Friday, April 14, 2017

Speaking အတွက်ဝါကျတိုလေးများ (၂၆)

Speaking အတွက်ဝါကျတိုလေးများ (၂၆)

အရင် post မှာ ဝါကျနံပါတ် ၇၃၀ မှာရပ်ခဲ့တယ်။ ဒီမှာ ၇၃၁ မှ စလိုက်ကြစို့။

၇၃၁။ It is a big responsibility to be the President of a country.
တိုင်းပြည်တစ်ခုရဲ့ သမ္မတလုပ်ရတာ တာဝန်ကြီးပါတယ်။

၇၃၂။ She used her charm and sweet words to get what she wants.
သူဟာ ဆွဲဆောင်မှု ညှို့ဓာတ်နဲ့ စကားချိုချိုလေးတွေသုံးပြီး လိုတာကိုရအောင်ယူတယ်။

၇၃၃။ Today is a historic day.
ဒီနေ့ဟာ သမိုင်းဝင်နေ့တစ်နေ့ပါ။

၇၃၄။ I feel privileged to be chosen for the scholarship abroad.
ပြည်ပ ပညာတော်သင်ဆုအတွက်ရွေးချယ်ခံရတာ အခွင့်ထူးကောင်းခံစားရတယ်လို့ထင်တယ်။
privilege(noun)= အထူးအခွင့်အရေး
I feel privileged မှာ privileged ဟာ Adjective ပါ။

၇၃၅။ I watch BBC and CNN to keep myself updated.
ခေတ်နဲ့ မျက်ခြေမပြတ်အောင် BBC နဲ့ CNN ကိုကြည့်တယ်။

(....to keep myself informed
......to keep myself abreast with the times
.... to stay abreast with the times
.......to stay up-to-date စသည်ဖြင့် ခေတ်နဲ့ မျက်ခြေမပြတ်အောင် ကို အမျိုးမျိုးပြောင်းသုံးလို့ရတယ်)

၇၃၆။ Leave the past behind and move on.
အတိတ်ကို အတိတ်မှာထားခဲ့ပြီး ရှေ့ဆက်ချီတက်ပါ။

၇၃၇။ The tenant did not get along with the landlord/landlady.
အိမ်ငှားက အိမ်ရှင်နဲ့ အဆင်မပြေဘူး။
အိမ်ရှင် ဟာ ယောက်ျားဆို landlord
မိန်းမ ဆို landlady

၇၃၈။ I try to see good in everybody.
လူတိုင်းမှာရှိတဲ့ ကောင်းကွက်လေးကို ငါမြင်အောင်ကြည့်တယ်။

၇၃၉။ Nothing lasts for ever.
ဘာမှ ထာဝရမမြဲပါဘူး။
Nothing is permanent. လို့လည်းပြောလို့ရတယ်။

၇၄၀။ He has a full-time job in an office, but he also waits on the tables as a part-time work.
သူဟာရုံးမှာ အချိန်ပြည့်ဝန်ထမ်းအလုပ်ရှိတယ်၊ ဒါပေမဲ့ အချိန်ပိုင်း စားပွဲထိုးအလုပ်လည်းလုပ်သေးတယ်။

*** စာပွဲထိုး အလုပ်လုပ်သည်ကို wait on the tables လို့ မှတ်ပါ။
waiter ကတော့ စားပွဲထိုးပေါ့။
He works as a waiter လို့ပြောရင် ကိုယ့်အတွက်တော့ မှန်တယ်ထင်ရပေမဲ့ ဗိုလ်တွေကတော့ သူတို့စကားမှာ wait on the tables လို့ပဲသုံးကြတာပါ။ on မထည့်ဘဲနဲ့ He earns money by waiting the tables. လို့ သုံးလည်း မှန်ပါတယ်။

၇၄၁။ I am not going to lose my sleep on it.
အဲဒီကိစ္စအတွက်တော့ ငါအိပ်ရေးပျက်ခံပြီး စဉ်းစားမနေဘူး။
(ဂရုမစိုက်ပါဘူး ဆိုတဲ့သဘော။ သိပ်အသုံးများတဲ့ ဝါကျလေးပါ)

၇၄၂။ Can I talk with you in private?
မင်းနဲ့ ငါ နှစ်ယောက်တည်း စကားပြောလို့ရမလား။

***in private နှစ်ယောက်တည်း။ နှစ်ကိုယ်ကြား။ သူများတွေမသိရအောင် သီးသန့်
***in public ကတော့ လူပုံအလယ်မှာ ... အားလုံးရှေ့မှာ ... လူသိရှင်ကြား

၇၄၃။ Can I see you in private - just the two of us?
မင်းကို သီးသန့်တွေ့လို့ရမလား၊ မင်းနဲ့ငါ နှစ်ယောက်တည်း။

၇၄၄။ I have something to confide in you.
မင်းကို ငါ ရင်ဖွင့်ချင်တာလေးရှိတယ်။

၇၄၅။ I want you to meet me in person.
မင်းငါ့ကို လူကိုယ်တိုင်လာတွေ့ပါ။
in person ကိုမှတ်ပါ။

၇၄၆။ He jokingly said that he didn't care.
သူဟာ ရီသလိုမောသလိုနဲ့ ဂရုမစိုက်ပါဘူးလို့ ပြောတယ်။

၇၄၇။ Then was then and now is now.
အဲဒီတုံးကနဲ့ အခုနဲ့ မတူတော့ဘူးကွ။

၇၄၈။ Life is full of shit!
ဘဝဟာ စိတ်ကုန်စရာတွေများလိုက်တာ။
(ရင်းနှီးတဲ့သူတွေနဲ့ပဲသုံးပါ) shit အစား crap သုံးလည်း ရတယ်။

၇၄၉။ Let's call it a day.
ဒီနေ့တော့ ဒီလောက်နဲ့တော်လိုက်ကြရအောင်။

၇၅၀။ It's all in a day's work.
ဒါ အလုပ်သဘောအရ လုပ်ပေးရမဲ့ တာဝန်ထဲမှာပါတယ်လေ။ (မလွှဲမရှောင်လုပ်ပေးရမဲ့ဟာ)

***Cleaning up after the customers is all in a day's work of a waiter.
စားသုံးသူတွေ ထသွားပြီးရင် သန့်ရှင်းရေးလုပ်ရမှာ စားပွဲထိုးလုပ်ရမဲ့ အလုပ်ထဲမှာ ပါပြီးသားပါ။

၇၅၁။ He is so grumpy.
သူဟာ သုန်မှုန်နေတာပဲ။
မျက်နှာ ရှုတည်တည်ကြီးနဲ့။

၇၅၂။ Why do you look so glum today?
မင်း ဒီနေ့ဘာလို့ မှိုင်တွေငေးငိုင်နေရတာလဲ။

၇၅၃။ It's a case of sour grapism.
မရနိုင်မှန်းသိလို့ မကောင်းပြောနေကြတာပါ။

(အီစွပ် ပုံပြင်ထဲက စပျစ်သီးကို မမှီတဲ့ မြေခွေးဟာ ဒီစပျစ်သီးတွေဟာ ကောင်းမှာလည်းမဟုတ် ချဉ်နေမှာပါ လို့ပြောသလိုမျိုး။ မြေခွေးက Those grapes must be sour,anyway. လို့ပြောခဲ့တာကို မှတ်မိကြမှာပါ။)

၇၅၄။ A friend in need is a friend indeed.
လိုအပ်နေချိန်မှာ ကူညီသူဟာ မိတ်ဆွေစစ်ပါ။

၇၅၅။ It's impossible to know everything under the sun.
ဒီ ကမ္ဘာလောကကြီးထဲမှာ ဘာမဆိုအကုန်သိတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။

၇၅၆။ Wow! It's a small world.
အိုး...မင်းနဲ့ငါ ကြုံကြပြန်ပြီ၊ ပြန်တွေ့ကြပြန်ပြီ။
(ကမ္ဘာကြီးက သေးသေးလေး)

၇၅၇။ Fancy meeting you here!
မင်းနဲ့ ဒီမှာဆုံရမယ်လို့ မမျှော်လင့်ထား၊ အံ့သြလိုက်တာ။

၇၅၈။ We'll never stop bumping into each other like this!
မင်းနဲ့ငါ ဒီလိုပဲ နေရာတကာမှာ မထင်မှတ်ဘဲ အမြဲဆုံမိကြမယ်နဲ့တူတယ်။
(စောစောလေးကပဲ ဟိုလမ်းထောင့်မှာတွေ့ခဲ့ကြ၊ ဟော အခုပြန်တွေ့ကြပြန်ပြီ။ မသိရင်ချိန်းထားသလို...အဲဒီလိုအခြေအနေမှာသုံးတဲ့စကား)

၇၅၉။ I bumped into an old classmate downtown yesterday.
မနေ့က အတန်းဖေါ်သူငယ်ချင်းဟောင်းတစ်ယောက်ကို မြို့ထဲမှာ အမှတ်မထင်ဆုံခဲ့တယ်။
bump into someone= run into someone မထင်မှတ်ဘဲ ဆုံသည်

၇၆၀။ The student gets easily distracted.
ကျောင်းသားဟာ အာရုံကြာကြာမစိုက်နိုင်ဘူး။
The student cannot stay focussed. လို့လည်းပြောလို့ရပါတယ်။

ပြောနေကျအတိုင်းထပ်ပြောလိုက်ပါရစေ......
ဝါကျလေးတွေကို အသံထွက်ပြီး ထပ်ခါထပ်ခါဖတ်။ အလွတ်ရအောင်မှတ်ကြပါ။
Thank you so much for reading. I appreciate your time and effort.
With love,
Dr.Soe Than

No comments:

Post a Comment