Speaking အတွက်ဝါကျတိုလေးများ (၃၀)
အရင် post မှာ ဝါကျနံပါတ် ၈၅၀ မှာရပ်ခဲ့တယ်။ ဒီမှာ ၈၅၁ မှ စလိုက်ကြစို့။
၈၅၁။ Speaking of the devil! There he is!
(ဒီကောင်တော့ အသက်ရှည်ဦးမယ်) သူ့အကြောင်းခုပဲပြောနေကြတာ။ သူပေါက်ချလာတယ်။
လူတစ်ဦးအကြောင်းကို ပြောနေကြတုန်း သူရောက်ချလာတဲ့အခါ Speaking of the devil! လို့ သုံးပါတယ်။
၈၅၂။ You've got to be kidding.
မင်း နောက်နေတာမဟုတ်လား။ အတည်ပြောတာ မဖြစ်နိုင်ဘူး။
၈၅၃။ I was home alone, feeling bored to death.
အိမ်မှာ ငါတစ်ယောက်တည်းဆိုတော့ သေလောက်အောင် ပျင်းတာ။
၈၅၄။ While giving his speech, the headmaster got carried away and he spoke for almost two hours.
ကျောင်းအုပ်ကြီးဟာ မိန့်ခွန်းပြောတာ အရှိန်လွန်သွားပြီး နှစ်နာရီလောက်ကြာအောင်ပြောသွားတယ်။
to get carried away ကိုမှတ်ပါ။ လက်လွန်သွားတာ၊ အရှိန်လွန်သွားတာ။
၈၅၅။ Watch out for the cars!
ကားတွေလာနေတယ် သတိထားပါ။
watch out= be careful
၈၅၆။ What would you like to do when you grow up?
မင်း ကြီးလာရင် ဘာလုပ်ချင်သလဲ။
၈၅၇။ You can't live off your parents forever.
မင်းရဲ့ မိဘတွေဆီမှာ တသက်လုံး ခိုကပ်ပြီး စားနေလို့မရဘူး။
to live off someone ကိုမှတ်ပါ။ ကိုယ့်အားကိုယ်မကိုးဘဲ သူတပါးကို မှီခိုစားသောက်တာ။
၈၅၈။ Don't fight fire with fire.
ရန်ကို ရန်ချင်းမတုန့်နှင်းနှင့်။
၈၅၉။ He did nothing but study for his exams.
သူဟာ စာမေးပွဲဖြေဖို့စာဖတ်တာကလွဲလို့ တခြားဘာမှမလုပ်ဘူး။
to do nothing but + verb ကိုမှတ်ပါ။ အဲဒါကလွဲလို့ ဘာမှမလုပ်ဘူးတဲ့။
After the exams, I did nothing but eat and sleep.
စာမေးပွဲတွေပြီးသွားတော့ ငါ အိပ်တာ စားတာကလွဲလို့ တခြားဘာမှမလုပ်ဘူး။
၈၆၀။ Enough. I'm full.
တော်ပြီ။ ငါ ဗိုက်ပြည့်သွားပြီ။
၈၆၁။ They robbed her house in broad daylight.
သူတို့ နေ့ခင်းကြောင်တောင်ကြီးမှာ သူ့ရဲ့အိမ်ကို ဓားပြတိုက်ခဲ့ကြတယ်။
rob အစား break into a house လို့လည်းသုံးတယ်။
၈၆၂။ He is self-absorbed.
သူဟာ သူ့အကြောင်းကိုပဲ သူစိတ်ဝင်စားတယ်။
(သူများတွေအကြောင်းကို စိတ်မဝင်စားဘူး)
၈၆၃။ Some people live in their own little world.
လူတချို့က သူတို့ရဲ့ကိုယ်ပိုင် ကမ္ဘာလေးထဲမှာပဲ နေနေကြတာ။ (အပြင်လောကကြီးမှာ ဘာတွေဖြစ်နေတာကို မသိဘူး စိတ်မဝင်စားဘူး)
၈၆၄။ It was so selfish of him not to give up his seat for the pregnant lady.
ကိုယ်ဝန်ဆောင်အမျိုးသမီးကို နေရာဖယ်မပေးတာ သူတော်တော် တကိုယ်ကောင်းဆန်တာပဲ။
၈၆၅။ Come again. I didn't hear what you said.
ထပ်ပြောပါ။ မင်းပြောတာ ငါမကြားလိုက်လို့။
Can you say that again, please? I didn't catch what you said. အဲဒီလိုလည်း ပြောလို့ရပါတယ်။ Come again ဆိုလို့ နောက်ထပ်လာပါအုံးလို့ ဒီမှာဘာသာပြန်လို့မရပါ။ Say that again ထပ်ပြောပါ လို့ဆိုလိုတယ်။
၈၆၆။ I don't speak much English.
ကျွန်တော် အင်္ဂလိပ်လို သိပ်မပြောတတ်ပါဘူး။
၈၆၇။ Sorry, gotta go. I've got a meeting.
ခွင့်ပြုပါ ငါသွားရတော့မယ်။ အစည်းအဝေးရှိလို့။
၈၆၈။ Alright, I gotta go. Catch you guys later.
ကောင်းပြီ။ ငါသွားတော့မယ်။ မင်းတို့နဲ့ နောက်ပြန်ဆုံမယ်လေ။
၈၆၉။ It's too bad that you can't help me.
မင်း ငါ့ကို မကူညီနိုင်တာ တော်တော်ဆိုးတာပဲ။
၈၇၀။ There is no need to get angry.
ဒေါသထွက်စရာ မလိုပါဘူး။
၈၇၁။ Please make sure that you return the book in its original condition.
စာအုပ်ကို မူလပုံစံမပျက် ပြန်ပို့နိုင်ပါစေ။
၈၇၂။ Sorry, I didn't mean to be rude.
တောင်းပန်ပါတယ်။ ကျွန်တော် ရိုင်းသလိုများဖြစ်သွားခဲ့ရင်။
(ရိုင်းဖို့ မရည်ရွယ်ပါဘူး)
၈၇၃။ Sorry, I didn't mean it that way.
တောင်းပန်ပါတယ်။ အဲဒီသဘောနဲ့ ပြောလိုက်တာ မဟုတ်ပါဘူး။
၈၇၄။ Sorry, I shouldn't have said that.
တောင်းပန်ပါတယ်။ ကျွန်တော်ဒါမျိုး မပြောခဲ့သင့်ပါဘူး။
I shouldn't have done that.
ကျွန်တော် ဒါမျိုးမလုပ်ခဲ့သင့်ပါဘူး။
၈၇၅။ I shouldn't have used your phone without your permission.
မင်းခွင့်မပြုဘဲနဲ့ မင်းရဲ့ဖုန်းကို ငါမသုံးခဲ့သင့်ပါဘူး။
၈၇၆။ How can I make it up to you?
မင်းကို ငါ ဘယ်လို အစားပြန်ပေးရမလဲ။ ဘယ်လို အလျှော်ပေးရမလဲ။
၈၇၇။ Please stop that. You're trying my patience.
အဲဒါကို ရပ်လိုက်ပါ၊ ဆက်မလုပ်ပါနဲ့။ မင်းဟာ ငါ့ရဲ့ စိတ်ရှည် သည်းခံနိုင်မှုကို စမ်းသပ်နေတာ။
၈၇၈။ If you break it, you pay for it.
မင်းကြောင့်ပျက်သွားတယ်ဆိုရင် မင်းလျှော်ပေးရမယ်။
၈၇၉။ Sorry, I misjudged the time.
တောင်းပန်ပါတယ်။ ကျွန်တော် အချိန်တွက်တာမှားသွားလို့။
၈၈၀။ Sorry, I lost track of the time.
တောင်းပန်ပါတယ်။ ဘယ်အချိန်မှန်းတောင် သတိမထားမိလိုက်လို့။
ဒီဝါကျလေးတွေ ၁၀၀၀ ပြည့်ရင် ရပ်တော့မလားလို့စဉ်းစားနေတယ်။
အသံထွက်ဖတ် ခဏခဏဖတ်ပြီး ကိုယ်ပိုင်ဖြစ်လာအောင်လေ့ကျင့်ကြပါ။
မေတ္တာဖြင့်
ဒေါက်တာစိုးသန်း
No comments:
Post a Comment