါကိုပဲ ထပ်ခါထပ်ခါပြန်ပြောနေတာ)

၅၅၅။ Mosquitoes are irritating.
ခြင်တွေဟာ စိတ်အနှောင့်အယှက်ပေးတယ်။

၅၅၆။ All his life, he had lived off his girlfriend.
သူ့ဘဝတစ်လျှောက်လုံး သူ့ရဲ့ ရည်းစားကိုခြူစားခဲ့တာ။
to live off somebody သူများအပေါ်မှီခို ကပ်စားတဲ့ အသုံးကိုမှတ်ပါ။

၅၅၇။ Let's call it a day.
ဒီနေ့တော့ ဒီလောက်နဲ့ရပ်ကြရအောင်။
(Let's call a day ဆိုပြီးစာသင်နေကြတဲ့ဆရာလေးတွေတောင်မှားသုံးနေကြတာခဏခဏတွေ့နေရတယ်။ Call it a day.ပါ)

၅၅၈။ What a terrible news!
သတင်းဆိုးလိုက်တာ။

၅၅၉။ It's too bad you can't join us.
မင်းငါတို့နဲ့ မလာနိုင်တာဆိုးပါ့။

၅၆၀။ Let me be frank with you.
ငါ မင်းကို ဘွင်းဘွင်းပဲပြောမယ်ကွာ။

၅၆၁။ Appearances are deceptive.
ရုပ်ရည်အပေါ်ရံကြောလေးကြည့်ရုံ နဲ့ ဆုံးဖြတ်လို့မရ။

၅၆၂။ It leaves a bad taste (in my mouth) to say such a thing.
ဒါမျိုးပြောရတာ ပါးစပ်သနတယ်ကွာ။

၅၆၃။ Children are innocent.
ခလေးတွေဟာ အပြစ်ကင်း စင်ကြယ်တယ်။

၅၆၄။ I have done my best.
ငါ အကောင်းဆုံးကြိုးစားခဲ့ပါတယ်။

၅၆၅။ Let's hope for the best.
အကောင်းဆုံးတွေဖြစ်လာဖို့ မျှော်လင့်ကြစို့။

၅၆၆။ Is it a real Rolex watch or a fake?
ဒါဟာ Rolex နာရီအစစ်လား အတုလား။
အတုကို copy, replica စသည်ဖြင့်လည်းသုံးတယ်။

၅၆၇။ They are not on speaking terms.
သူတို့ တစ်ယောက်နဲ့တစ်ယောက် မခေါ်ကြဘူး။ စကားမပြောကြဘူး။
to be on speaking terms ကိုမှတ်ပါ။
Are you on speaking trems with Me Me?
မင်း မီမီနဲ့ စကားပြောရဲ့လား။ ခေါ်ရဲ့လား။

၅၆၈။ They have made up after the quarrel.
သူတို့ စကားများ၊ အငြင်းအခုံဖြစ်ပြီးတော့ ပြန်ခေါ်သွားကြပြီ။ ပြန်ပြေလည်သွားပြီ။
they have made up ကိုမှတ်ပါ။

၅၆၉။ He is a Jack of all trades.
သူဟာ ဟိုစပ်စပ်ဒီစပ်စပ်အကုန်လုပ်တဲ့သူ။
(ဟိုဟာနဲနဲ ဒီဟာနဲနဲသိတယ်၊ ဘာမှတော့အသေအချာမတတ်ဘူး)
Jack of all trades, master of none. ဆိုတဲ့ဆိုရိုးစကားမှလာတဲ့အသုံးပါ။

၅၇၀။ I don't want to interfere in your personal affairs.
မင်းရဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေမှာ ငါဝင်မပါချင်ဘူး။

၅၇၁။ If you don't like me, please say so.
မင်းငါ့ကို မကြိုက်ဘူးဆိုရင်လည်း မကြိုက်ကြောင်းပြောပါ။

၅၇၂။ He is a great pretender.
သူဟာ ဟန်ဆောင်ကောင်းသူ။

၅၇၃။ His English is quite fluent.
သူ အင်္ဂလိပ်စကား သွက်လက်စွာပြောနိုင်တယ်။
He can speak English fluently. လည်းအတူတူပါ။

၅၇၄။ He can speak three languages fluently.
သူဟာ ဘာသာစကားသုံးမျိုးကို ကောင်းကောင်းပြောနိုင်တယ်။

၅၇၅။ Look yourself in the mirror.
မင်းကိုမင်း မှန်ထဲပြန်ကြည့်ပါ။

၅၇၆။ He has a tendency to exaggerate.
သူဟာ ချဲ့ကားပြောတတ်တဲ့ အကျင့်ရှိတယ်။ ပိုပြောတတ်တယ်။
exaggerate (အိတ်ဇယ်ဂျရိတ်...လို့အသံထွက်တယ်)

၅၇၇။ Do you play any musical instruments?
မင်း ဂီတ တူရိယာ တစ်ခုခုတီးမှုတ်တတ်လား။

၅၇၈။ I was impressed by his polite manners at first.
ပထမတော့ သူ့ရဲ့ယဉ်ကျေးတဲ့ပုံစံကြောင့် ငါအထင်ကြီးသဘောကျခဲ့မိတယ်။

၅၇၉။ Later, he turned out to be a rude guy.
နောက်တော့မှ သူဟာ ရိုင်းပြသူတစ်ယောက်ဖြစ်နေရော။

၅၈၀။ He showed his true colours.
သူ့ရဲ့ ဇရိုက်အမှန်ကို ပြလိုက်တာပေါ့။

ပြောနေကျအတိုင်းထပ်ပြောလိုက်ပါရစေ......
ဝါကျလေးတွေကို အသံထွက်ပြီး ထပ်ခါထပ်ခါဖတ်။ အလွတ်ရအောင်မှတ်ကြပါ။
Thank you so much for reading. I appreciate your time and effort.
With love,
Dr.Soe Than

No comments:

Post a Comment