Wednesday, April 12, 2017

Speaking အတွက်ဝါကျတိုလေးများ (၂၇)

Speaking အတွက်ဝါကျတိုလေးများ (၂၇)

အရင် post မှာ ဝါကျနံပါတ် ၇၆၀ မှာရပ်ခဲ့တယ်။ ဒီမှာ ၇၆၁ မှ စလိုက်ကြစို့။

၇၆၁။ He can't stay focused on his studies.
သူဟာ စာကို အာရုံစိုက်မထားနိုင်ဘူး။
to stay focused on something= တစုံတခုကို အာရုံစိုက်ထားသည်

၇၆၂။ A lot of students memorize the notes.
ကျောင်းသားများဟာ မှတ်စုတွေကို အလွတ်ကျက်ကြတယ်။

စာကိုအလွတ်ကျက်တယ်လို့ပြောရင် to learn something by heart သို့မဟုတ် to learn something by rote ကိုမှတ်ပါ။
They learn the notes by heart.
They learn the notes by rote.
မှတ်စုတွေကို အာဂုံဆောင် အလွတ်ကျက်တယ်။
အဲလိုကျက်မှတ်တာကို rote learning သို့မဟုတ် memorization လို့သုံးတယ်။

၇၆၃။ I have nothing to lose.
(ဒီကိစ္စမှာ) ငါ ဘာမှဆုံးရှုံးစရာမရှိဘူး။
(ကိစ္စမရှိဘူး၊ ဂရုမစိုက်ဘူးဟု ဆိုလိုရင်း)

၇၆၄။ Bring it on!
လုပ်လိုက်လေ ကြာသလားလို့။
(လုပ်လိုက်စမ်းပါ...စိန်ခေါ်တဲ့သဘောလည်းပါနေတယ်)

၇၆၅။ Really? Seeing is believing.
တကယ်လား။ မြင်မှပဲယုံတော့မယ်။

၇၆၆။ They have been going steady for three years.
သူတို့ရည်းစားနှစ်ယောက် အတည်တကျတွဲနေတာ သုံးနှစ်ရှိပြီ။
to go steady with someone= အတည်တကျတွဲနေသည်

၇၆၇။ Hope for the best and prepare for the worst.
အကောင်းဆုံးကိုမျှော်လင့်ပြီး အဆိုးဆုံးအတွက်ပြင်ဆင်ထားပါ။

၇၆၈။ I've had a long day today.
ငါ ဒီနေ့ အလုပ်တွေများခဲ့လို့ ပင်ပန်းလိုက်တာ။

၇၆၉။ I keep in touch with my old friends through Facebook.
မိတ်ဆွေဟောင်းတွေနဲ့ Facebook မှတဆင့် အဆက်အသွယ်မပြတ်အောင်နေတယ်။

၇၇၀။ Young people are tech-savvy.
လူငယ်တွေက IT နည်းပညာကို ကျွမ်းကျင်ကြတယ်။

၇၇၁။ English is the language of the Internet and social media.
အင်္ဂလိပ်စာဟာ အင်တာနက်နဲ့ လူမှုကွန်ယက်တို့မှာ အသုံးပြုတဲ့ ဘာသာစကားပါ။

၇၇၂။ How long can you hold your breath under water?
ရေအောက်မှာ အသက်မရှုဘဲ မင်း ဘယ်လောက်ကြာအောင်နေနိုင်သလဲ။
to hold one's breath= အသက်အောင့်ထားသည်

၇၇၃။ He is an eager beaver.
သူဟာ အလုပ်ကိုတက်ကြွထက်သန်စွာလုပ်သူ။
(eager beaver ဟာ လူကြီးရှေ့မှ ပြာယာခတ်အောင်လုပ်ပြတဲ့ " အနားပြာ" လို အဆိုးမြင်တဲ့ သဘောနဲ့လည်းသုံးတတ်ကြတယ်)

၇၇၄။ Well, let's get down to business.
ကဲ... လိုရင်းကိစ္စလေးဆွေးနွေးကြစို့။

၇၇၅။ I might be wrong, but I think we should not trust that guy.
ငါပြောတာမှားကောင်းမှားနိုင်တယ်၊ အဲဒီကောင်ကို ငါတို့မယုံကြည်သင့်ဘူးလို့ထင်တယ်။

ကိုယ်ထင်ကြေးပေးတာ မှားချင်မှားမယ်...I might be wrong, but ဆိုပြီး ဝါကျစတာကိုမှတ်ပါ။

၇၇၆။ There's nothing better than relaxing oneself at home.
အိမ်မှာ တစ်ယောက်တည်းအေးဆေးနားရတာထက် ပိုကောင်းတာ ဘာမှမရှိဘူး။

၇၇၇။ He is the life of the party.
သူမပါရင် ပွဲမစည်ဘူး။
the life of the party= ရီစရာပြောတတ် အပြောကောင်းပြီး လူတိုင်းနှစ်သက်ကြတဲ့သူ

၇၇၈။ Is it a big deal?
ဒါဟာ (ပုံကြီးချဲ့ပြောဆိုနေရလောက်အောင်) အရေးကြီးလို့လားကွာ။

၇၇၉။ I'm afraid I have to say 'No' to that.
အားတော့နာပါရဲ့၊ ဒီကိစ္စကို ကျွန်တော် ငြင်းရပါလိမ့်မယ်။

၇၈၀။ He is like a diamond in the rough.
သူဟာ ကျောက်ရိုင်းတုံးလေး တစ်လုံးပမါ။
(တောက်မဲ့မီးခဲ တရဲရဲ)
a diamond in the rough ကိုမှတ်ပါ။ အလားအလာအများကြီးရှိသူ။ ကျောက်ရိုင်းတုံးလေး။

၇၈၁။ A little knowledge is a dangerous thing.
မဆိုစလောက်လေးသိတာဟာ အန္တရာယ်ရှိတယ်။

A little learning is a dangerous thing. လည်းအတူတူပါ။

၇၈၂။ He is a wolf in sheep's clothing.
သူဟာ ကြောင်သူတော် ကြွက်သူခိုး။

a wolf in sheep's clothing သိုးရေခြုံထားတဲ့ မြေခွေး...လို့ အင်္ဂလိပ် အီဒီယမ်မှာ သုံးတယ်။
He is a hypocrite. သူဟာ သီလကြောင်၊ လူကောင်းလိုဟန်ဆောင်ထားသူ ...လို့ တိုတိုပြောလည်းရတယ်။

၇၈၃။ Absence makes the heart grow fonder.
နီးတကျက်ကျက် ဝေးတသက်သက်။ (စကားပုံ)

၇၈၄။ My grandpa is still alive and kicking.
ငါ့အဖိုးကတော့ မာမာချာချာရှိသေးတယ်။
alive and kicking = ထူထူထောင်ထောင် လှုပ်လှုပ်ရှားရှား ကျန်းမာနေလျှက်

၇၈၅။ We are going to an "all-you-can-eat" restaurant.
ငါတို့ စိတ်ကြိုက်အဝစား ဆိုင်ကိုသွားမလို့။
အဝစားဆိုင်၊ အဝစားကို buffet လည်းရတယ်။ all you can eat လည်းအသုံးများတယ်။

၇၈၆။ She is the apple of my eye.
သူ့ကြည့်ရတာ စိတ်ချမ်းမြေ့လိုက်တာ။
apple of one's eye အီဒီယံ ဟာ ကိုယ်အရမ်းသဘောကျသူ၊ အချစ်ရဆုံးသူကို ရည်ညွန်းပါတယ်

၇၈၇။ Please come back to your parents as soon as possible.
မင်းရဲ့ မိဘများထံ ဖြစ်နိုင်သမျှ အမြန်ဆုံးပြန်လာပါ။

၇၈၈။ Ashes to ashes, dust to dust.
လူ့ဘဝဆိုတာ မြေကြီးထဲကလာပြီး မြေကြီးထဲကိုပြန်သွား အဆုံးသတ်ကြရတယ်။
(Bible မှ လာသော သံဝေဂစကား)

၇၈၉။ Ask a silly question and you will get a silly answer.
ပေါက်ကရမေးရင် ပေါက်ကရအဖြေပဲရမယ်။

၇၉၀။ He is barking up the wrong tree.
သူ မဆိုင်တဲ့အပေါက်ကို ဂလိုင်နဲ့ခေါက်နေတယ်။ (မယောင်ရာဆီလူး..လို့ပြောလည်းရတယ်)
to bark up the wrong tree ဟာ အီဒီယံပါ။ အပင်မှားပြီးဟောင်နေတာတဲ့။ သူလိုက်ဖမ်းနေတဲ့ အကောင်ဟာဒီအပင်ပေါ်တက်ပြေးသွားတယ်လို့ထင်ပြီး အဲဒီအပင်ကိုကြည့်ပြီးထိုးဟောင်နေတဲ့ ခွေးကိုမြင်ယောင်ကြည့်ပါ။ တကယ်ကတော့ အကောင်လေးဟာ ဟိုဖက်ကသစ်ပင်တစ်ပင်ပေါ်ကိုခုန်ထွက်သွားတာ ခွေးကမသိဘူးလေ။

ပြောနေကျအတိုင်းထပ်ပြောလိုက်ပါရစေ......
ဝါကျလေးတွေကို အသံထွက်ပြီး ထပ်ခါထပ်ခါဖတ်။ အလွတ်ရအောင်မှတ်ကြပါ။
Thank you so much for reading. I appreciate your time and effort.
With love,
Dr.Soe Than

No comments:

Post a Comment