Wednesday, April 12, 2017

Speaking အတွက်ဝါကျတိုလေးများ (၂၅)

Speaking အတွက်ဝါကျတိုလေးများ (၂၅)

အရင် post မှာ ဝါကျနံပါတ် ၇၀၀ မှာရပ်ခဲ့တယ်။ ဒီမှာ ၇၀၁ မှ စလိုက်ကြစို့။

၇၀၁။ I am not cut out to be a lawyer.
ငါဟာ ရှေ့နေဖြစ်ဖို့ ဇ ပါမလာဘူး။
***be cut out to be + Noun အသုံးကို အတွဲလိုက်မှတ်ပါ။
သက်မွေးဝမ်းကြောင်းအလုပ်တစ်ခုကိုလုပ်ဖို့ မွေးလာတာ။ လိုအပ်တဲ့အရည်အချင်းတွေပါလာပြီးသား။ လူနဲ့ အလုပ် အံဝင်ဂွင်ကျဖြစ်တာ။

၇၀၂။ He has a gift for writing short stories.
သူဟာ ပုံပြင် ဝတ္ထုတိုလေးတွေရေးတာ အရမ်းတော်တယ်။
***have a gift ဆိုတာ ပါရမီပါလာတာ
Adjective က gifted ပါ။ a gifted writer/ a gifted singer စသည်ဖြင့်သုံးရပါတယ်။

၇၀၃။ In the rainy season, this street is flooded.
မိုးတွင်းမှာ ဒီလမ်းဟာရေကြီးတယ်။

၇၀၄။ We had so much fun at the party last night.
ငါတို့ မနေ့ညက ပါတီမှာ ပျော်လိုက်ကြတာလေ။
***fun ဆိုတာ ပျော်တာ
funny ဟာ ရီရတာ ဟာသ။ မရောပါစေနဲ့။

၇၀၅။ It was fun to hang out with childhood friends.
ငယ်သူငယ်ချင်းတွေနဲ့ အတူပြန်တွေ့ကြရတာ ပျော်စရာ။
***to hang out with ကို အတွဲလိုက်မှတ်ပါ။ အသုံးများလို့။
hang out with friends သူငယ်ချင်းတွေနဲ့ အဖွဲ့လိုက် ဟိုဟိုဒီဒီ သွားလိုက် စားလိုက်စကားပြောလိုက်ကြနဲ့ အချိန်ကုန်စေတာ။

၇၀၆။ Don't park your car in front of my house.
မင်းရဲ့ကားကို ငါ့အိမ်ရှေ့မှာ လာမရပ်နဲ့။

၇၀၇။ It's better than nothing.
ဒါဟာ ဘာမှမရတာထက်စာရင် ပိုကောင်းတာပေါ့။

၇၀၈။ Better late than never.
လုံးဝမလာတာထက်စာရင် နောက်ကျတာက တော်သေးတာပေါ့။

၇၀၉။ Two is a company. Three is a crowd.
နှစ်ယောက်တကမ္ဘာ။ လူပိုပါလာရင်ရှုပ်တယ်ဟာ။

၇၁၀။ It was very embarrasing that he went into the ladies' by mistake.
သူဟာ အမျိုးသမီးသန့်စင်ခန်းထဲမှားပြီးဝင်သွားမိတာ အရမ်း မျက်နှာပူစရာကောင်းတယ်။

၇၁၁။ He was so embarrassed.
သူအရမ်းရှက်သွားတယ်။ မျက်နှာပူသွားတယ်။

၇၁၂။ I didn't know if I was coming or going.
ငါလည်း ထူပူပြီး ဘာလုပ်လို့ လုပ်မိမှန်းမသိပါဘူး။
***I don't know if/whether I am coming or going ဆိုတဲ့ အသုံးကို ဝါကျအလိုက်မှတ်ပါ။ confused ဖြစ်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ စိတ်ထဲရှုပ်ရှက်ခတ်သွားတာ။

၇၁၃။ Who came up with this idea?
ဒါဟာ ဘယ်သူ့စိတ်ကူး အကြံလဲ။
ဒီအကြံ ဘယ်သူရတာလဲ။

၇၁၄။ Parents should be very interested in their children's education.
မိဘတွေဟာ သူတို့ ခလေးတွေရဲ့ပညာရေးကို အရမ်းစိတ်ဝင်စားသင့်တယ်။

၇၁၅။ Teachers should be devoted to students' learning.
ဆရာ ဆရာမတွေဟာ သူတို့ရဲ့ အချိန်တွေခွန်အားတွေကို ကျောင်းသားတွေစာသင်ကြားရေးအတွက်ပေးဆပ်ထားရမှာ။

၇၁၆။ They two are totally different - like chalk and cheese.
သူတို့နှစ်ယောက်ဟာ ဆီနဲ့ရေပမာ။ လုံးဝမတူဘူး။
***like chalk and cheese ဆိုတဲ့ အသုံးကိုမှတ်ပါ။ မြန်မာလိုတော့ ဆီနဲ့ရေ ကွာသလိုပဲ။ အင်္ဂလိပ်စကားမှာတော့ မြေဖြူခဲ နဲ့ ဒိန်ခဲနဲ့မတူသလို လို့တင်စားသုံးတယ်။

၇၁၇။ I got goose bumps when I heard that news.
အဲဒီသတင်းကို ကြားလိုက်ရတုံးက ငါ ကြက်သီးတောင်ထတယ်။
***goose ဟာ ဘဲငန်း
goose bumps / goose pimples / goose flesh ဒါတွေအားလုံးဟာ ကြက်သီးမွှေးညှင်းထတာကိုပြောတာ။

၇၁၈။ How long is the flight from Yangon to Singapore?
ရန်ကုန်မှ စင်္ကာပူ လေယဉ်စီးချိန်ဘယ်လောက်ကြာလဲ။

၇၁၉။ He has a memory like an elephant.
သူဟာမှတ်ဉာဏ်ကောင်းလွန်းပြီး ဟိုးတုံးကဟာတွေတောင်မှတ်မိတယ်။
***ဆင်တွေဟာ တစ်နေ့ ၂ နာရီ ၃ နာရီသာ အိပ်ပေမဲ့ ဟိုးတုန်းက ဖြစ်ရပ်တွေကို မှတ်မိနိုင်ကြတယ်လို့ ဆိုကြတယ်။ Elephants never forget. ဆိုတဲ့ စကားလည်းရှိတယ်လေ။ fact လား fiction လားတော့မသိပါဘူး။
have a memory like an elephant လို့ အတွဲလိုက်မှတ်ပါ။

၇၂၀။ He is greedy; he always wants the lion's share.
သူဟာ လောဘကြီးတယ်။ အမြဲပဲ အများဆုံးလိုချင်တယ်။
***the lion's share= အများဆုံးဝေဆု (တောထဲမှာတော့ ကေသရာဇာ ဘုရင်ကြီးက အများဆုံးယူနေကြ)

၇၂၁။ When I challenged him to a fight, he chickened out.
ငါသူ့ကို တကယ်ချဖို့စိန်ခေါ်တော့ ကြောက်ပြီးနောက်ဆုတ်သွားတယ်။
***chicken out ကြောက်စိတ်ဝင်ပြီး စိတ်ပြောင်းသွားတာ

၇၂၂။ Let's take this outside.
ကဲ မင်းနဲ့ငါ ဒီကိစ္စကို အပြင်မှာထွက်ဖြေရှင်းကြရအောင်။
(အပြင်မှာထွက်ပြီးချကြမယ်၊ fight မယ်လို့ စိန်ခေါ်တာပါ)

၇၂၃။ He is a big talker.
သူဟာ အပြောကြီးတဲ့သူ။

၇၂၄။ He tends to brag and exaggerate all the time.
သူဟာ အမြဲကြွားပြောပြီး ချဲ့ကားပြောတတ်တဲ့အကျင့်ရှိတယ်။

၇၂၅။ He is a big fan of Manchester United.
သူဟာ မန်ယူ ကိုအသည်းအသန်ကြိုက်သူ။

၇၂၆။ He is a hard-core fan of Liverpool.
သူဟာ လီဗာပူးအသင်းရဲ့ အမာခံပရိသာတ်။

၇၂၇။ The teacher explained the lesson in great detail.
ဆရာဟာ သင်ခန်းစာကို အလွန်အသေးစိတ်ရှင်းပြတယ်။
***in detail
in great detail အသေးစိတ်

၇၂၈။ He explained it at great length.
သူဟာ ရှည်ရှည်ဝေးဝေးရှင်းပြတယ်။
***at great length ရှည်ရှည်၊ အကြယ်တဝင့်

၇၂၉။ He went out of his way to help me.
သူဟာ ငါ့ကို တကူးတကကူညီတယ်။
***to go out of one's way ကိုယ်လုပ်စရာရှိတာရပ်ပြီး သူများအတွက် တကူးတက ကူညီတာ

၇၃၀။ He doesn't mind going an extra mile.
သူဟာ နဲနဲလေးသူများတွေထက်ပိုပြီး လုပ်လိုက်ရမှာ ကြိုးစားလိုက်ရမှာကို အပန်းမကြီးသူပါ။
***to go an extra mile သူများတွေ ထက်တစ်မိုင်ပိုပြီးပြေးတာ၊ သူများထက်ပိုပြီး ကြိုးစားတာ။

အချိန်ပေးပြီးပုံမှန်ရေးပေးနေပါတယ်။ ဖတ်ချိန်ရောရကြရဲ့လားမသိ။

ပြောနေကျအတိုင်းထပ်ပြောလိုက်ပါရစေ......
ဝါကျလေးတွေကို အသံထွက်ပြီး ထပ်ခါထပ်ခါဖတ်။ အလွတ်ရအောင်မှတ်ကြပါ။
Thank you so much for reading. I appreciate your time and effort.
With love,
Dr.Soe Than

No comments:

Post a Comment