Friday, April 14, 2017

Speaking အတွက်ဝါကျတိုလေးများ (၁၆)

Speaking အတွက်ဝါကျတိုလေးများ (၁၆)

အရင် post မှာ ဝါကျနံပါတ် ၄၃၀ မှာရပ်ခဲ့တယ်။ ဒီမှာ ၄၃၁ မှ စလိုက်ကြစို့။

၄၃၁။ I had a white night last night.
ငါ မနေ့ညက အိပ်မပျော်ဘူး။
I couldn't sleep last night. လို့ပြောလည်းအတူတူပေါ့။
to have a white night အဖြူရောင်ညရတယ်...အိပ်မပျော်ဘူး...ဆိုတဲ့အသုံးလေးမှတ်ပါ။

၄၃၂။ I couldn't sleep the whole night last night.
မနေ့ညက တစ်ညလုံးအိပ်မရဘူး။

၄၃၃။ He fell asleep as his head touched the pillow.
သူက ခေါင်းအုံးပေါ်ခေါင်းချလိုက်တာနဲ့ချက်ခြင်းအိပ်ပျော်သွားတယ်။
to fall asleep= အိပ်ပျော်သွားသည်

၄၃၄။ You were fast asleep when I got home.
ငါအိမ်ပြန်ရောက်တော့ မင်းက ကောင်းကောင်းအိပ်မောကျနေပြီ။
fast asleep= အိပ်မောကျနေသော

၄၃၅။ I had a sound sleep.
ကောင်းကောင်းအိပ်ပျော်ပါတယ်။
I slept well.
I slept soundly. တို့ကိုလည်းပြောင်းပြောလို့ရတယ်။

၄၃၆။ I set the alarm at 5 a.m.
ငါနှိုးစက် မနက်၅နာရီပေးထားတယ်။

၄၃၇။ I overslept as the alarm didn't go off.
နှိုးစက်မလာလို့ မထနိုင်ဘဲ ပိုအိပ်မိသွားတယ်။
alarm does not go off= နှိုးစက်မလာ
alarm goes off= နှိုးစက်လာသည်

၄၃၈။ Can you wake me up at 5 a.m.?
မင်းငါ့ကို မနက် ၅ နာရီမှာ နှိုးပါလား။

၄၃၉။ He grabbed the mike and started crooning.
သူဟာ မိုက်ကရိုဖုန်းကို ဆွဲယူပြီး ဟဲတော့တာပဲ။

၄၄၀။ I avoid the rush hours.
ငါ ရုံးတက်ရုံးဆင်းကားလမ်းကြပ်ချိန်ကို ရှောင်တယ်။

၄၄၁။ I hate to repeat myself.
ငါ ခဏခဏထပ်မပြောချင်ဘူးကွာ။

၄၄၂။ He is thinning on top.
သူ ထိပ်မှာ ဆံပင်ပါးနေပြီ။

၄၄၃။ Nip it in the bud.
ပြသနာကို သေးတုန်းမှာ အပြတ်ရှင်းလိုက်ပါ။
(idiom အသုံးပါ။ to nip the problem in the bud လို့မှတ်ပါ။ bud ဆိုတာ ပန်းအဖူးလေး။ nip ဆိုတာ လက်နဲ့ဆိတ်တာ။ မပွင့်ခင် အဖူးဘဝမှာပဲ ဖျက်စီးပြစ်တဲ့သဘော)

၄၄၄။ I hope our paths will cross again.
မင်းနဲ့ငါ တချိန်မှာ ပြန်ဆုံကြမယ်လို့မျှော်လင့်ပါတယ်။

၄၄၅။ My watch is gaining 5 minutes.
ငါ့နာရီ ၅ မိနစ်မြန်နေတယ်။

၄၄၆။ My watch is losing 5 minutes.
ငါ့နာရီ ၅ မိနစ်နောက်ကျနေတယ်။

၄၄၇။ My watch keeps good time.
ငါ့နာရီအချိန်မှန်တယ်။

၄၄၈။ You are always full of excuses.
မင်းဟာ အမြဲ ဆင်ခြေနဲ့အပြည့်။
(ပြောလိုက်ရင် ဆင်ခြေကြီးပဲ)

၄၄၉။ It's now or never.
အခုလုပ်ရင်လုပ် မလုပ်ရင်ဒီအခွင့်အရေးဘယ်တော့မှပြန်မရတော့ဘူး။

၄၅၀။ He is such a show-off.
ဒီကောင်တော်တော်ကြွားတဲ့ကောင်။

၄၅၁။ I like to keep a low profile.
ငါ လူသတိမထားမိအောင်ခပ်ကုပ်ကုပ်ပဲနေချင်တယ်။
keep a low profile= သိသော် ရှိသော်လည်း ပလွှားမှုမရှိဘဲ အေးအေးနေသည်။ ခပ်လျှိုလျှိုနေသည်။

၄၅၂။ He is a fraud.
ဒီကောင်ဟာ အင်ဂုလိ။
fraud= အတုအယောင်။ လူလိမ်

၄၅၃။ That restaurant is way over-priced.
အဲဒီစားသောက်ဆိုင်က ဈေးကြီးလွန်းပါ့။

၄၅၄။ He just sat there doing nothing.
သူ ဘာမှကိုမလုပ်ဘဲ အဲဒီမှာထိုင်နေတယ်။

၄၅၅။ He didn't even lift his finger.
ဘာကိုမှ လက်ဖြားလေးနဲ့တောင်မတို့။
(ပျင်းလို့ ကပ်သပ်လို့ ဘာအလုပ်မှမလုပ်ပေး)

၄၅၆။ He is a shirk.
သူဟာ ရေသာခိုသူ။

၄၅၇။ He always shirks his responsibilities.
သူ့ရဲ့တာဝန်တွေကို အမြဲရေသာခိုတတ် ရှောင်တတ်တယ်။

၄၅၈။ Please do it without any delay.
ထပ်ပြီးအချိန်ဆွဲမနေတော့ဘဲ ချက်ခြင်းလုပ်ပါ။

၄၅၉။ It takes two to tango.
လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တာပါ။

၄၆၀။ This theory is beyond my understanding.
ငါတော့ ဒီသီအိုရီကို လုံးဝနားမလည်ဘူး။
I don't understand this theory. လို့လွယ်လွယ်ပြောလည်းရတယ်။ something is beyond one's understanding ဆိုတဲ့ ကောင်းတဲ့ usage လေးလည်းသိထားသင့်တယ်။

ပြောနေကျအတိုင်းထပ်ပြောလိုက်ပါရစေ......
ဝါကျလေးတွေကို အသံထွက်ပြီး ထပ်ခါထပ်ခါဖတ်။ အလွတ်ရအောင်မှတ်ကြပါ။
With love,
Dr.Soe Than

No comments:

Post a Comment