Friday, April 14, 2017

Speaking အတွက်ဝါကျတိုလေးများ (၂၉)

Speaking အတွက်ဝါကျတိုလေးများ (၂၉)

အရင် post မှာ ဝါကျနံပါတ် ၈၂၀ မှာရပ်ခဲ့တယ်။ ဒီမှာ ၈၂၁ မှ စလိုက်ကြစို့။

၈၂၁။ Our team will win hands down.
ငါတို့အသင်း အေးအေးဆေးဆေးနိုင်မှာသေချာတယ်။
to win hands down ကို အတွဲလိုက်မှတ်ပါ။ အသာလေးအနိုင်ရတာ။

၈၂၂။ You can't teach an old dog new tricks.
ခွေးကြီးမှ လက်ပေးသင်လို့မရဘူး။

၈၂၃။ It is mouth-watering to see these glossy chocolate cakes.
အရောင်လက်နေတဲ့ ချော့ကလက်ကိတ်မုန့်တွေ မြင်ရတာ သွားရည်ကျချင်စရာ။
mouth-watering= သွားရည်ကျချင်စရာဖြစ်သော

၈၂၄။ KFC fried chicken is finger-licking good.
KFC ကြက်ကြော်က အရမ်းစားကောင်းတယ်။
delicious, yummy ဟာ အရသာရှိသော။ finger-licking good ဆိုတာ အရသာရှိလွန်းလို့ စားရင်းနဲ့ ကိုယ့်လက်ကိုတောင်လျှာနဲ့လျက်တာ။

၈၂၅။ The tea is good to the last drop.
လ္ဘက်ရည်က ကုန်တဲ့အထိသောက်လို့ကောင်းလိုက်တာ။
good to the last drop နောက်ဆုံးတစ်စက်အထိအရသာရှိ.. ဆိုတာကို အတွဲလိုက်မှတ်ပါ။

၈၂၆။ Why the long face?
မျက်နှာညို ဘာအလိုမကျဖြစ်နေတာလဲ။
long face မျက်နှာကြီးရှည်နေတယ်...ဆိုတာ စိတ်ကောက် စိတ်ဆိုးနေတာ။

၈၂၇။ You look a bit down.
မင်းကြည့်ရတာ စိတ်ညစ်နေပုံရတယ်။
down= depressed, sad စိတ်ဓာတ်ကျ ဝမ်းနည်းနေသော

၈၂၈။ Is there anything I can do to help?
ငါကူညီပေးလို့ရတာများရှိသလား။

၈၂၉။ No one is indispensable.
ဘယ်သူမှ မရှိမဖြစ်ဘူးဆိုတာ မရှိဘူး။
indispensable= မရှိမဖြစ်ဖြစ်သော

၈၃၀။ The boss is boiling mad.
သူဌေးတော့ ဒေါဖောင်းနေတယ်။
boiling mad= အငွေ့တထောင်းထောင်းထအောင်ဒေါသထွက်နေသော

၈၃၁။ She broke down into tears.
သူမဟာ မထိန်းနိုင်တော့ဘဲ ချုံးပွဲချငိုတယ်။
to break down into tears ကို အတွဲလိုက်မှတ်ပါ။

၈၃၂။ It's a long story.
ပြောပြရမှာ၊ ရှင်းပြရမှာ ရှည်လျှားပါတယ်။

၈၃၃။ Why so blue?
မင်း ဘာလို့ ဒီလောက်ဝမ်းနည်းပုံပေါက်နေရတာလဲ။

၈၃၄။ What's eating you?
မင်းကို ဘာတွေများ စိတ်ဒုက္ခပေးနေလို့လဲ။

၈၃၅။ It's a piece of cake.
ဒါလေးများ လွယ်လွယ်လေးပါ။

၈၃၆။ It totally slipped my mind.
အဲဒါကို ငါ လုံးဝမေ့သွားတယ်ကွာ။ လုံးဝသတိကိုမရတာ။

၈၃၇။ Fair enough.
တရားပါတယ်။ မျှပါတယ်။

၈၃၈။ What gives?
ဟေး ဘယ်လိုလဲ။ ဘာတွေထူးလဲ။ ဘာတွေဖြစ်နေလဲ။

၈၃၉။ It's written all over your face.
မင်းမျက်နှာကြည့်လိုက်ရင်သိနေတာပဲ။
(ဝမ်းနည်းနေလား။ တခုခုကိုလှို့ဝှက်ထားလား။ ပြောစရာမလို မျက်နှာမှာရေးထားသလိုပေါ်နေတယ်)

၈၄၀။ Let's go fifty-fifty.
မင်းတဝက် ငါတဝက် စိုက်ထဲ့ကြရအောင်။

၈၄၁။ He is good for nothing.
ဒီကောင် ဘာမှသုံးမရဘူး။ အလကားကောင်။

၈၄၂။ You are absolutely right.
မင်းပြောတာ လုံးဝမှန်တယ်။ မင်း လုံးဝမှန်တယ်။

၈၄၃။ I entirely agree with you.
ငါ မင်းနဲ့ လုံးဝသဘောတူပါတယ်။

၈၄၄။ Over my dead body.
ဒါမျိုးတော့ သဘောမတူနိုင်။ ငါသေမှပဲရမယ်။

၈၄၅။ Don't sell yourself short.
ကိုယ့်ကိုကိုယ် တန်ဖိုးမချလိုက်နဲ့။ ဈေးချမရောင်းနဲ့။
ကိုယ်နဲ့ ထိုက်တန်တာကိုတော့ တောင်းဆိုပါ။

၈၄၆။ Prevention is better than cure.
ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုကောင်းတယ်။

၈၄၇။ I am keeping my fingers crossed.
ကံကောင်းဖို့ အကောင်းဆုံးဖြစ်ဖို့ ငါ မျှော်လင့်ဆုတောင်းနေတယ်။
to keep one's fingers crossed လို့ အတွဲလိုက်မှတ်ပါ။

၈၄၈။ Don't pull my leg.
ငါ့ကိုမနောက်ပါနဲ့။ လူတွေရှေ့ ငါ့ကိုဒေါက်မဖြုတ်နဲ့။
ဆေးမထိုးပါနဲ့။
to pull one's leg ဆိုတဲ့ idiom ကိုမှတ်ပါ။

၈၄၉။ Put yourself in my place, and you will understand how I feel.
မင်း ငါ့နေရာမှာဝင်ကြည့်ရင် ငါဘယ်လိုခံစားရတာကို နားလည်လိမ့်မယ်။

၈၅၀။ I will play it by ear.
ကြုံသလို ကြည့်လုပ်လိုက်တော့မယ်။
(ကြုတ်ကြက်လိ ကြည့်ကြက်လုပ်)
to play something by ear ဆိုတဲ့ အသုံးကိုမှတ်ပါ။ သီချင်းတစ်ပုဒ်ကို တီးခတ်ဖို့ music notes တွေမရှိရင် နားအကြားနဲ့ပဲ hearing နဲ့ပဲ အဆင်ပြေအောင် ကြိုးစားတီးမှုတ်သလို။

ဒီမှာ Speaking အတွက် ကျက်မှတ်ထားရမဲ့ ဝါကျတိုလေးတွေရေးလာတာ တော်တော်များလာပါပြီ။ ဆက်ရေးနေပေမဲ့လည်း တနေရာမှာရပ်ပြီး တခြားအကြောင်းအရာတွေအတွက် အချိန်ပေးရဦးမှာဖြစ်ပါတယ်။ လေ့လာနေသူများအတွက် အတိုင်းအတာတခုအထိ အထောက်အကူပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

မေတ္တာဖြင့်
ဒေါက်တာစိုးသန်း

No comments:

Post a Comment