Wednesday, April 12, 2017

Speaking အတွက်ဝါကျတိုလေးများ (၁၈)

Speaking အတွက်ဝါကျတိုလေးများ (၁၈)

အရင် post မှာ ဝါကျနံပါတ် ၄၉၀ မှာရပ်ခဲ့တယ်။ ဒီမှာ ၄၉၁ မှ စလိုက်ကြစို့။

၄၉၁။ I am too busy to read anything.
အလုပ်များလွန်းလို့ ဘာစာမှမဖတ်နိုင်ပါဘူး။

ဒီဝါကျမှာ too+adjective+to+verb သုံးပုံကိုမှတ်ပါ။
The teacher was too tired to say anything.
ဆရာမဟာ ပင်ပမ်းလွန်းလို့ ဘာမှမပြောနိုင်တော့ဘူး။
He is too short to make the basketball team.
သူဟာ ပုလွန်းလို့ ဘတ်စကတ်ဘောအသင်းမှာပါလို့မရဘူး။
(make the team= လူရွေးခံရသည်)

၄၉၂။ Are you single or married?
မင်းဟာ လူလွတ်လား အိမ်ထောင်ရှိလား။
ဒီဝါကျမှာ single ဟာ adjective.

၄၉၃။ As a single, he has more time to look after his old parents.
လူပျိုလူလွတ်ဖြစ်လို့ သူ့မှာ မိအိုဖအိုတွေကို ဂရုစိုက်ဖို့ အချိန်ပိုရတယ်။
ဒီဝါကျမှာ single ဟာ noun.

၄၉၄။ I have nothing to do with it.
အဲဒီကိစ္စ ငါနဲ့ ဘာမျှမဆိုင်ပါ။

၄၉၅။ Are you guys going on a trip? Count me in.
မင်းတို့တွေ ခရီးထွက်ကြမလို့လား။ ငါ့လည်းစာရင်းထဲထည့်တွက်ပါ။ (ငါလည်းလိုက်မယ်)

စကားပြောမှာ သူငယ်ချင်းတွေကိုပြောရင် you guys သုံးပုံကိုမှတ်ပါ။
ငါလည်းပါမယ်၊ ငါ့လည်းစာရင်းထဲထည့်ပါဆို Count me in.
မပါဘူး၊ ငါ့ကို ထည့်မတွက်နဲ့ဆို Count me out.

၄၉၆။ Count me out. I have a lot of work to do.
ငါ့ကို ထည့်မတွက်ပါနဲ့ (ငါမပါဘူး၊ မလိုက်ဘူး) လုပ်စရာတွေအများကြီးရှိနေလို့။

၄၉၇။ Times are changing.
ခေတ်တွေကမတူတော့ဘူး (ဟိုတုန်းကနဲ့ ခုခေတ်မတူတော့)

၄၉၈။ Let's meet, for old time's sake.
ရှေးဟောင်းနှောင်းဖြစ်လေးတွေအတွက် တွေ့ကြရအောင်လား။

၄၉၉။ I am telling you for your own sake.
မင်းရဲ့အကျိုးအတွက်ပြောနေတာပါ။

၅၀၀။ Read widely, think deeply and listen carefully.
စာကြယ်ကြယ်ပြန့်ပြန့်ဖတ်၊ လေးလေးနက်နက်တွေး ပြီးတော့ သေသေချာချာနားစိုက်ထောင်။

၅၀၁။ I used to smoke heavily, but I don't smoke anymore.
အရင်ကတော့ဆေးလိပ်အရမ်းသောက်ခဲ့ဖူးတယ်၊ ခုတော့မသောက်တော့ပါဘူး။

၅၀၂။ You will gain weight if you eat a lot.
မင်းအရမ်းစားရင် ဝိတ်တက်လိမ့်မယ်။

၅၀၃။ My hands are tied.
ငါဒီကိစ္စမှာ ကူညီချင်ပေမယ့် ဘာမှလုပ်ပေးခွင့်မရှိပါဘူး။

(ငါ့ရဲ့လက်တွေကိုကြိုးနဲ့ချီခံထားရတယ် ဆိုတဲ့ idiom ကိုမှတ်ပါ။ formal English ရုံးလုပ်ငန်းကိစ္စတွေမှာလည်းသုံးတယ်။ အာဏာရှိပေမယ့်လည်းလုပ်ပေးလို့မရဘူး။ ကူညီချင်ပေမယ့် ethics အရမကူညီနိုင်ဘူး)

၅၀၄။ Have you lost your mind?
မင်းစိတ်ရောကောင်းသေးရဲ့လားကွာ။
(Are you crazy? / Are you nuts? မင်းရူးသွားပြီလား နဲ့အတူတူပါ)

၅၀၅။ That noise is driving me crazy.
အဲဒီဆူညံသံကြောင့် စိတ်တိုနေတာ။
something drives someone crazy သုံးပုံကိုမှတ်ပါ။

၅၀၆။ Stay put.
မရွှေ့နဲ့။ အဲဒီနေရာမှာ နေမြဲအတိုင်းနေ။

၅၀၇။ Just stay put with the suitcases. I'll go find a taxi.
ဒီခရီးဆောင်သေတ္တာတွေနားက တဖဝါးမခွာနဲ့။ ငါ တက္ကစီသွားရှာလိုက်ဦးမယ်။

၅၀၈။ Sit still.
ငြိမ်ငြိမ်လေးထိုင်နေ။

၅၀၉။ Stand still.
ငြိမ်ငြိမ်လေးရပ်နေ။

၅၁၀။ She stood with arms akimbo, frowning at the student.
သူဟာ ခါးထောက်ရပ်နေပြီး ကျောင်းသားကို မျက်မှောင်ကြုံ့ကာ ကြည့်နေတယ်။

၅၁၁။ I'm throwing a party at my home tomorrow.
ငါ မနက်ဖြန် အိမ်မှာ ပါတီပေးမလို့။
throw a party သုံးပုံကိုမှတ်ပါ။

၅၁၂။ You all are invited.
မင်းတို့အားလုံးကို ဖိတ်ပါတယ်။

၅၁၃။ I am thirsty.
ငါ ရေဆာလိုက်တာ။

၅၁၄။ I can do a can of Coke to quench my thirst.
ရေငတ်ပြေအောင် ကိုကာကိုလာ တစ်ဘူးလောက်သောက်ချင်တယ်။
quench= ရေငတ်ပြေစေသည်
I can drink သုံးလည်းရတယ်။ I can do သုံးထားပုံကိုမှတ်ပါ။ I can do a swandwich. ငါ sandwich ပေါင်မုန့်စားလို့ရတယ်။ သောက်တာရော စားတာပါသုံးတယ်။

၅၁၅။ Boys outnumber girls in the class.
အတန်းထဲမှာ မိန်းခလေးဦးရေထက် ယောက်ကျားလေးက ပိုများတယ်။

၅၁၆။ She is expecting a baby.
သူမ ကိုယ်ဝန်ရှိနေပြီ။
She is pregnant. လည်းရတယ်။

၅၁၇။ She is four months pregnant.
သူမ ကိုယ်ဝန် လေးလရှိပြီ။

၅၁၈။ The baby is due (for delivery) next month.
ခလေးက ရှေ့လမှာမွေးမှာ။
The baby will be born next month. လည်းရတယ်။

၅၁၉။ She gave birth to a baby girl last night.
သူ မနေ့ညက သမီးမိန်းခလေးကို မွေးဖွားတယ်။

၅၂၀။ The baby was born prematurely.
ခလေးက လမစေ့ဘဲ မွေးတာ။
mature= ရင့်ကျက်သော
premature= အချိန်မတိုင်သေးခင်ဖြစ်သော
premature baby= လမစေ့ဘဲမွေးသောခလေး

ပြောနေကျအတိုင်းထပ်ပြောလိုက်ပါရစေ......
ဝါကျလေးတွေကို အသံထွက်ပြီး ထပ်ခါထပ်ခါဖတ်။ အလွတ်ရအောင်မှတ်ကြပါ။
With love,
Dr.Soe Than

No comments:

Post a Comment